လီဝန်ဒေါစကီးကို ချိန်တဲ့ ချယ်ဆီး၊ နေမာကို ရောင်းမယ့် ပီအက်စ်ဂျီနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ
စပါးနည်းပြ ကွန်တီအနေနဲ့ လာမဲ့အပြောင်းအရွှေ့မှာ လှုပ်ရှားဖို့အတွက် အပြောင်းအရွှေ့ ဘတ်ဂျတ်အဖြစ် ပေါင် သန်း ၁၅၀ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ စပါးအနေနဲ့ လာမဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီးနောက် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ကွင်းလယ်လူ အယ်လ်နီနီကို ၁ နှစ် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်လည်း ထည့်သွင်း ချုပ်ဆိုထားပါတယ်။
ပီအက်စ်ဂျီအနေနဲ့ တိုက်စစ်မှူးနေမာကို နွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ်သွားမှာတော့ဖြစ်ကြောင်း ပြင်သစ် နာမည်ကျော် သတင်းဋ္ဌာန L’Equipe က ဖော်ပြထားပါတယ်။ နေမာအနေနဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာလိုခြင်း မရှိပေမဲ့ အမ်ဘာပေကို စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီးနောက် ပီအက်စ်ဂျီက သင့်တော်တဲ့ဈေးရပါက နေမာကို ရောင်းထုတ်သွားမှာလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အေဂျက်ဇ်နောက်ခံလူ တင်ဘာကို ခေါ်ယူဖို့အတွက် ထပ်မံဆွေးနွေးမှုတွေ ပြုလုပ် သွားဦးမှာဖြစ်ကြောင်း အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုကဖော်ပြထားပါတယ်။ တန်ဟတ်အနေနဲ့ မန်ယူနဲ့ ပထမဆုံး တွေ့ဆုံစဉ်ကတည်းက တင်ဘာနဲ့ ပေါတောရက်စ်တို့နှစ်ယောက်ကို ခေါ်ယူပေးဖို့ တောင်းဆိုထားခဲ့တာပါ။
ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဆပ်တန်က ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူးသစ် ခေါ်ချင်နေမှာဖြစ်ကြောင်း၊ လူကာကူဟာ တူချယ် အကြိုက်တွေ့တဲ့ တိုက်စစ်မှူးမျိုး မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ချဲလ်ဆီး အနေနဲ့ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ချိတ်ဆက်နေပါတယ်။

အက်စတွန် ဗီလာအနေနဲ့ ဆီဗီလာ နောက်ခံလူ ဒီယေဂို ကားလို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း The Athletic က ဖော်ပြထားပါတယ်။ ၂၉ နှစ်အရွယ် နောက်ခံလူဟာ ဆီဗီလာ ကို ပြောင်းရွှေ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး အဓိက နောက်ခံလူအဖြစ် ကစားနေပါတယ်။
အက်သလက်တီကို မက်ဒရစ် နည်းပြ ဆီမြွှန်နီအနေနဲ့ အူဒီးနီးစ်ညာနောက်ခံလူ မိုလီနာကို ခေါ်ယူလိုလျက်ရှိနေကြောင်း Sky Italia က ဖော်ပြထားပါတယ်။ အူဒီးနီးစ်အနေနဲ့ သူတို့ရဲ့ နောက်ခံလူအတွက် ယူရို သန်း ၃၀ ရရင် အသင်းကနေ ထွက်ခွာခွင့်ပြုမှာပါ။ အက်သလက်တီကို အနေနဲ့ မိုလီနာကိုမခေါ်ရင် ကစားသမား နှစ်ယောက်လောက်ကို ရောင်းထုတ်ပြီး ရန်ပုံငွေ ရှာရဦးမှာပါ။
အေစီမီလန်အနေနဲ့ ဘရုဂျက်ကြယ်ပွင့် De Ketelaere ကို ခေါ်ယူဖို့ မျက်စိကျလျက်ရှိနေကြောင်း Calciomercato က ဖော်ပြထားပါတယ်။ ကစားသမားရဲ့ တာဝန်ရှိသူတွေဟာ လာမဲ့လအတွင်း အီတလီကို ရောက်လာကာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။