ရီးရဲလ်ကို ချန်ပီယံ ရှုံးကြွေး မဆပ်နိုင်ခဲ့ဘဲ ဖလားတစ်လုံး အကြွေးထပ်တင်သွားပြန်တဲ့ လီဗာပူး
ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ ကစားခဲ့ရာ ရီးရဲလ် အသင်းက (၁)ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့ပါတယ်။
ဒီပွဲရဲ့ပထမပိုင်းမှာ လီဗာပူးလ် အသင်းက ရီးရယ်လ် အသင်းကို သိသိသာသာ ဖိကစားပြီး ဂိုးပေါက် ခြိမ်းခြောက်မှု အများအပြား ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကော့တွိုက်စ် လက်စွမ်းပြနေတာကြောင့် ဂိုးမရခဲ့တာပါ။
ပထမပိုင်းပြီးခါနီးမှာ ရီးရယ်လ် အသင်း ဂိုးရခဲ့ပေမယ့် ဘန်ဇီမာ လူကျွံနေလို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လည်း လီဗာပူးလ် အသင်းကပဲ ဖိကစားခဲ့ပေမယ့် ရီးရဲလ် ခံစစ်ပိုင်း ကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့တာပါ။
ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒီပွဲရဲ့ပထမဆုံး ဂိုးပေါက်တွေ့တဲ့ ဗီနီစီးယက်စ် ရဲ့ကန်ချက်ကနေ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရီးရယ်လ် အသင်းဟာ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ် အသင်းဟာ ဦးဆောင်ဂိုးပေးရအပြီးမှာ လူစားလဲမှုအများကြီးပြုလုပ်ပြီး ချေပဂိုးရဖို့ အားထည့်လာခဲ့ပါတယ်။ဒါပေမယ့် ဂိုးသမား ကော့တွိုက်စ် ရဲ့လက်စွမ်းပြမှုတွေကြောင့် အခက်တွေ့ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ လီဗာပူးလ် အသင်းက ချေပဂိုးမသွင်းနိုင်ခဲ့လို့ ရီးရဲလ် အသင်းအနိုင်ရပြီး ချန်ပီယံလိဂ်ချန်ပီယံဆုကို (၁၄)ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
လီဗာပူးလ် အသင်းကတော့ (၂၀၁၈) က ဗိုလ်လုပွဲ အရှုံးကို လက်စားချေဖို့ ပစ်မှတ်ထားခဲ့ပေမယ့် မချေနိုင်ခဲ့ဘဲ အကြွေး ထပ်တင်သွားတာဖြစ်ပါတယ်။

Zawgyi
ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျဖစ္ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႔ လီဗာပူးလ္ အသင္းတို႔ ကစားခဲ့ရာ ရီးရဲလ္ အသင္းက (၁)ဂိုး- ဂိုးမရွိနဲ႔ အႏိုင္ရရွိကာ ဗိုလ္စြဲသြားခဲ့ပါတယ္။
ဒီပြဲရဲ႕ပထမပိုင္းမွာ လီဗာပူးလ္ အသင္းက ရီးရယ္လ္ အသင္းကို သိသိသာသာ ဖိကစားၿပီး ဂိုးေပါက္ ျခိမ္းေျခာက္မႈ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေကာ့တြိဳက္စ္ လက္စြမ္းျပေနတာေၾကာင့္ ဂိုးမရခဲ့တာပါ။
ပထမပိုင္းၿပီးခါနီးမွာ ရီးရယ္လ္ အသင္း ဂိုးရခဲ့ေပမယ့္ ဘန္ဇီမာ လူကြၽံေနလို႔ ဂိုးမရခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ လည္း လီဗာပူးလ္ အသင္းကပဲ ဖိကစားခဲ့ေပမယ့္ ရီးရဲလ္ ခံစစ္ပိုင္း ကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲေနခဲ့တာပါ။
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဒီပြဲရဲ႕ပထမဆုံး ဂိုးေပါက္ေတြ႕တဲ့ ဗီနီစီးယက္စ္ ရဲ႕ကန္ခ်က္ကေန ဂိုးအျဖစ္ ေျပာင္းလဲသြားနိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ရီးရယ္လ္ အသင္းဟာ ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့တာျဖစ္ပါတယ္။
လီဗာပူးလ္ အသင္းဟာ ဦးေဆာင္ဂိုးေပးရအၿပီးမွာ လူစားလဲမႈအမ်ားႀကီးျပဳလုပ္ၿပီး ေခ်ပဂိုးရဖို႔ အားထည့္လာခဲ့ပါတယ္။ဒါေပမယ့္ ဂိုးသမား ေကာ့တြိဳက္စ္ ရဲ႕လက္စြမ္းျပမႈေတြေၾကာင့္ အခက္ေတြ႕ခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာ လီဗာပူးလ္ အသင္းက ေခ်ပဂိုးမသြင္းႏိုင္ခဲ့လို႔ ရီးရဲလ္ အသင္းအႏိုင္ရၿပီး ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို (၁၄)ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့တာပါ။
လီဗာပူးလ္ အသင္းကေတာ့ (၂၀၁၈) က ဗိုလ္လုပြဲ အရႈံးကို လက္စားေခ်ဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္ မေခ်ႏိုင္ခဲ့ဘဲ အေႂကြး ထပ္တင္သြားတာျဖစ္ပါတယ္။