မန်ယူကစားသမားတွေကို ရာသီကြိုမှာ စောခေါ်ပြီး အပီ မောင်းဖို့ ပြင်ဆင်လာတဲ့ နည်းပြသစ် တန်ဟက်
နောက်ရာသီကနေ စတင် ကိုင်တွယ်မယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဟာ ယူနိုက်တက် ကစားသမားတွေကို ရာသီကြို လေ့ကျင့်ခန်း ၂ပတ်စောပြီး ကြိုဆင်းဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
နည်းပြသစ် တန်ဟက်ဟာ လာမယ့်ရာသီ သူ ကစားချင်တဲ့ စတိုင်အတွက် ကစားသမားတွေ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိစေဖို့ ၂ပတ်စောပြီး ခေါ်ခဲ့တာလို့လည်း ဆိုပါတယ်။
ပုံမှန်အတိုင်း ဆိုရင် မန် ယူနိုက်တက် ကစားသမားတွေဟာ ဇူလိုင်လ ၄ရက်နေ့မှာ လေ့ကျင့်ခန်းအစီအစဉ်ကို ပြန်လာရမှာ ဖြစ်ပေမယ့် တန်ဟက် စီစဉ်မှုအရ ယခုအချိန်မှာတော့ ပရီးမီးယားလိဂ်ရာသီသစ် မစခင် အသင်းကို ပုံဖော်ဖို့အတွက် ဇွန်လ ၂၀ရက်နေ့ကတည်းက အသင်းကို သတင်းပို့ရဖို့ ရှိနေပါတယ်။

Mirror သတင်းဌာန ရဲ့ ဖော်ပြချက်အရ တန်ဟက်ဟာ ယူနိုက်တက်ပွဲစဉ်အနည်းငယ်ကို ကြည့်ရှုခဲ့ပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ် အားရကျေနပ်ခြင်း မရှိဘူးလို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ယခုနှစ်ရာသီ ကျရှုံးမှုတွေဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့်လို့ နယ်သာလန်သားက ယုံကြည်နေပြီး ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ယူဆနေပါတယ်။
အသက် ၅၂နှစ် အရွယ် နည်းပြ တန်ဟက် ဟာ မော်ဒန်နည်းပြတွေလိုပဲ ကြံ့ခိုင်မှုအားကို မိနစ်၉၀စလုံး အသုံးပြုဖို့လိုတဲ့ pressing ကစားပုံကို အသုံးပြုသူ တစ်ဦးပဲ ဖြစ်ပါတယ်။ တန်ဟက်ဟာ အေဂျက်စ်အသင်းကို နယ်သာလန်လိဂ်ဖလား ၃ကြိမ်ဆက် ဆွတ်ခူးစေခဲ့ပြီးနောက် ယခုအပတ်အတွင်း ယူနိုက်တက် ကစားသမားတွေနဲ့ zoom ကနေ တွေ့ဆုံဖို့ ရှိနေပါတယ်။
နည်းပြ တန်ဟက် ပထမဆုံးကိုင်တွယ်ရမယ့် ပွဲစဉ် ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းထဲမှာ ကျင်းပမယ့် လီဗာပူးနဲ့ ခြေစွမ်းပွဲပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ လက်ကျန် တစ်ပွဲ ကစားဖို့သေးပေမဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ အတွက် မျှော်လင့်စရာမရှိတော့တာကြောင့် လာမယ့်ရာသီအတွက် စတင်ပြင်ဆင်နေခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi
ေနာက္ရာသီကေန စတင္ ကိုင္တြယ္မယ့္ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပသစ္ အဲရစ္ တန္ဟက္ဟာ ယူႏိုက္တက္ ကစားသမားေတြကို ရာသီႀကိဳ ေလ့က်င့္ခန္း ၂ပတ္ေစာၿပီး ႀကိဳဆင္းဖို႔ ၫႊန္ၾကားထားေၾကာင္း သိရပါတယ္။
နည္းျပသစ္ တန္ဟက္ဟာ လာမယ့္ရာသီ သူ ကစားခ်င္တဲ့ စတိုင္အတြက္ ကစားသမားေတြ လုံေလာက္တဲ့ ႀကံ့ခိုင္မႈ ရွိေစဖို႔ ၂ပတ္ေစာၿပီး ေခၚခဲ့တာလို႔လည္း ဆိုပါတယ္။
ပံုမွန္အတိုင္း ဆိုရင္ မန္ ယူႏိုက္တက္ ကစားသမားေတြဟာ ဇူလိုင္လ ၄ရက္ေန႔မွာ ေလ့က်င့္ခန္းအစီအစဥ္ကို ျပန္လာရမွာ ျဖစ္ေပမယ့္ တန္ဟက္ စီစဥ္မႈအရ ယခုအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ရာသီသစ္ မစခင္ အသင္းကို ပုံေဖာ္ဖို႔အတြက္ ဇြန္လ ၂၀ရက္ေန႔ကတည္းက အသင္းကို သတင္းပို႔ရဖို႔ ရွိေနပါတယ္။
Mirror သတင္းဌာန ရဲ႕ ေဖာ္ျပခ်က္အရ တန္ဟက္ဟာ ယူႏိုက္တက္ပြဲစဥ္အနည္းငယ္ကို ၾကည့္ရႈခဲ့ၿပီး ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈအေျခအေနအေပၚ အားရေက်နပ္ျခင္း မရွိဘူးလို႔ သိရပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ယခုႏွစ္ရာသီ က်ရႈံးမႈေတြဟာ ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈ အေျခအေနေၾကာင့္လို႔ နယ္သာလန္သားက ယုံၾကည္ေနၿပီး ျပန္လည္ျပင္ဆင္ဖို႔ လိုအပ္တယ္လို႔ ယူဆေနပါတယ္။
အသက္ ၅၂ႏွစ္ အရြယ္ နည္းျပ တန္ဟက္ ဟာ ေမာ္ဒန္နည္းျပေတြလိုပဲ ႀကံ့ခိုင္မႈအားကို မိနစ္၉၀စလုံး အသုံးျပဳဖို႔လိုတဲ့ pressing ကစားပုံကို အသုံးျပဳသူ တစ္ဦးပဲ ျဖစ္ပါတယ္။ တန္ဟက္ဟာ ေအဂ်က္စ္အသင္းကို နယ္သာလန္လိဂ္ဖလား ၃ႀကိမ္ဆက္ ဆြတ္ခူးေစခဲ့ၿပီးေနာက္ ယခုအပတ္အတြင္း ယူႏိုက္တက္ ကစားသမားေတြနဲ႔ zoom ကေန ေတြ႕ဆုံဖို႔ ရွိေနပါတယ္။
နည္းျပ တန္ဟက္ ပထမဆုံးကိုင္တြယ္ရမယ့္ ပြဲစဥ္ ကေတာ့ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ရာဇမဂၤလာကြင္းထဲမွာ က်င္းပမယ့္ လီဗာပူးနဲ႔ ေျခစြမ္းပြဲပဲ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ လက္က်န္ တစ္ပြဲ ကစားဖို႔ေသးေပမဲ့ အဆင့္ ၄ အတြင္း ဝင္ဖို႔ အတြက္ ေမွ်ာ္လင့္စရာမရွိေတာ့တာေၾကာင့္ လာမယ့္ရာသီအတြက္ စတင္ျပင္ဆင္ေနခဲ့ၿပီ ျဖစ္ပါတယ္။