ဘလွန်းဒီအော ဆန်ကာတင်ကနေ ချန်လှပ်ခံရတဲ့ အပေါ် ဂိုးသမား မန်ဒီ တုန့်ပြန်လာခဲ့ပါပြီ

ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးသို့ စတင်ရောက်ရှိလာချိန်မှစကာ ကမ္ဘာ့အဆင့် လက်စွမ်းထုတ်ပြခဲ့သော ချဲလ်ဆီး ဂိုးသမား မန်ဒီ ဟာ ဒီနှစ် ဘလွန်းဒီအော ဆုရဲ့ နောက်ဆုံး ဆန်ခါတင် အယောက် ၃၀ ဦး ကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပါတယ်။

မန်ဒီ မပါဝင်မှု အပေါ် ထောက်ပြခဲ့ကြသူတွေ အများအပြား ရှိခဲ့ပေမယ့် ဆီနီဂေါသားက တလျောက်လုံး နှုတ်ဆိတ်နေခဲ့ပြီး အခုမှ ၎င်း သဘောထားကို တုန့်ပြန် ပြောဆိုလာခဲ့ပါတယ်။

မန်ဒီက – ” လူတွေက ခင်ဗျားအကြောင်း မပြောရင် ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆိုလိုချင်တာက ကိုယ့်အလုပ် ကိုယ် လုပ်နေဖို့က အဓိကပါပဲ။ လူတွေက ဒါကို အသိအမှတ်မပြုရင်လည်း အရေးမကြီးပါဘူး။

ဘောလုံးကစားတဲ့အခါ အရေးအကြီးဆုံးအရာက အသင်းက လူတွေ ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုဖို့ပဲ။ ဘလွန်းဒီအောနဲ့ ပတ်သတ်ရင် ဆုရွေးချယ်ရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာပါ။

ကျွန်တော့်အတွက် အရေးအကြီးဆုံးက ကလပ်အသင်းနဲ့ရော လက်ရွေးစင်အသင်းနဲ့ပါ ဆုဖလားတွေ ရယူနိုင်ဖို့ ကြိုးစားသွားရမယ် ဆိုတာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ စတုတ္ထနေရာနှင့်သာ ကျေနပ်ခဲ့ရသော်လည်း ချန်ပီယံ မန်စီးတီးပြီးလျှင် ဒုတိယခံစစ်အကောင်းဆုံး အသင်း ဖြစ်ခဲ့ပြီး ဂိုးသမား မန်ဒီ စွမ်းဆောင်မှုက အရေးပါခဲ့တာပါ။။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ် ၁၂ ပွဲ မှာ ၃ ဂိုးသာပေးခဲ့ရပြီး ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ချဲလ်ဆီးက ပရီးမီးယားလိဂ် ၉ ပွဲကစားအပြီး ၃ ဂိုးသာ ပေးထားရသော်လည်း မန်ဒီက ဘလွန်းဒီအော ဆန်ခါတင် မှာ မပါလာခဲ့ပါဘူး။

ZG

ျပီးခဲ့တဲ့ ရာသီ ခ်ဲလ္ဆီးသို႔ စတင္ေရာက္ရွိလာခ်ိန္မွစကာ ကမာၻ႔အဆင့္ လက္စြမ္းထုတ္ျပခဲ့ေသာ ခ်ဲလ္ဆီး ဂိုးသမား မန္ဒီ ဟာ ဒီနွစ္ ဘလြန္းဒီေအာ ဆုရဲ႕ ေနာက္ဆံုး ဆန္ခါတင္ အေယာက္ ၃၀ ဦး ကေန အံ့အားသင့္ဖြယ္ ခ်န္လွပ္ခံခဲ့ရပါတယ္။

မန္ဒီ မပါ၀င္မႈ အေပၚ ေထာက္ျပခဲ့ၾကသူေတြ အမ်ားအျပား ရွိခဲ့ေပမယ့္ ဆီနီေဂါသားက တေလ်ာက္လံုး ႏႈတ္ဆိတ္ေနခဲ့ျပီး အခုမွ ၄င္း သေဘာထားကို တုန္႔ျပန္ ေျပာဆိုလာခဲ့ပါတယ္။

မန္ဒီက – ” လူေတြက ခင္ဗ်ားအေၾကာင္း မေျပာရင္ ေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဆိုလိုခ်င္တာက ကိုယ့္အလုပ္ ကိုယ္ လုပ္ေနဖို႔က အဓိကပါပဲ။ လူေတြက ဒါကို အသိအမွတ္မျပဳရင္လည္း အေရးမႀကီးပါဘူး။

ေဘာလုံးကစားတဲ့အခါ အေရးအႀကီးဆုံးအရာက အသင္းက လူေတြ ကိုယ့္ရဲ႕စြမ္းေဆာင္ႏိုင္မႈကို အသိအမွတ္ျပဳဖို႔ပဲ။ ဘလြန္းဒီေအာနဲ႔ ပတ္သတ္ရင္ ဆုေ႐ြးခ်ယ္ေရးအဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္ကို ေလးစားရမွာပါ။

ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံးက ကလပ္အသင္းနဲ႔ေရာ လက္ေ႐ြးစင္အသင္းနဲ႔ပါ ဆုဖလားေတြ ရယူႏိုင္ဖို႔ ႀကိဳးစားသြားရမယ္ ဆိုတာပါပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရာသီက ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္မွာ စတုတၳေနရာႏွင့္သာ ေက်နပ္ခဲ့ရေသာ္လည္း ခ်န္ပီယံ မန္စီးတီးၿပီးလွ်င္ ဒုတိယခံစစ္အေကာင္းဆုံး အသင္း ျဖစ္ခဲ့ျပီး ဂိုးသမား မန္ဒီ စြမ္းေဆာင္မႈက အေရးပါခဲ့တာပါ။။

ဒါ့အျပင္ ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ ၁၂ ပြဲ မွာ ၃ ဂိုးသာေပးခဲ့ရၿပီး ခ်န္ပီယံလည္း ျဖစ္ခဲ့ပါတယ္။ ဒီရာသီမွာလည္း ခ်ဲလ္ဆီးက ပရီးမီးယားလိဂ္ ၉ ပြဲကစားအၿပီး ၃ ဂိုးသာ ေပးထားရေသာ္လည္း မန္ဒီက ဘလြန္းဒီေအာ ဆန္ခါတင္ မွာ မပါလာခဲ့ပါဘူး။