ဘာစီလိုနာကို ကျော်ပြီး ယူနိုက်တက်မှ ယူနိုက်တက် ဖြစ်နေတဲ့ တီကို ကွင်းလယ် ဆာအူလ် နီဂွက်ဇ်
အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်ဟာ ယခု နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကို အသင်းကို မဖြစ်မနေ စွန့်ခွာမယ့် ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အတော်များများက စိတ်ဝင်စား နေကြပါတယ်။
အသက် ၂၆နှစ် အရွယ် စပိန်ကွင်းလယ်လူ ဆာအူလ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ လာလီဂါရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာကြောင့် ပုံမှန် ပွဲထွက်ခွင့် မရခဲ့ပါဘူး။
ဒါကြောင့်ပဲ ဆာအူလ်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို တို့ဟာ ဂရစ်ဇ်မန်းနဲ့ ဆာအူလ်တို့ကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေကြပါတယ်။
ဒါပေမယ့် ဆာအူလ်ကတော့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ အင်္ဂလန် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားဖို့သာ ဆန္ဒရှိနေကာ သူ့ရဲ့ အေးဂျင့်ဖြစ်သူကိုလည်း ပရီးမီးယားလိဂ် ကလပ်တွေထံ ပြောင်းရွှေ့နိုင်အောင် ကြိုးစားပေးဖို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ လက်ရှိမှာ ဆာအူလ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ စိတ်ဝင်စား နေကြောင်း သိထားရပေမယ့် ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ ကတော့ ဆာအူလ်ဟာ လီဗာပူးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း ဆိုပါတယ်။
စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာန ကတော့ ဆာအူလ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက်ဟာ ဆာအူလ်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဆာအူလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ရရှိပါက ခေါ်ယူချင်နေကြောင်း ဖော်ပြထားပါတယ်။

ZG
အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ ဆာအူလ္ဟာ ယခု ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အက္သလက္တီကို အသင္းကို မျဖစ္မေန စြန႔္ခြာမယ့္ ကစားသမား တဦး ျဖစ္ၿပီး လက္ရွိမွာေတာ့ သူ႔ကို ေခၚယူဖို႔ ဥေရာပ အသင္းႀကီး အေတာ္မ်ားမ်ားက စိတ္ဝင္စား ေနၾကပါတယ္။
အသက္ ၂၆ႏွစ္ အ႐ြယ္ စပိန္ကြင္းလယ္လူ ဆာအူလ္ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ အတြင္းမွာ လာလီဂါရဲ႕ အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တဦး ျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာေတာ့ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ နည္းျပ ဆီႁမြန္နီနဲ႔ ဆက္ဆံေရး အဆင္မေျပခဲ့တာေၾကာင့္ ပုံမွန္ ပြဲထြက္ခြင့္ မရခဲ့ပါဘူး။
ဒါေၾကာင့္ပဲ ဆာအူလ္ဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အက္သလက္တီကို မက္ဒရစ္ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ၿပီး လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းနဲ႔ အက္သလက္တီကို တို႔ဟာ ဂရစ္ဇ္မန္းနဲ႔ ဆာအူလ္တို႔ကို အလဲအထပ္ လုပ္ဖို႔ ေဆြးေႏြးေနၾကပါတယ္။
ဒါေပမယ့္ ဆာအူလ္ကေတာ့ ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္မဝင္စားပဲ အဂၤလန္ ပရီးမီးယားလိဂ္ထံ ေျပာင္းေ႐ႊ႕ ကစားဖို႔သာ ဆႏၵရွိေနကာ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူကိုလည္း ပရီးမီးယားလိဂ္ ကလပ္ေတြထံ ေျပာင္းေ႐ႊ႕ႏိုင္ေအာင္ ႀကိဳးစားေပးဖို႔ ေတာင္းဆိုထားပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ထြက္ေပၚထားတဲ့ သတင္းေတြအရ လက္ရွိမွာ ဆာအူလ္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ အင္အားႀကီးအသင္းေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ လီဗာပူးအသင္းတို႔ဟာ စိတ္ဝင္စား ေနေၾကာင္း သိထားရေပမယ့္ ယေန႔မနက္ပိုင္းမွာ ထြက္ေပၚလာတဲ့ သတင္းေတြ ကေတာ့ ဆာအူလ္ဟာ လီဗာပူးအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ထက္ မန္ခ်က္စတာ ယူႏိုက္တက္ဆီသာ ေျပာင္းေ႐ႊ႕ခ်င္ေနေၾကာင္း ဆိုပါတယ္။
စပိန္နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Mundo Deportivo သတင္းဌာန ကေတာ့ ဆာအူလ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ဂ်ိဳနသန္ ဘားနက္ဟာ ဆာအူလ္ရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္းကလည္း သူတို႔ရဲ႕ ကာလရွည္ ပစ္မွတ္ ကစားသမား ျဖစ္တဲ့ ဆာအူလ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅သန္း ဝန္းက်င္နဲ႔ ရရွိပါက ေခၚယူခ်င္ေနေၾကာင္း ေဖာ္ျပထားပါတယ္။