ဂျေးဆုကို ဝင်လုမယ့် စပါး၊ လမ်းပတ် ချိန်နေတဲ့ တယ်ရီလက်သစ်၊ လီဝန်ဒေါစကီး ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ သတင်းများ
စပါးအသင်းဟာ လန်ဒန် ပြိုင်ဘက် အာဆင်နယ် ချိတ်ဆက်နေတဲ့ မန်စီးတီး တိုက်စစ်မှုး ဂါဘရီရယ် ဂျေးဆု ကို ဝင်ရောက် ကြိုးစားတော့မယ် လို့ တယ်လီဂရပ်ဖ် သတင်းက ဆိုပါတယ်။
ဂျွန်တယ်ရီ လက်သစ်လို့ နာမည်ကြီးလာနေပြီး ချယ်ဆီးကနေ ဟက်ဒါဖီးမှာ အငှား သွားရောက် ကစားနေတဲ့ အသက် ၁၉ နှစ် အရွယ် ခံစစ်သမား လယ်ဗီ ကိုးဝဲလ်ကို နည်းပြ လမ်းပတ်က လာမယ့်ရာသီ အဲဗာတန် သို့ အငှားနဲ့ ဖြစ်ဖြစ် ခေါ်ယူရန် စီစဉ်နေပါတယ်။
နည်းပြသစ် တန်ဟက် တရားဝင် စတင် တာဝန်ယူမှ ကစားသမားတွေရဲ့ ရောင်းချမှု သက်တမ်းတိုးမှုတွေ ယူနိုက်တက် က စတင်လှုပ်ရှားမှာ ဖြစ်ပြီး အစွန်ခံစစ်သမား ဝမ် ဘစ်ဆာကာ ကတော့ မန်ချက်စတာ ကလပ်မှာ ဆက်လက် ရှိလိုပြီး သက်တမ်းတိုးလိုနေပါတယ်။

မန်စီးတီးကနေ ဒီနွေ ထွက်ခွာရတော့မယ့် ဝါရင့် ကွင်းလယ်သမား ဂွမ်ဒိုဂန်ဟာ အာဆင်နယ် အသင်းထံ ရောက်ရှိ သွားနိုင်တယ် လို့ သတင်းထွက်လာပါတယ်။
ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး လီဝန် ဒေါစကီးကို ဘာစီလိုနာက ခေါ်ဖို့ ကြိုးစားနေကြောင်း နည်းပြ ဇာဗီက အတည်ပြုသွားပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးကို ရဖို့က လွယ်မှာ မဟုတ်ကြောင်းလည်း ၎င်းက ဝန်ခံခဲ့ပါတယ်။
ချယ်ဆီးနည်းပြ တူချယ်က လီဗာပူးဟာ လူးဝစ် ဒီယက်စ်ကို ဝယ်ခဲ့ပြီး မန်စီးတီးက ဟာလန်းကို လက်မှတ်ထိုးခဲ့ချိန်မှာ ချယ်ဆီးကတော့ ကစားသမားတွေ လက်လွှတ် ဆုံးရှုံးရဖို့သာ ရှိနေတယ်လို့ ညည်းတွားခဲ့ပြီး လန်ဒန်ကလပ်ရဲ့ အရှိန်လျော့လာမှုကို ထောက်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကနေ စာချုပ်ကုန်ပြီး ဒီနွေမှာ အလွတ်နဲ့ ထွက်ခွာလာမယ့် ဝါရင့် ကွင်းလယ်လူ မာတစ် ကို ဖူလ်ဟမ် အသင်းက ခေါ်ယူလိုနေပါတယ်။ တန်းတက်လာတဲ့ လန်ဒန်သားတွေဟာ မာတစ်ကို စည်းရုံးနိုင်မယ် ယုံကြည်နေပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်သမား ဒီမာရီရာဟာ ပြင်သစ်ကလပ်နဲ့ အတူ ၇နှစ်တာ ကုန်ဆုံးပြီးနောက် ဒီနွေမှာ အသင်းပြောင်းရွှေ့ ထွက်ခွာဖို့ နှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ဖို့ အသင့် ပြင်နေပါတယ်။