မိုက်ကယ်အိုဝင်ရဲ့ ချန်ပီယံလိဂ် ကွာတား ဒုကျောပွဲစဉ်တွေ အတွက် သုံးသပ်ခန့်မှန်းချက်တွေ ထွက်ပါပြီ
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ဒီတစ်ပတ် ကြားရက်မှာ ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေအတွက် ဘောလုံးပွဲခန့်မှန်း ဆရာတစ်ဆူဖြစ်တဲ့ တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အက်သလက်တီကို Vs မန်စီးတီး
ဒီပွဲစဉ်ကို ကျွန်တော် စောင့်မျှော်နေတာပါ။ မန်ချက်စတာမှာတုန်းက အနိုင်၊ အရှုံးမပြတ်သားခဲ့တဲ့ ၁-၀ နဲ့ပဲ ရှုံးခဲ့တာက အက်သလက်အတွက် မဆိုးရွားတဲ့ရလဒ်ပါ။ ဒီပွဲမှာတော့ သူတို့အနေနဲ့ ပြင်းထန်စွာတိုက်ပွဲဝင်လာမှာဖြစ်ပြီး ပရိသတ်တွေရဲ့ အခြေအနေကလည်း အံ့အားသင့်ဖွယ် ကောင်းနေသင့်ပါတယ်။
အက်သလက်တီကိုရဲ့ တိုက်စစ်ဖွင့်ကစားမဲ့ အခြေအနေက မန်စီးတီးတို့ အကြိုက်တွေ့နိုင်ပြီး နှစ်ဂိုးလောက် သွင်းယူနိုင်မယ်လု့ိ မြင်မိပါတယ်။ မန်စီးတီးအနေနဲ့ ၂-၁ ဂိုးလောက်နဲ့ အနိုင်ရရှိသွားမယ်လို့ မြင်မိပါတယ်။
ခန့်မှန်းချက် – အက်သလက် ၁-၂ မန်စီးတီး

လီဗာပူး Vs ဘင်ဖီကာ
အန်ဖီးလ်မှာတော့ လီဗာပူးအတွက် သာသာယာယာဖြစ်သင့်တဲ့ညတစ်ညပါ။ လစ္စဘွန်းမှာတုန်းက ဘင်ဖီကာဟာ ပြဿနာ ဖန်တီးနိုင်ခဲ့ပေမဲ့ လီဗာပူးကတော့ နှစ်ဂိုးပြတ်အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ဒါဝင်နူနက်ဇ်တို့ ကြိုက်နှစ်သက်ပေမဲ့ သူတို့ဟာ အန်ဖီးလ်မှာတော့ ဒုက္ခပေးနိုင်မယ် မထင်ပါဘူး။ လီဗာပူး ၂-၀ ဂိုးနဲ့ နိုင်သွားမှာပါ။
ခန့်မှန်းချက် – လီဗာပူး ၂-၀ ဘင်ဖီကာ
ဘိုင်ယန်မြူးနစ် Vs ဗီလာရီးရဲ
စပိန်မြေမှာ ဗီလာရီးရဲအတွက် ဘယ်လောက်ကောင်းတဲ့ရလဒ်ထွက်ခဲ့တာပါလိမ့်။ ဘယ်လိုပဲြဖြစ်ဖြစ် သူတို့အနေနဲ့ ဒီထက်ပိုပြီး အနိုင်ပြတ်သားခဲ့သင့်တာပါ။ ဗီလာရီးရဲအနေနဲ့ စပိန်မြေမှာ အခွင့်အရေးကောင်းတချို့ဆုံးရှုံးခဲ့တာကို နောင်တရနေမိတော့မှာ ကျွန်တော် စိုးရိမ်မိပါတယ်။
ဘိုင်ယန်ဟာ အိမ်ကွင်းမှာတော့ ခြားနားတဲ့သားရဲတစ်ကောင်ဖြစ်ပြီး ပြီးခဲ့တဲ့အဆင့်မှာလည်း ဆောဘတ်ကို အိမ်ကွင်းမှာ အကောင်းဆုံးဖျက်ဆီးပစ်ခဲ့တာပါ။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ကိုပဲ နှစ်သက်မိပြီး ၂-၀ ဂိုးလောက်နဲ့အနိုင်ရရှိသွားမှာပါ။
ခန့်မှန်းချက် – ဘိုင်ယန်မြူးနစ် ၂-၀ ဗီလာရီးရဲ

ရီးရဲမက်ဒရစ် Vs ချဲလ်ဆီး
လန်ဒန်မှာတုန်းက ရီးရဲမက်ဒရစ်အနေနဲ့ ခမ်းနားတဲ့ရလဒ် ဖော်ဆောင်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပြောရမဲ့ တစ်ဦးတည်းသော ကစားသမားအကြောင်းက ဘန်ဇီမာပါပဲ။ ဘန်ဇီမာရဲ့ပုံစံက သူ့ကစားသမားဘဝမှာ အကောင်းဆုံး ပုံစံကို ရရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ စတမ်းဖို့ဘရစ်ချ်မှာတုန်းက အခွင့်အရေးတွေ ရရှိခဲ့ပြီး ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သင့်တာပါ။ မက်ဒရစ်မှာ ချဲလ်ဆီးတို့ ဂိုးသွင်းနိုင်မှာဖြစ်ပေမဲ့ ရီးရဲကလည်းအတွေ့အကြုံရင့်ကျက်နေတဲ့အသင်းပါ။ ၁-၁ ပါပဲ။
ခန့်မှန်းချက် – ရီးရဲမက်ဒရစ် ၁-၁ ချဲလ်ဆီး