ဘိုဝင်၊ အိုဆင်မန်၊ အဆန်စီယို၊ ဂိုးသမား လီနို တို့နဲ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အနေနဲ့ လန်ဒန်မြို့ခံကလပ် ဝက်စ်ဟမ်း တိုက်စစ်ကစားသမား ဘိုဝင်ကိုခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့ လုပ်ဆောင်လျက်ရှိနေတဲ့ အာဆင်နယ်ဟာ ဘိုဝင်ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

ရီးရဲမက်ဒရစ်တိုက်စစ်ကစားသမား အဆန်စီယိုကို ခေါ်ယူဖို့ အာဆင်နယ်က ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း Mirror သတင်းက ဖော်ပြထားပါတယ်။ အဆန်စီယိုအနေနဲ့ ရီးရဲနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အသင်းကနေ ထွက်ခွာကာ ပုံမှန်ကစားခွင့်ရမယ့် အသင်းကို ပြောင်းရွှေ့လိုနေပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ဂျာကာကိုခေါ်ယူဖို့အတွက် လေဗာကူဆင်က ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်ကို တိုင်လေမန့်စ်သာ ရောက်လာခဲ့ရင် လေဗကူဆင်အနေနဲ့ ဂျာကာကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဖူလ်ဟမ်ဟာ အာဆင်နယ်ဂိုးသမား လီနိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လီနိုအနေနဲ့ အာဆင်နယ်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီးနောကနွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ဟန်ပြင်နေတာပါ။ ဖူလ်ဟမ်အနေနဲ့ ဂိုးသမားနေရာကို အင်အားဖြည့်တင်းလိုနေပြီး လီနိုကို အဓိက ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ Full Back တွေကို အဆင့်မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ တီယာနေးနဲ့ အြ့ပိုင်ဖြစ်ပေမဲ့ဘယ်နောက်ခံလူတစ်ဦး ခေါ်ယူပြီး တာဗာရက်စ်ကို အငှားချသင့်ကြောင်း၊ ပြီးခဲ့တဲ့ရာသီမှာ တာဗာရက်စ်ရဲ့ခြေစွမ်းပိုင်းက အားနည်းခဲ့ကြောင်း ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ပေါင် ၅၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ အငြင်း ခံခဲ့ရတယ်လို့ သိရပါတယ။် နာပိုလီက သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပေါင်၈၅ သန်းအထိ အလိုရှိနေပြီး အာဆင်နယ်က အဲဒီလောက်အထိ ပေးချေဖို့ မရှိပါဘူး။

အီတလီဝါရင့်နောက်ခံလူ ချီလီနီက ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာကို ဆွဲလှဲချခဲ့တဲ့ နာမည်ကျော်ဖြစ်ရပ်အပေါ် ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်က ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့သင်္ကေတဖြစ်ခဲ့ပြီး ၂၀၂၁ နွေရာသီရဲ့ လူသုံးများဆုံး meme ဖြစ်ခဲ့ကြောင်း၊ သူ့အနနဲ့ ဆာကာကို အဲဒီလို ဆွဲလှဲလိုက်တာလည်း ကောင်းမွန်ခဲ့ကြောင်း ချီလီနီက ဆိုခဲ့ပါတယ်။