ဒီည အဲဗာတန်ကို မန်ယူ မနိုင်ဘူး လို့ ဟောကိန်းထုတ်ထားတဲ့ မိုက်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်
ဒီည ယှဉ်ပြိုင်ကြမယ့် အဲဗာတန် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲအတွက် မန်ယူ တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်က သုံးသပ်ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ အိုဝင်က သူ့အသင်းဟောင်း မန်ယူကို မနိုင်ဘူး လို့ ဟောကိန်း ထုတ်ထားတာပါ။
အိုဝင်က ” ဗုဒ္ဓဟူးနေ့က ဘန်လေကို ရှုံးနိမ့်ခဲ့ခြင်းဟာ တကယ့်ကို ကပ်ဆိုးပါပဲ။ ဒီအချိန်မှာ ဖိအားတွေ များနေတဲ့ ကလပ်ရဲ့ အနေအထားက ကောင်းနေမှာတော့ မဟုတ်ပါဘူး။ လမ်းပတ် အနေနဲ့ ကြီးမားတဲ့ အလုပ်ကို ကိုင်တွယ်သွားရမှာပါ။
ကျွန်တော် ပြောခဲ့ဖူးတဲ့အတိုင်းပဲ ဂွတ်ဒီဆင်ပက်ဟာ ဒီရာသီ အဲဗာတန်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားမယ်လို့ပါ။ သူတို့ဟာ အိမ်ကွင်းမှာ တက်နိုင်သမျှ အမှတ်တွေ ရယူသွားဖို့ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ယူနိုက်တက်တို့ အိမ်ကွင်းမှာ လက်စတာနဲ့ သရေကျခဲ့ခြင်းဟာ အံ့အားသင့်စရာတော့ မရှိပါဘူး။ သူတို့ဟာ ခြေစွမ်း တအားကို မတည်ငြိမ်တဲ့ အသင်း ဖြစ်ပြီး ဒီရာသီကတော့ သူတို့အတွက် အခြေအနေ မကောင်းနိုင်လောက်ပါဘူး။
မန်ယူမှာ အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေ ရှိနေပေမယ့် သွင်းဂိုးတွေ နည်းနေတာကလည်း စိတ်ပူစရာပါ။ ဒီလို လူအင်အားနဲ့ ဒီလိုမျိုး မဖြစ်သင့်ပါဘူး။ အိမ်ကွင်းပရိတ်သတ်တွေ ကတော့ ဒီပွဲအတွက် အားခဲနေမှာပါ။
ပရိတ်သတ်တွေဟာ သူတို့ရဲ့ အသင်း ဘယ်လောက် ဒုက္ခရောက်နေသလဲဆိုတာ သိကြပါတယ်။ ဂွတ်ဒီဆင်ဟာ ပရိတ်သတ်အားကြောင့် အဝေး အသင်းတွေ အတွက် ခက်ခဲတဲ့ နေရာပါ။ ကျွန်တော်ကတော့ သရေပွဲလို့ ရွေးချယ်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းထားတဲ့ ပွဲ ရလဒ်ကတော့ အဲဗာတန် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။