ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ဒီရာသီ နောက်ဆုံးပွဲစဉ်တွေ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်း ဟောကိန်းထုတ်မှုများ
အာဆင်နယ် Vs အဲဗာတန်
လတ်တလောမှာ အာဆင်နယ် ဖြစ်ပျက်သွားတာတွေကို မယုံနိုင်ပါဘူး။ ဒီတစ်ရာသီလုံးနီးပါး အဆင့်လေးနေရာက သူတို့လက်ထဲမှာ ရှိနေပြီး ရာသီအဆုံးသတ်ပိုင်းမှ ခြေချော်သွားတာ စိတ်ပျက်စရာပါ။ နယူးနဲ့ပွဲက စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာပါ။ အဲဗာတန်ကလည်း ကြာသပတေးနေ့မှာ မယုံနိုင်စရာကောင်းတဲ့ ရလဒ်မျိုး ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဗာတန်ရဲ့ Comeback က အံ့ဖွယ်ဖြစ်ပြီး အခုတော့ စိတ်ချရပါပြီ။ ဒီပွဲမှာတော့ အာဆင်နယ်ပဲ နိုင်မယ် ထင်ပါတယ်။
ရလဒ် ခန့်မှန်းချက် – အာဆင်နယ် ၂-၁ အဲဗာတန်
ပဲလေ့စ် Vs မန်ယူ
ဂူဒီဆင်ပတ်ခ်မှာ ဒုတိယပိုင်းမှာ ပဲလေ့စ် ဘာဖြစ်သွားသလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ဟာ ပွဲကိုထိန်းချုပ်ထားနိုင်ပေမဲ့ အဲဗာတန်က ပြန်လာနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပွဲမကစားရတာ နှစ်ပတ်လောက် ရှိပါပြီ။ သူတို့ဟာ နောက်ဆုံးအဝေးကွင်းပွဲစဉ်မှာ ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း သူတို့ အများကြီး တိုးတက်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီပွဲမှာတော့ ပဲလေ့စ်ကို ကျွန်တော် နှစ်သက်ပါတယ်။
ရလဒ် ခန့်မှန်းချက် – ပဲလေ့စ် ၂-၁ မန်ယူ

ချဲလ်ဆီး Vs ဝက်ဖို့ဒ်
ကြာသပတေးနေ့တုန်းက ချဲလဆ်ီးအတွက ်စိတ်ပျက်စရာ သရေပွဲပါ။ ချဲလ်ဆီးအတွက် ကွင်းတွင်း၊ ကွင်းပြင်မှာ စိတ်ပျက်ဖွယ်ရာ ရာသီဖြစ်ခဲ့ပြီး ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သင့်တာပါ။ ဝက်ဖို့ဒ်ကတော့ ဒီရာသီကို အမြန်ဆုံးပြီးဆုံးချင်နေမှာပါ။ သူတို့ဟာ ဒီရာသီမှာ ပေးဂိုးတွေ အလွန်များခဲ့ပြီး လက်စတာနဲ့ပွဲမှာလည်း ၅ ဂိုးတောင်ထပ်ပြီး ခွင့်ပြုခဲ့ရတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲကို သက်သောင့်သက်သာ ဖော်ဆောင်နိုင်မှာပါ။
ရလဒ် ခန့်မှန်းချက် – ချဲလ်ဆီး ၃-၀ ဝက်ဖို့ဒ်
မန်စီးတီး Vs ဗီလာ
မန်စီးတီးဟာ ဝက်စ်ဟမ်းနဲ့ပွဲကတည်းက ချန်ပီယံဆုအတွက် အဖြတ်ဖြစ်သင့်ခဲ့တာပါ။ သူတို့အနေနဲ့ မာရက်ဇ်ပင်နယ်တီ လွဲခဲ့တဲ့အတွက် နောင်တရနေမယ် မထင်ပါဘူး။ မန်စီးတီးဟာ ပုံမှန်အားဖြင့် အိမ်ကွင်းအားကောင်းတဲ့အသင်းဖြစ်ပြီး ဒီဘရိုင်း၊ ဆေးလ်ဗားတို့ကလည်း ပုံစံကောင်း ပြနေပါတယ်။ ဗီလာက တိုက်စစ်မှာ အရည်အသွေးမြင့် ကစားသမားတွေရှိနေပြီး မန်စီးတီးကို ဒုက္ခပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဗီလာနောက်တန်းက စိုးရိမ်စရာဖြစ်ပြီး မန်စီးတီး ဂိုးတွေသွင်းနိုင်မှာပါ။ မန်စီးတီးအနေနဲ့ ခြေချော်မှာ မဟုတ်ဘဲ ဂိုးတွေလည်း သွင်းနိုင်မှာပါ။
ရလဒ် ခန့်မှန်းချက် – မန်စီးတီး ၃-၁ ဗီလာ

လီဗာပူး Vs ဝုဖ်
လတ်တလောအတွင်း လီဗာပူးပြသနေတဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်အလွန်အထင်ကြီးမိပါတယ်။ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့တာ၊ နောက်ဆုံးရက်အထိ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။ သူတို့ဟာ သူတို့အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေပြီး အီတီဟတ်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ ဝုဖ်က ရာသီအဆုံးသတ်မှာ ဆိုးရွားလှတဲ့ နောက်တစ်သင်းပါ။ သူတို့ဟာ ခရစ္စမတ်ကာလမှာ ခြေစွာခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ပုံစံကောင်း ပျောက်သွားခဲ့ပါတယ်။ ဒီပွဲမှာတော့ လီဗာပူးကို ကျွန်တော်ရွေးချယ်လိုပါတယ်။ သူတို့အနေနဲ့ ဒီပွဲမှာ အနိုင်ကလွဲပြီး တခြားမရှိဘဲ မန်စီးတီးကို ဖိအားပေးမှာပါ။
ရလဒ် ခန့်မှန်းချက် – လီဗာပူး ၃-၀ ဝုဖ်
နော့ဝှစ် Vs စပါး
နော့ဝှစ်ချ်ဟာ ဝုဖ်နဲ့ပွဲမှာ တစ်မှတ်ရခဲ့ေပေမဲ့ အခါနှောင်းသွားခဲ့ပါပြီ။ နော့ဝှစ်ချ်အနေနဲ့ လာမဲ့ရာသီမှာ ပရီးမီးယားလိဂ်ကို ချက်ချင်း ပြန်လာနိုင်ရင်လည်း ကျွန်တော် မအံ့သြပါဘူး။ စပါးကတော့ အဆင့်လေးဝင်ခွင့်က သူတို့လက်ထဲမှာ ရှိနေပြီး သေချာပေါက် ခြေချော်ခံမှာ မဟုတ်ပါဘူး။ သရေတစ်မှတ်ကတောင် စပါးအတွက် လုံလောက်နေပေမဲ့ ဒီပွဲကို အနိုင်ကစားမယ်လို့ ထင်ပါတယ်။
ရလဒ် ခန့်မှန်းချက် – နော့ဝှစ် ဝ-၂ စပါး

အခြားပွဲများ ရလဒ် ခန့်မှန်းချက်
ဘန်လေ ၁-၁ နယူးကာဆယ်
လက်စတာ ၂-၀ ဆောက်သမ်တန်
ဘရန်ဖို့ဒ် ၂-၁ လိဒ်စ်
ဘရိုက်တန် ဝ-၁ ဝက်စ်ဟမ်း