ဘလွန်းဒီအော ရေပန်းစားသူ ၅ဦး၊ လူကာကူနဲ့ ပီအက်စ်ဂျီ၊ နူနက်ဇ် ယူရို သန်း ၈ဝနဲ့ အပြောင်းအရွှေ့ သတင်းများ
ပြင်သစ် သတင်းစာတွေက ၂၀၂၂ အတွက် ဘလွန်းဒီအော ဆု ရနိုင်မယ့် ရေပန်းစားသူ ၅ ဦးကို ရွေးထုတ် ဖော်ပြခဲ့ကြရာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ အထူးခြေစွမ်းပြနေတဲ့ ဘန်ဇီမာ အပြင် ဒီဘရိုင်း၊ ဆာဒီယို မာနေး၊ လီဝန်ဒေါစကီးနဲ့ အမ်ဘတ်ပီ တို့ ဖြစ်ကြပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ချယ်ဆီး တိုက်စစ်မှုး ရိုမီလူ လူကာကူ ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ထားကြောင်း နောက်ဆုံး သတင်းတွေမှာ ဖော်ပြထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူနက်ဇ် ကို ခေါ်ယူဖို့ အေးဂျင့် ဖြစ်သူနဲ့ ချိတ်ဆက် ဆွေးနွေးနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။

ဘင်ဖီကာက ၎င်းတို့ ကြယ်ပွင့် တိုက်စစ်မှုး နူနက်ဇ် အတွက် ယူရို သန်း ၈ဝ ထိ အလိုရှိနေပါတယ်။ နူနက်ဇ် ကို အာဆင်နယ်ကလည်း ပစ်မှတ်ထားနေပါတယ်။
ချယ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှု တင်သွင်းကြမယ့် အဖွဲ့ ၄ ခု လုံးကို ဗြိတိန် အစိုးရက စစ်ဆေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
အူဒီးနိစ်အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ အာဆင်နယ် ဗဟိုခံစစ်မှုး ပက်ဘလို မာရီကတော့ ရာသီကုန်ရင် အာဆင်နယ် သို့ ပြန် မသွားချင်သေးကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဂျူဗင်တပ် ထက် လက်ဦးမှု ရယူဖို့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှုး မိုရာတာ အား ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ မိုရာတာက ဂျူဗင်တပ်မှာ လက်ရှိ အငှား ကစားနေသူပါ။