ကွန်တီ၊ ပါရီဆစ်၊ ပေါ့ဘာ၊ ရူဒီဂါတို့နဲ့ အင်္ဂါနေ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းတိုများ
ကွန်တီက မန်ချက်စတာ ယူနိုက်တက်ကို လက်မခံလိုပေမယ့် မန်ယူအသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ထိ ရည်မှန်းထားရင်တော့ အသင်း မန်နေဂျာ အဖြစ် လက်ခံဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။
လက်စတာကွင်းလယ်လူ မက်ဒီဆန်က လက်ရှိအချိန်ဟာ သူ့ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးကာလတွေဖြစ်ကြောင်း၊ သူ့အနေနဲ့ နည်းပြရော်ဂျာနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းနေခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက်ကြား သက်တမ်းတိုး စာချုပ် ဆွေးနွေးမှုကို အေးဂျင့် ရွိုင်းအိုလာက ဧပြီလထိ ဆိုင်းငံ့ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ စပိန်ဘက်က သတင်းတွေ အရ ရီးရဲလ်မက်ဒရစ်ဟာ ဒီအခြေအနေ ကို အခွင့်ကောင်းယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က နောက်ခံလူ ရူဒီဂါအနေနဲ့ ဘိုင်ယန်ကိုပြောင်းရွှေ့သွားမှာ စိုးရိမ်မှု ရှိသလားလို့ အမေးခံခဲ့ရာမှာတော့ သူ့အနေနဲ့ ရူဒီဂါနဲ့ပတ်သက်ပြီး စိုးရိမ်မှု မရှိကြောင်း၊ ရူဒီဂါအနေနဲ့ သူ မှန်တယ် ထင်တာကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

စီးရီးအေကလပ် ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ရီးရဲကွင်းဘယ်လူ စီဘယ်လော့ကို ခေါ်ယူလိုနေကြောင်း El Nacional က ဖော်ပြထားပါတယ်။ ရီးရဲကတော့ သူတို့ရဲ့ကွင်းလယ်လူအတွက် ယူရိုသန်း ၂၀ အလိုရှိနေကြေငာ်း သိရပါတယ်။
လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ဟာ လိုက်ပ်ဇစ်နောက်ခံလူ မူခီလီကို ခေါ်ယူဖို့ ပစ်မှတ်ထား ်နေပါတယ်။ မူခီလီဟာ လိုက်ပဇစ်နဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးမြှင့်လိုခြင်း မရှိပါဘူး။
အဲဗာတန်နဲ့ ဝက်စ်ဟမ်း အသင်းတို့ဟာ အင်တာမီလန်မှ ခရိုအေးရှားသား တောင်ပံ တိုက်စစ်သမား ပါရီဆစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
လီဗာပူးတိုက်စစ်မှူးဆာလာ အနေနဲ့ စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းအထိ အလိုရှိနေတယ် လို့ သတင်းထွက်နေပါတယ်။ ဆာလာရဲ့ စာချုပ်ဟာ ၂၀၂၃ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နည်းပြကလော့ကတော့ ဆာလတ်ကို အမြန်ဆုံး သက်တမ်းတိုးဖို့ အသင်းထံ ဖိအားပေးထားပါတယ်။

မန်ယူမှာ ၁နှစ်ခွဲ ကစားခဲ့ဖူးတဲ့ ဂျာမနီကစားသမားဟောင်း ရှဝိုင်းစတိုင်ဂါက မန်ယူကို ရောက်တုန်းက ဂိုးသမား ဒီဂီယာက နူအာနဲ့ သူ့အကြား ဘယ်သူက ပိုကောင်းသလဲလို့ မေးခဲ့ကြောင်း၊ ဒီအခါ နူအာက ပိုကောင်းတယ်လို့ ပြောလိုက်တဲ့အခါ ဒီဂီယာအနေနဲ့ ဒေါသထွက်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဂိုးသမား ရမ်ဒေးလ်က သူ့အနေနဲ့ အင်္ဂလန်အသင်းရဲ့ နံပါတ်တစ် ဦးစားပေး ဂိုးသမားဖြစ်လာဖို့ ပစ်မှတ်ထားလျက် ရှိနေကြောင်း၊ သူ့အနေနဲ့ကစားသမားဘဝရဲ့ အကောင်းဆုံး အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားလျက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းမှာ ဦးစားပေး ဂိုးသမားနေရာကို လက်လွှတ်ထားရတဲ့ ကီပါကို အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်က ခေါ်ယူဖို့ မျက်စိကျနေပါတယ်။