ဒီလိုက်ချ်၊ ဘေးနဲ့ ရမ်ဆေး၊ ရာဖင်ဟာ၊ ဝက်ပရောက်စ်တို့နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ စုစည်းမှု
လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ဟာ လီဗာပူးကိုကျော်လွန်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရွေးချယ် ခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ရာဖင်ဟာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိပြီးပြီဖြစ်ပြီး လာမဲ့ ရက်ပိုင်းအတွင်း အပြောင်းအရွှေ့အတွက် လိဒ်စ်ယူနိုက်တက်ထံ ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖောြ်ပထားပါတယ။် “ချဲလ်ဆီးက ဒီလိုက်ချ်ကို လအတန်ကြာစောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ လတ်တလောမှာ သူတို့ရဲ့ ဦးစားပေးက ကွန်ဒေပါ”လို့ ဖာဘရီဇီယိုက ဖွင့်ဟခဲ့ပါတယ်။
ဝေးလ်အခြေစိုက် လိဂ်ချန်ပီယံရှစ် ကလပ်ဖြစ်တဲ့ ကာဒစ်ဖ်ဟာ နာမည်ကျော် ဝေးလ်လက်ရွေးစင်တွေဖြစ်ကြတဲ့ ဂါရတ် ဘေးလ်နဲ့ ရမ်ဆေးတို့ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်လျုက်ရှိနေတယ်လို့ 90min က ဖော်ပြထားပါတယ်။ ဘေးလ်ဟာ ရီးရဲနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်ပြီး ရမ်ဆေးကတော့ ဂျူဗင်တပ်နဲ့ စာချုပ်တစ်ရာသီ ကျန်ရှိသေးပါတယ်။

နယ်သာလန်ကွင်းလယ်လူ ဝီနယ်ဒမ်အနေနဲ့ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီမှာသာ ဆက်လက် ကစားလိုနေတယ်လို့ သိရပါ့တယ်။ ဝီနယ်ဒမ်ဟာ ပီအက်စ်ဂျီမှာ ပွဲကစားခွင့်ရဖို့ရုန်းကန်ုခဲ့ရပေမဲ့ နည်းပြအပြောင်းအလဲဖြစ်မဲ့အခြေအနေကို စောင့်ကြည့်နေတာပါ။
မန်ချက်စတာယူနိုက်တက်အနေနဲ့ အင်တာနောက်ခံလူ ဒန်ဖရိုင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၆ နှစ် အရွယ် ကစားသမားဟာ ဆန်စီရိုမှာ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေပေမဲ့ အင်တာဘက်ကသူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာပါ။ မန်ယူအနေနဲ့ ဒန်ဖရိုင်းစ်ကို ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။
ဂျူဗင်တပ်အနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဒီမာရီယာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး စာချုပ် သက်တမ်း ညှိနှိုင်းမှု အဆင်မပြေဖြစ်နေပါတယ်။ ဂျူဗင်တပ်အနေနဲ့ဒီမာရီယာကို ၂ နှစ်စာချုပ် ချုပ်လိုပေမဲ့ ဒီမာရီယာ ဘက်ကတော့ အာဂျင်တီးနားမှာ ကစားသမားဘ၀ အဆုံးသတ်လိုတဲ့အတွက် တစ်နှစ်သာ ချုပ်ဆိုလိုနေတာပါ။
စပါးအနေနဲ့ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်ပရောက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ စပါးနည်းပြ ကွန်တီ က နွေရာသီမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလိုနေပြီး ဖရီးကစ်မှော်ဆရာ ဝက်ပရောက်စ်ကို မျက်စိကျနေတာပါ။ ဝက်ပရောက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်မှာ ခြေစွမ်းကောင်းတွေ ပြသခဲ့သူပါ။