ချူဝါမန်နီ ယူရို သန်း ၁ဝဝ နဲ့ ရသွားတဲ့ ရီးရဲလ်၊ ဘေးလ်ကို မခေါ်မယ့် စပါးနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

ရီးရဲမက်ဒရစ်ဟာ ပစ်မှတ်ထားနေတဲ့ မိုနာကိုကွင်းလယ်ကြယ်ပွင့် ချူဝါမန်နီကို ခေါ်ယူဖို့ ယူရိုသန်း ၁၀၀ နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Athletic ကဖော်ပြထားပါတယ်။ ရီးရဲအနေနဲ့ ၂၂ နှစ်အရွယ် ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် စာရွက်စာတမ်း ကိစ္စတွေ အပြီးသတ်လုပ်ဆောင်နေပါတယ်။

ရီးရဲဟာ ချူမန်နီကို ခေါ်ယူကြောင်း မထုတ်ပြန်မီ လာမဲ့ရက်ပိုင်းအတွင်း ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ကြောင်း အရင် ထုတ်ပြန်သွားဖွယ် ရှိနေပါတယ်။

နာမည်ကျော်နည်းပြ မော်ရင်ဟိုအနေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေသလို ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘဲ ရိုးမားနဲ့သာ ရှေ့ဆက်ဖို့ စီစဉ်ထားပါတယ်။ မော်ရင်ဟိုဟာ ရိုးမားမှာသူချမှတ်ထားတဲ့ ပရောဂျက်တွေကိုပဲ အာရုံစိုက်ထားသလို ရိုးမားဘက်ကလည်း အပြောင်းအရွှေ့မှာ မော်ရင်ဟိုကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမှာပါ။

ချဲလ်ဆီးတိုက်စစ်မူှးလူကာကူအနေနဲ့ ခရစ္စမတ်နောက်ပိုင်းကတည်းက အသင်းဟောင်း အင်တာမီလန်နဲ့ ပြန်လည် ဆက်သွယ်ကာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့ကြောင်း The Sun ကဖော်ပြထားပါတယ်။ လူကာကူအနေနဲ့ ချဲလ်ဆီးမှာ ရုန်းကန်နေခဲ့ရပြီးနောက် စီးရီးအေကို ပြန်လည်ပြောင်းလိုနေပြီး အင်တာနဲ့ တွေ့ဆုံမှုတွေ ရှိနေခဲ့တာပါ။

စပါးအနေနဲ့ သူတို့ရဲ့ ကစားသမားဟောင်းဘေးလ်ကို ပြန်လည်ခေါ်ယူသွားမှာ မဟုတ်ကြောင်း တယ်လီဂရပ်ဖ် က ဖော်ပြထားပါတယ်။ ဘေးလ်ဟာ ရီးရဲနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်ကာသူ့ကိုအလွတ်နဲ့ ခေါ်နိုင်မှာပါ။ ဒါပေမဲ့ စပါးကဘေးလ်ကို ပြန်ခေါ်မှာ မဟုတ်ဘဲ လက်ရှိမှာ သူ့ကိုခေါ်ဖို့ ကာဒစ်ဖ်က ရေပန်းစားနေပြီး မေဂျာလိဂ် အသင်းတွေကလည်း ပစ်မှတ်ထားနေကြပါတယ်။

ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဂျီရော်ဘတ်တိုကို ဒီတစ်ပတ်အတွင်း စာချုပ်သက်တမ မှင့်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ရော်ဘတ်တိုကိုလစာလျှော့ကာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်သွားမှာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မှုက ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာတိုက်စစ်မူှး ဒါဝင် နူနက်ဇ်ကို ခေါ်နိုင်ဖွယ် မရှိကြောင်း တယ်လီဂရပ်က ဖော်ပြထားပါတယ်။ ၂၂နှစ်အရွယ် ဥရုဂွေးတိုက်စစ်မူှးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲံအသင်းကိုသာ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

စကိုင်းစပေါ့ အစီအစဉ်တင်ဆက်သူ သွန်လင်ဆန်ကတော့ အဆာင်နယ်အနေနဲ့ ဂျူဗင်တပ်တိုက်စစ်မူှး မိုရာတာကို ခေါ်ယူခြင်း မပြုဖို့ သတိပေးခဲ့ပါတယ်။ အာဆင်နယ်ဟာ သွင်းဂိုးတွေ ပုံမှန်ရယူပေးမဲ့ တိုက်စစ်မှူးကို လိုအပ်နေတာ ဖြစ်ကြောင်း၊ မိုရာတာက အာဆင်နယ်အတွက် လုံလောက်တဲ့သွင်းဂိုးတွေ ရယူပေးနိုင်မဲ့သူလို့ မယုံကြောင်း ၎င်းက ဆိုခဲ့တာပါ။

ရိမ်းစ်လူငယ်ကြယ်ပွင့် အီကီတိုက်ရဲ့ ကိုယ်စားလှယ်တွေဟာ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး နယူးကာဆယ်နဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိနေပါတယ်။ နယူးကာဆယ်အနေနဲ့ အီကီတိုက်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့သဘောတူညီမှု ရရှိထားပြီး ၁၉ နှစ်အရွယ်ကြယ်ပွင့်ကို ၅ နှစ်စာချုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။