ပီအက်စ်ဂျီ လက်နှေးနေချိန် မန်ယူကွင်းလယ် ပေါ့ဘာကို ကမ်းလှမ်းမှု စတင်လိုက်ပြီ ဖြစ်တဲ့ ဂျူဗင်တပ်
မန်ချက်စတာ ယူနိုက်တက်ကနေ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာလာမယ့် ပေါ့ဘာကို ကမ်းလှမ်းမယ့် အသင်းတွေထဲ ပီအက်စ်ဂျီ လက်နှေးနေချိန်မှာ ဂျူဗင်တပ် ကတော့ ပေါ့ဘာကို ၃ နှစ်စာချုပ်ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။
ကမ္ဘာ့ဖလားဆုရှင်ဟာ ယူနိုက်တက်ထံက စာချုပ်ထပ်မံသက်တမ်းချုပ်ဆိုမှုကိုလည်း ငြင်းဆိုလိုက်ပြီး နောက်ထပ် အဆင်မပြေတဲ့ရာသီတစ်ခုရှိခဲ့ပြန်တာကြောင့် ရာသီကုန်မှာ မန်ယူကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင် ကွင်းလယ်သမားရဲ့ အသင်းဟောင်းဂျူဗင်တပ်ဟာ ၂၀၁၂ ကနေ ၂၀၁၆ အတွင်း အကောင်းဆုံး ခြေစွမ်းတွေ့ခဲ့ရတဲ့ ပေါ့ဘာကို ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ကစားသမားက လေးနှစ် ချုပ်ကို ပိုသဘောကျပေမယ့် ဂျူဗင်တပ်စ်ကတော့ သုံးနှစ်စာချုပ်ကိုသာ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက ပြင်သစ်သားကို ခေါ်ယူဖို့ကြိုးစားစေလိုပေမဲ့ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အယ်ခီလိုင်ဖီကတော့ ပေါ့ဘာကို စိတ်မဝင်စားဘူးဖြစ်နေတာဖြစ်ပါတယ်။
လီယိုနာဒိုက ကမ်းလှမ်းမှု တစ်ခုရရှိပြီးဖြစ်တဲ့ ပြင်သစ် ကစားသမားနဲ့ တွေ့ရှိပြီးတဲ့ပုံပေါ်ပြီး စိတ်ဝင်စားနေတဲ့ပုံလည်း ပေါ်ပါတယ်။ ပီအက်စ်ဂျီရဲ့အုပ်ချုပ်ရေးပိုင်းအခြေအနေတွေနဲ့ အမ်ဘက်ပီကို သက်တမ်းထပ်မံတိုးနိုင်ဖို့ ကြိုးစား နေရမှုတွေကြောင့် ပေါ့ဘာကိုတော့ ဂျူဗင်တပ်တို့သာ ရသွားနိုင်ခြေ ရှိနေပါတယ်။

Zawgyi
မန္ခ်က္စတာ ယူနိုက္တက္ကေန စာခ်ဳပ္ကုန္ဆံုးျပီး ထြက္ခြာလာမယ့္ ေပါ့ဘာကို ကမ္းလွမ္းမယ့္ အသင္းေတြထဲ ပီအက္စ္ဂ်ီ လက္ေနွးေနခ်ိန္မွာ ဂ်ဴဗင္တပ္ ကေတာ့ ေပါ့ဘာကို ၃ ႏွစ္စာခ်ဳပ္ကမ္းလွမ္းလိုက္ၿပီလို႔ သိရပါတယ္။
ကမာၻ႔ဖလားဆုရွင္ဟာ ယူႏိုက္တက္ထံက စာခ်ဳပ္ထပ္မံသက္တမ္းခ်ဳပ္ဆိုမႈကိုလည္း ျငင္းဆိုလိုက္ၿပီး ေနာက္ထပ္ အဆင္မေျပတဲ့ရာသီတစ္ခုရွိခဲ့ျပန္တာေၾကာင့္ ရာသီကုန္မွာ မန္ယူကေန ထြက္ခြာေတာ့မွာျဖစ္ပါတယ္။
ျပင္သစ္လက္ေရြးစင္ ကြင္းလယ္သမားရဲ႕ အသင္းေဟာင္းဂ်ဴဗင္တပ္ဟာ ၂၀၁၂ ကေန ၂၀၁၆ အတြင္း အေကာင္းဆုံး ေျခစြမ္းေတြ႕ခဲ့ရတဲ့ ေပါ့ဘာကို ျပန္လည္ေခၚယူလိုေနတာျဖစ္ပါတယ္။
ကစားသမားက ေလးႏွစ္ ခ်ဳပ္ကို ပိုသေဘာက်ေပမယ့္ ဂ်ဴဗင္တပ္စ္ကေတာ့ သုံးႏွစ္စာခ်ဳပ္ကိုသာ ကမ္းလွမ္းသြားမွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာ လီယိုနာဒိုက ျပင္သစ္သားကို ေခၚယူဖို႔ႀကိဳးစားေစလိုေပမဲ့ အသင္းရဲ႕ ဥကၠ႒ျဖစ္သူ အယ္ခီလိုင္ဖီကေတာ့ ေပါ့ဘာကို စိတ္မဝင္စားဘူးျဖစ္ေနတာျဖစ္ပါတယ္။
လီယိုနာဒိုက ကမ္းလွမ္းမႈ တစ္ခုရရွိၿပီးျဖစ္တဲ့ ျပင္သစ္ ကစားသမားနဲ႔ ေတြ႕ရွိၿပီးတဲ့ပုံေပၚၿပီး စိတ္ဝင္စားေနတဲ့ပုံလည္း ေပၚပါတယ္။ ပီအက္စ္ဂ်ီရဲ႕အုပ္ခ်ဳပ္ေရးပိုင္းအေျခအေနေတြနဲ႔ အမ္ဘက္ပီကို သက္တမ္းထပ္မံတိုးႏိုင္ဖို႔ ႀကိဳးစား ေနရမႈေတြေၾကာင့္ ေပါ့ဘာကိုေတာ့ ဂ်ဴဗင္တပ္တို႔သာ ရသြားႏိုင္ေျခ ရွိေနပါတယ္။