အာဆင်နယ်တော့ မလာဘူး ဆိုတဲ့ ရစ်ချာလီဆန်၊ မရေရာတဲ့ တိုင်လီမန့်စ်၊ ဂျေးဆုနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် ဂန္ထဝင် ကစားသမားဟောင်း ဂီဘာတိုဆေးလ်ဗားက သူ့အသင်းဟောင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မရတဲ့အပေါ် မချိတင်ကဲ ခံစားရလျက်ရှိနေပါတယ်။ အာဆင်နယ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကိုပြန်ရောက်ဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းအတွင်း အာဆင်နယ်က ချန်ပီယံလိဂ် ဝင်ခွင့်မရဘဲ ဆုဖလားတွေအတွက် တိုက်ပွဲ မဝင်နိုင်တာကို မြင်ရတာ ခံရခက်ပါတယ်” လို့ ဂီဘာတိုဆေးလ်ဗားက ဆိုခဲ့ပါတယ်။

အာဆင်နယ်နေုာက်ခံလူ ဆာလီဘာကို အေစီမီလန်က ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အေစီမီလန်ဟာ နောက်တန်းကို အားဖြည့်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေရာ ဆာလီဘာရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေတာပါ။ ဒါပေမဲ့ ဆာလီဘာက လာမဲ့ရာသီမှာ အာဆင်နယ်ကနေ ထွက်ခွာဖွယ် မရှိပါဘူး။

အာဆင်နယ်အနေနဲ့ ရိုးမားတိုက်စစ်မူှး အေဘရာဟမ်ချ်ကို စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ နာမည်ကျော်သတင်းထောက် ရွိုင်ယန်တေလာက ဖွင်ဟခဲ့ပါတယ်။ အေဘရာဟမ်ချ်ဟာအာဆင်နယ်ရဲ့ အဓိကပစ်မှတ်တွေထဲကတစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ အဆာင်နယ်အနေနဲ့ အေဘရာဟမ်ချ်အတွက် ဈေးပေါပေါနဲ့ ရမှာမဟုတ်ဘူးလို့ တေလာက ဆိုခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ပစ်မှတ်တစ်ဦးဖြစ်တဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်က အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ရေရေရာရာ ပြောဆိုခဲ့ခြင်း မရှိပါဘူး။ သူ့အနေနဲ့ လက်စတာမှာ ပျော်ရွှင်နေပေမဲ့ အရာရာကို တံခါးဖွင့်ထားကြောင်း၊ သူ့အနေနဲ့ တခြားအခွင့်အရေးတွေကိုလည်း နားထောင်သွားမှာဖြစ်ကြောင်း တိုင်လေမန့်စ်က ဖွင့်ဟခဲ့ပါတယ်။

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်က ဒီနွေမှာ အသင်းပြောင်းလိုပေမယ့် အာဆင်နယ်ကို ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့ အင်္ဂလန်သတင်းတွေက ဖော်ပြထားပါတယ်။ ရစ်ချာလီဆန်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းလိုနေပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်နေတာပါ။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ မန်စီးတီးတိုက်စစ်မှူး ဂျေးဆု အနေနဲ့ ပရီးမီးယားလိဂ်မှာသာ ဆက်လက် ကစားလို နေကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ရီးရဲကလည်း ဂျေးဆုကို ပစ်မှတ် ထားပေမဲ့ လက်ရှိသတင်းတွေအရတော့ အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

အာဆင်နယ် တစ်နှစ်တာ အကောင်းဆုံးဆုကို လက်ခံရယူပြီးနောက် တိုက်စစ်ကြယ်ပွင့် ဆာကာက ဒီဆုကို ရတဲ့အတွက် ဂုဏ်ယူမိကြောင်း၊ ပရိသတ်တွေ အားပေးမှုကို ကျေးဇူးတင်မိပြီး လာမဲ့ရာသီမှာ ပြန်ဆုံကြမယ်လို့ ဆာကာက ဖွင့်ဟခဲ့တာပါ။