ကိန်း – မာရှယ် အလဲအထပ်၊ မက်ဆီ၊ ကန်တေ၊ ဆွာရက်စ် မာတီနက်ဇ်နဲ့ ယနေ့ညပိုင်း အပြောင်းအရွှေ့ သတင်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ မာရှယ်ကို အလိုက်ပေး ထည့်သွင်း ကမ်းလှမ်းဖို့ ကြံရွယ်နေပါတယ်။
အက်သလက်တီကို မက်ဒရစ် ဟာ နွေရာသီမှာ အသင်းနဲ့ လမ်းခွဲမယ့် တိုက်စစ်မှူ လူးဝ◌ဈ ဆွာရက် ရဲ့ နေရာကို အင်တာမီလန် တိုက်စစ်မှူး လူတာရို မာတီနက် နဲ့ အစားထိုးဖို့ စဉ်းစား နေတယ်လို့ သိရ ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ်မက်ဆီ အတွက် ကမ်းလှမ်း လာမှုတွေကို လာမယ့် နွေရာသီ အပြောင်း အရွှေ့ အတွင်းမှာ နားထောင် စဉ်းစား ပေးသွားဖွယ် ရှိနေတယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီရာသီအကုန်မှာ ဒေါက်ကလပ်စ် လူးဝစ်ကို ထွက်ခွာခွင့် ပြုဖို့ ရှိနေပြီး ၎င်း နေရာ အစားထိုးဖို့ အတွက် လိဒ်စ်ယူနိုက်တက်မှ ကွင်းလယ် ကြယ်ပွင့် ကယ်ဗင် ဖိလစ်စ်ကို မျက်စိကျနေပါတယ်။
အာဆင်နယ်အသင်းနဲ့ ဆိုရင် ဆုဖလားကြီးတွေ အောင်မြင်မှု ရယူဖို့ ခက်ခဲတာကြောင့် နည်းပြ အာတီတာဟာ ဒီနွေမှာ လန်ဒန်ကလပ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ နဗီးလ်က ထုတ်ဖော် သတိပေးလိုက်ပါတယ်။
ရီးရဲ မက်ဒရစ် အသင်းဟာ ဘိုင်ယန်မြုးနစ် တောင်ပံ ကစားသမားလေး ဆာ့ဂျ် ဂနာဘရီ ကို စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ်။
အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးအရ အရှုံးပေါ်နေတာကြောင့် လာမယ့် နွေမှာ ရစ်ချာလီဆန် ဒါမှမဟုတ် ကဲဗတ် လီဝင် ကို ရောင်းချပြီး ငွေဖော်ရဖို့ ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြထားပါတယ်။
နည်းပြ မော်ရင်ညိုနဲ့ ရိုးမားအသင်းဟာ တိုက်စစ်မှုး တမ်မီ အေဗရာဟမ်ရဲ့ ခြေစွမ်းကို အားရကျေနပ်နေတာကြောင့် နွေမှာ ထုတ်ရောင်းဖို့ လုံးဝ ရည်ရွယ်မထားဘူးလို့ သိရပါတယ်။ ချယ်ဆီးအသင်းဟာ ယူရို သန်း ၈ဝ နဲ့ ပြန်ဝယ်ခွင့် ရှိပေမယ့် ထိုအချက်ကလည်း ၂၀၂၃ နွေမှ အသက်ဝင်မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ချယ်ဆီးကွင်းလယ်သမား ကန်တေကို ချဉ်းကပ် ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားက ငြင်းဆန် ပယ်ချခဲ့တယ် လို့ သိရပါတယ်။ ကန်တေက မွေးရပ်မြေသို့ ပြန်နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တာပါ။
ဘာစီလိုနာ ဟာ နည်းပြ ဇာဗီ လက်ထက်မှာ ပုံစံကောင်းတွေ ပြန်ရလာတဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီ ကို စာချုပ်သစ် အတွက် ဆွေးနွေး ညှိနှိုင်း ပေးနေပြီး လိဒ် တောင်ပံ ကစားသမား ရာဖင်ညာ အား ဒမ်ဘီလီ ကို လက်လွှတ် ရမှသာ ခေါ်ယူသွားဖို့ စိတ်ကူး ထားကြောင်း သိရပါတယ်။
PSV အရန် အသင်းကို ကိုင်တွယ် နေတဲ့ နည်းပြ ရုဒ် ဗန် နစ္စတယ်ရွိုင်း ဟာ လာမယ့် ရာသီကစပြီး PSV အသင်းကြီး ရဲ့ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ် သွားတော့မှာ ဖြစ်ပြီး ၂၀၂၅ အထိ စာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့က ကြေညာသွားခဲ့ ပါတယ်။