ဒီည မန်ယူ အရှုံးလို့ မှန်းထားတဲ့ မိုက်ကယ်အိုဝင်ရဲ့ ဘရိုက်တန်နဲ့ မန်ယူနိုက်တက် ပွဲ သုံးသပ်ခန့်မှန်း
ဒီည ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မေလ ၇ ရက်၊ စနေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဧပြီလမှာ ဘရိုက်တန်ရဲ့ ရလဒ်တွေ ပုံစံတွေက သိပ်ကောင်းပါတယ်။ အာဆင်နယ်၊ စပါး၊ ဝုဗ်တို့နဲ့ အဝေးကွင်း ရင်ဆိုင်ကစားရာမှာပေါ့။ သူတို့တွေက အင်္ဂလန်လိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းဆိုတာကို သူတို့ဘာသာပဲ ပြသထားနိုင်ပါတယ်။
ဒီအပတ်မှာ ကျနေ်ာတို့ ဘယ်လို ယူနိုက်တက်ကို မြင်ရမယ်ဆိုတာကို မသိပါဘူး။ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်တုန်းကတော့ သူတို့ ကစားတာ သိပ်ကောင်းပါတယ်။ ရော်နယ်ဒိုက ဘောလုံးရာသီကို အကောင်းဆုံး အဆုံးသတ်နေပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက် ဂိုးသွင်းထားပါတယ်။
ဒီပွဲမှာ ရော်နယ်ဒို ဂိုးသွင်းဦးမယ်ဆိုရင် ကျနော်ကတော့ မအံ့သြပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ဘရိုက်တန် အနိုင်ရမယ်လို့ပဲ ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားခဲ့တာပါ။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ဘရိုက်တန် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

ZG
ဒီည ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၆ မွာ မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဘ႐ိုက္တန္ အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပါ။ ဒီႏွစ္သင္းဟာ ေမလ ၇ ရက္၊ စေနေန႔ ည ၁၁ နာရီမွာ ယွဥ္ၿပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။
နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္က ဘ႐ိုက္တန္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ တို႔ ပြဲစဥ္ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။
” ဧၿပီလမွာ ဘ႐ိုက္တန္ရဲ႕ ရလဒ္ေတြ ပုံစံေတြက သိပ္ေကာင္းပါတယ္။ အာဆင္နယ္၊ စပါး၊ ဝုဗ္တို႔နဲ႔ အေဝးကြင္း ရင္ဆိုင္ကစားရာမွာေပါ့။ သူတို႔ေတြက အဂၤလန္လိဂ္ရဲ႕ အေကာင္းဆုံးေတြထဲက တစ္သင္းဆိုတာကို သူတို႔ဘာသာပဲ ျပသထားႏိုင္ပါတယ္။
ဒီအပတ္မွာ က်ေန္ာတို႔ ဘယ္လို ယူႏိုက္တက္ကို ျမင္ရမယ္ဆိုတာကို မသိပါဘူး။ ဘရန႔္ဖိုဒ့္ကို ရင္ဆိုင္တုန္းကေတာ့ သူတို႔ ကစားတာ သိပ္ေကာင္းပါတယ္။ ေရာ္နယ္ဒိုက ေဘာလုံးရာသီကို အေကာင္းဆုံး အဆုံးသတ္ေနၿပီး ေနာက္ဆုံး ၃ ပြဲ ဆက္တိုက္ ဂိုးသြင္းထားပါတယ္။
ဒီပြဲမွာ ေရာ္နယ္ဒို ဂိုးသြင္းဦးမယ္ဆိုရင္ က်ေနာ္ကေတာ့ မအံ့ၾသပါဘူး။ ဒါေပမယ့္ ဒီပြဲမွာ ဘ႐ိုက္တန္ အႏိုင္ရမယ္လို႔ပဲ ထင္ပါတယ္။ ” လို႔ အိုဝင္က သုံးသပ္ထားခဲ့တာပါ။
မိုက္ကယ္အိုဝင္ ခန႔္မွန္းရလဒ္ ကေတာ့ ဘ႐ိုက္တန္ ၂-၁ မန္ခ်က္စတာ ယူႏိုက္တက္ ျဖစ္ပါတယ္။