အဆင့် ၄ လက်မလျှော့သေးတဲ့ ရန်းနစ်၊ ချဲလ်ဆီးမှာ ညံ့နေဆဲ တီမိုဝါနာနဲ့ ယနေ့ ညနေခင်း ဘောလုံး သတင်းများ
ရီးရဲမက်ဒရစ် ဟာ နွေမှာ တကယ်လို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်တိုက်စစ်မူှး ဟာလန်းကို မခေါ်နိုင်ခဲ့ဘူးဆိုရင် လိုက်ပ်ဇစ်ကြယ်ပွင့် အော်မိုကို အစားထိုးခေါ်ယူသွားဖို့ စီစဉ် နေပါတယ်။
လီဝန်ဒေါစကီးဟာ ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလာဖွယ် ရှိနေပေမယ့် ဘွန်ဒစ်လီဂါ ဂန္တဝင် တိုက်စစ်မှုးကြီး ဟာ မန်ချက်စတာ ယူနိုက်တက်သို့ ရောက်လာဖွယ်တော့ မရှိဘဲ ဘာစီလိုနာ ဒါမှမဟုတ် ပီအက်စ်ဂျီ သို့ သွားဖွယ် ရှိနေပါတယ်။
ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာရဲ့ စွမ်းဆောင်ရည် မှတ်တမ်းက တော်တော်လေး ညံ့ဖျင်းခဲ့ပါတယ်။ဝါနာဟာ ဂျာမနီမှာခြေစွမ်းပြခဲ့ပေမဲ့ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းချက် တစ်ကြိမ်မှ မပြုလုပ်နိုင်သလို ဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။
ချယ်ဆီး တိုက်စစ်မှုး ရိုမီလူ လူကာကူ ဟာ အင်တာမီလန်အသင်းထံ ပြန်လည် ပြောင်းရွှေ့နိုင်ဖို့ အင်တာ အသင်း တာဝန်ရှိသူ အကြီးအကဲတွေနဲ့ အဆက်အသွယ် ပြုလုပ်နေကြောင်း သတင်းထွက်လာပါတယ်။
ဒီရာသီ အကုန်မှာ အာဆင်နယ်နဲ့ စာချုပ်ကုန်ဆုံးပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမယ့် တိုက်စစ်မှုး လာကာဇက်ကို ဘာစီလိုနာက ခေါ်ယူလိုနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ရက်ဘူးလ် ဆဲလ်ဘတ် ဂိုးသမား ဖိလစ် ကွန် ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ဆွစ် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
မန်ယူနည်းပြ ရန်နက်က လက်စတာနဲ့ပွဲမှာ အမှတ်လျှော့ခဲ့ပေမဲ့ သူ့အနေနဲ့ အဆင့် ၄ ဝင်ခွင့်အတွက် သင်္ချာနည်းအရ ဖြစ်နိုင်သရွှေ့တော့ ကြိုးပမ်းသွားဦးမှာဖြစ်ကြောင်း၊ လာမဲ့ အဲဗာတန်နဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

တီယာနေး ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ကစားသမားကတော့ အာဆင်နယ်မှာပဲ ဆက် နေဖို့ လိုလားနေကြောင်း သိရပါတယ်။
ဝိန်း ရွန်းနီဟာ ဒါဘီအသင်းရဲ့ အနာဂတ် အတွက် ရေရာတဲ့ အစီအစဉ်တွေနဲ့ အာမခံမှုတွေ မပေးနိုင်ရင် ဒီနွေမှာ ဒါဘီ မန်နေဂျာ ရာထူးကနေ နှုတ်ထွက်ဖွယ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ့ဘာကို နောက်ထပ် ကာလရှည် သက်တမ်းတိုး စာချုပ်သစ် မကမ်းလှမ်းခင် မန်နေဂျာသစ်ကို အရင် ခန့်အပ်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း သိရပါတယ်။