ယူနိုက်တက်နည်းပြအဖြစ် ဆိုးလ်ရှားရဲ့နေရာကို အစားဝင်လာနိုင်တဲ့ နည်းပြ (၆) ဦး
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူအင်အား ဖြည့်တင်းမှုအပိုင်းကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေဟာ စပါးအသင်းနဲ့ပွဲစဉ် မတိုင်မီ နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ အလေးအနက်ထား ဆွေးနွေးနေကြပါပြီ။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတဲ့ ထိပ်သီးနည်းပြ များစွာ ရှိနေပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ၊ လက်စတာနည်းပြ ရော်ဂျာ ၊ အေဂျက်နည်းပြ တန်ဟက်တို့လို ကိုင်တွယ်နေဆဲ အသင်း ရှိတဲ့ နည်းပြတွေကတောင် မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်နေပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူအင်အား ဖြည့်တင်းမှုအပိုင်းကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေ ကတော့ ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖူးတဲ့ ကွန်တီကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေပါတယ်။

တဖက်မှာလည်း ကွန်တီဟာ သူ့ရဲ့ သံမဏိစည်းမျဉ်း ဖြစ်တဲ့ အသင်းတသင်းကို ရာသီအစ ကနေသာ ကိုင်တွယ်မယ် ဆိုတဲ့ စည်းမျဉ်းကို ပယ်ဖျက်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ အလွန်အမင်း စိတ်ဝင်စားနေပါတယ်။
ဆိုးလ်ရှားကတော့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထုတ်ပယ်ခံရပါက နောက်ထပ် ကလပ်အသင်း တသင်းကို ထပ်မံ ကိုင်တွယ်ဖို့ ဆန္ဒမရှိသေးပဲ နော်ဝေလက်ရွေးစင်အသင်းကိုသာ ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ဆိုးလ်ရှားနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။
ဆိုးလ်ရှားရဲ့နေရာကို အစားဝင်နိုင်တဲ့ နည်းပြစာရင်း
၁။ ကွန်တီ
၂။ ဇီဒန်း
၃။ ပိုချက်တီနို
၄။ ဘရန်ဒန် ရော်ဂျာ
၅။ တန်ဟက်
၆။ ဖလက်ချာ