ယူရို ၂၀၂၀ မွာ စီးတီးၾကယ္ပြင့္ ဖိုဒန္က အဂၤလန္နဲ႕ အတူ ေျခစြမ္းျပမယ္လို႔ ေဟာကိန္းထုတ္မႈ

ဖိုဒန္ဟာ မန္စီးတီးမွာ အေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္ၿပီး ဒီေႏြရာသီမွာ အဂၤလန္အတြက္ ေျခစြမ္းျပ ကစားႏိုင္မယ္လို႔ မီကာရစ္ခ်က္က ေျပာဆိုထားပါတယ္။ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္သို႔ ေရာက္ရွိခဲ့မႈႏွင့္ ပရီးမီးယားလိဂ္ဖလားရရွိခဲ့မႈတြင္ ဖိုဒန္က ေျခစြမ္းျပ ကစားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ႏွစ္အ႐ြယ္ ကစားသမားရဲ႕ေျခစြမ္းျပသမႈေတြေၾကာင့္ PFA တစ္ႏွစ္တာ အေကာင္းဆုံး လူငယ္ကစား သမားဆုႏွင့္ ပရီးမီးယားလိဂ္ရဲ႕လူငယ္ကစားသမားဆုေတြကို ရရွိခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက မန္စီးတီး အတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၅၀ အထိကစားေပးခဲ့ၿပီး ေႏြရာသီမွာကစားမည့္ ယူ႐ို ၂၀၂၀ မွာ ေတာ့ ဖိုဒန္ဟာ ႏိုင္ငံ့လက္ေ႐ြးစင္အသင္းရဲ႕ အဓိက ေနရာမွာ ကစားသြားဖို႔ ေမွ်ာ္လင့္လို႔ရကာ တနဂၤေႏြေန႔မွာေတာ့ အဂၤလန္ဟာ အုပ္စု D ရဲ႕ အဖြင့္ပြဲစဥ္အျဖစ္ ခ႐ိုေအးရွားႏွင့္ ကစားရမွာျဖစ္ပါတယ္။

မန္စီးတီးရဲ႕ သံတမန္လည္းျဖစ္ ေဘာလုံးေဝဖန္သူလည္းျဖစ္တဲ့ ရစ္ခ်က္က “ဖိုဒန္က အျခားသူေတြထင္ထားတာ ထက္ကို ပိုေကာင္းပါတယ္”လို႔ ေျပာထားပါတယ္။ “လြန္ခဲ့တဲ့ ၁၈လေလာက္ကတည္းက ကြၽန္ေတာ္က သူ႔အေၾကာင္းေတြးေနတာပါ။ ကြၽန္ေတာ္ မန္စီးတီးအေၾကာင္း ေျပာတဲ့အခါတိုင္း ကြၽန္ေတာ္ဟာ စီးတီးအေၾကာင္းကိုပဲ ေျပာတယ္လို႔ ပရိသတ္ေတြကထင္ေနၾကပါတယ္၊ ဒါကို ေတာ့ ကြၽန္ေတာ္ သတိထားရမွာပါ”

“ကံေကာင္းစြာျဖင့္ပဲ သူ႔ရဲ႕ေလးက်င့္မႈေတြကို ၾကည့္ခဲ့ရၿပီး ေလ့က်င့္ေရးမွာလည္း သူက အျခားကစားသမားေတြ ထက္ကို ပိုၿပီးေကာင္းမြန္ေနပါတယ္”“သူက အရမ္းကိုေကာင္းကို ဘယ္ေနရာမဆိုကစားႏိုင္ပါတယ္၊ နံပါတ္ ၁၀ အက်ႌကေတာ့ သူနဲ႔အလိုက္ဖက္ဆုံးပါ ဒီ့ထက္ေကာင္းတဲ့နံပါတ္ ၁၀ ကိုေတာ့ ရမွာေတာ့မဟုတ္ပါဘူး”လို႔ ရစ္ခ်က္က ေျပာပါတယ္။

အဂၤလန္ကစားသမားေဟာင္းျဖစ္သူ လိုင္ကာကလည္း အဲ့ဒီေျပာစကားေတြကို သေဘာတူညီခဲ့တာျဖစ္ၿပီး ဖိုဒန္ရဲ႕ ေနရာစုံမွာ ကစားႏိုင္မႈက ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးမွာ ေဆာက္ဂိတ္အတြက္ ဗ်ဴဟာပိုင္းအရ ေ႐ြးခ်ယ္မႈေတြ မ်ားေစမွာလည္း ျဖစ္ပါတယ္။

“သူ႔ရဲ႕ေျခေယာင္ျပမႈေတြ၊ လႈပ္ရွားမႈေတြက အရမ္းျမန္ပါတယ္။ အဲ့ဒီခ်က္ေတြေၾကာင့္သူက False Nine ေနရာမွာ လည္း ကစားႏိုင္ပါတယ္။ ညာဘက္မွာဆိုရင္ အရမ္းကိုေကင္းမြန္ၿပီး ညာဘက္မွာဆိုရင္ သူ႔ကို ကြၽန္ေတာ္ သေဘာ က်မိပါတယ္” လို႔ လိုင္ကာက ေျပာပါတယ္။

လိုင္ကာက စိတ္လႈပ္ရွားဖြယ္ရာေကာင္းတဲ့ ကစားပုံကို ေျပာျပထားေသာ္လည္း ခံစစ္အတြက္ စိုးရိမ္ေနတဲ့ နည္းျပ ေဆာက္ဂိတ္ကေတာ့ ကြင္းလယ္မွာ အထိုင္ကစားသမားႏွစ္ဦးကို ေ႐ြးခ်ယ္သြားဖို႔ရွိေနပါတယ္လို႔ BBC ရဲ႕ အားကစားေဝဖန္သူ အလန္ရွီးယားက ေျပာပါတယ္။ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြရွိခဲ့ေသာ္လည္း ၿပီးခဲ့တဲ့ ၂ႏွစ္မွာကတည္းက အဂၤလန္နည္းျပေဆာက္ဂိတ္ဟာ ကြင္းလယ္အထိုင္ကစားသမား ၂ဦးျဖင့္ ကစားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနရာအတြက္ ဒီကလန္႐ိုက္စ္၊ ဟန္ဒါဆင္၊ ဖီးလစ္တို႔ကေတာ့ ေ႐ြးခ်ယ္ဖြယ္ရွိတဲ့သူေတြျဖစ္ၿပီး ကြင္းလယ္ တိုက္စစ္အတြက္ကေတာ့ ေမဆြန္ေမာင့္၊ ဖိုဒန္၊ ဂရီးလစ္ခ်္ႏွင့္ လူငယ္ကစားသမားျဖစ္သူ ဘယ္လင္ဂမ္တို႔ကေတာ့ ေ႐ြးခ်ယ္ဖြယ္ရွိတဲ့သူေတြျဖစ္ပါတယ္။

Unicode

ဖိုဒန်ဟာ မန်စီးတီးမှာ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ဒီနွေရာသီမှာ အင်္ဂလန်အတွက် ခြေစွမ်းပြ ကစားနိုင်မယ်လို့ မီကာရစ်ချက်က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်သို့ ရောက်ရှိခဲ့မှုနှင့် ပရီးမီးယားလိဂ်ဖလားရရှိခဲ့မှုတွင် ဖိုဒန်က ခြေစွမ်းပြ ကစားခဲ့တာဖြစ်ပါတယ်။

အသက် ၂၁နှစ်အရွယ် ကစားသမားရဲ့ခြေစွမ်းပြသမှုတွေကြောင့် PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစား သမားဆုနှင့် ပရီးမီးယားလိဂ်ရဲ့လူငယ်ကစားသမားဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီး အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိကစားပေးခဲ့ပြီး နွေရာသီမှာကစားမည့် ယူရို ၂၀၂၀ မှာ တော့ ဖိုဒန်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ အဓိက နေရာမှာ ကစားသွားဖို့ မျှော်လင့်လို့ရကာ တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်ဟာ အုပ်စု D ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားနှင့် ကစားရမှာဖြစ်ပါတယ်။

မန်စီးတီးရဲ့ သံတမန်လည်းဖြစ် ဘောလုံးဝေဖန်သူလည်းဖြစ်တဲ့ ရစ်ချက်က “ဖိုဒန်က အခြားသူတွေထင်ထားတာ ထက်ကို ပိုကောင်းပါတယ်”လို့ ပြောထားပါတယ်။ “လွန်ခဲ့တဲ့ ၁၈လလောက်ကတည်းက ကျွန်တော်က သူ့အကြောင်းတွေးနေတာပါ။ ကျွန်တော် မန်စီးတီးအကြောင်း ပြောတဲ့အခါတိုင်း ကျွန်တော်ဟာ စီးတီးအကြောင်းကိုပဲ ပြောတယ်လို့ ပရိသတ်တွေကထင်နေကြပါတယ်၊ ဒါကို တော့ ကျွန်တော် သတိထားရမှာပါ”

“ကံကောင်းစွာဖြင့်ပဲ သူ့ရဲ့လေးကျင့်မှုတွေကို ကြည့်ခဲ့ရပြီး လေ့ကျင့်ရေးမှာလည်း သူက အခြားကစားသမားတွေ ထက်ကို ပိုပြီးကောင်းမွန်နေပါတယ်”“သူက အရမ်းကိုကောင်းကို ဘယ်နေရာမဆိုကစားနိုင်ပါတယ်၊ နံပါတ် ၁၀ အင်္ကျီကတော့ သူနဲ့အလိုက်ဖက်ဆုံးပါ ဒီ့ထက်ကောင်းတဲ့နံပါတ် ၁၀ ကိုတော့ ရမှာတော့မဟုတ်ပါဘူး”လို့ ရစ်ချက်က ပြောပါတယ်။

အင်္ဂလန်ကစားသမားဟောင်းဖြစ်သူ လိုင်ကာကလည်း အဲ့ဒီပြောစကားတွေကို သဘောတူညီခဲ့တာဖြစ်ပြီး ဖိုဒန်ရဲ့ နေရာစုံမှာ ကစားနိုင်မှုက ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက်လုံးမှာ ဆောက်ဂိတ်အတွက် ဗျူဟာပိုင်းအရ ရွေးချယ်မှုတွေ များစေမှာလည်း ဖြစ်ပါတယ်။

“သူ့ရဲ့ခြေယောင်ပြမှုတွေ၊ လှုပ်ရှားမှုတွေက အရမ်းမြန်ပါတယ်။ အဲ့ဒီချက်တွေကြောင့်သူက False Nine နေရာမှာ လည်း ကစားနိုင်ပါတယ်။ ညာဘက်မှာဆိုရင် အရမ်းကိုကေင်းမွန်ပြီး ညာဘက်မှာဆိုရင် သူ့ကို ကျွန်တော် သဘော ကျမိပါတယ်” လို့ လိုင်ကာက ပြောပါတယ်။

လိုင်ကာက စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ကစားပုံကို ပြောပြထားသော်လည်း ခံစစ်အတွက် စိုးရိမ်နေတဲ့ နည်းပြ ဆောက်ဂိတ်ကတော့ ကွင်းလယ်မှာ အထိုင်ကစားသမားနှစ်ဦးကို ရွေးချယ်သွားဖို့ရှိနေပါတယ်လို့ BBC ရဲ့ အားကစားဝေဖန်သူ အလန်ရှီးယားက ပြောပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေရှိခဲ့သော်လည်း ပြီးခဲ့တဲ့ ၂နှစ်မှာကတည်းက အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ကွင်းလယ်အထိုင်ကစားသမား ၂ဦးဖြင့် ကစားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေရာအတွက် ဒီကလန်ရိုက်စ်၊ ဟန်ဒါဆင်၊ ဖီးလစ်တို့ကတော့ ရွေးချယ်ဖွယ်ရှိတဲ့သူတွေဖြစ်ပြီး ကွင်းလယ် တိုက်စစ်အတွက်ကတော့ မေဆွန်မောင့်၊ ဖိုဒန်၊ ဂရီးလစ်ချ်နှင့် လူငယ်ကစားသမားဖြစ်သူ ဘယ်လင်ဂမ်တို့ကတော့ ရွေးချယ်ဖွယ်ရှိတဲ့သူတွေဖြစ်ပါတယ်။