ဘယ်လင်ဟမ်၊ အန်တိုနေး၊ ဗန်ဒီဘိခ်၊ ဇီဒန်းတို့နဲ့ ယနေ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီးအသင်းဟာ နောက်ခံလူ ခရစ္စတန်ဆန်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အဆင်မပြေဖြစ်နေပြီး ပြီးခဲ့တဲ့ နှစ်လတည်းက ဆွေးနွေးမှု ရပ်တန့်နေကြောင်း Goal က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ခရစ္စတန်ဆန်နဲ့ လစာညှိနှိုင်းမှု အဆင်မပြေဖြစ်နေတာပါ။

လီဗာပူး အသင်းနောက်ခံလူ ဂိုးမက်ဇ်က ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်ရဲ့ ချန်လှပ်ခြင်းခံရမှာကို စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနေးကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ၂၁ နှစ် အရွယ် ကစားသမားဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပြီး သူ့ကို ဘိုင်ယန်နဲ့ မိုနာကိုတို့ကလည်း ခေါ်ယူလိုလျက် ရှိနေပါတယ်။

အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရိုဝီရဲ့ ခြေစွမ်း သိပ်ကို တောက်ပနေပြီး၊ ဒီအသက်အရွယ်မှာ စီရော်နယ်ဒို တောင် သူ့လောက် မကောင်းခဲ့သေးကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောဆိုခဲ့ပါတယ်။

ရီးရဲမက်ဒရစ်နည်းပြဟောင်း ဇီဒန်းက မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်လိုခြင်း မရှိကြောင်း ESPN က ဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ ဆိုးလ်ရှားရဲ့ နေရာကို အစားထိုးဖို့ နည်းပြသစ်ရှာဖွေလျက် ရှိနေတာပါ။

ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်ကစားသမား ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကလည်း စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ့မွန်အနေနဲ့ ဘယ်လင်ဟမ်ကို အနည်းဆုံး ယူရိုသန်း ၁၂၀ မရရင် ရောင်းချသွားမှာ မဟုတ်ပါဘူး။

ဗီလာကွင်းလယ်လူ နာကန်ဘူကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်က လည်း ပါဝင်လာပြီ ဖစ်ပါတယ်။ နယူးကာဆယ်ဟာ ၂၇ နှစ်အရွယ် ကစားသမားကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

ချဲလ်ဆီး အသင်းဟာ ချာလ်တန်လူငယ်ဂိုးသမား ဘယ်ဒယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ ၁၇ နှစ်အရွယ်ကြယ်ပွင့်ကို စောင့်ကြည်မှုတွေ ပြုလုပ်နေပြီး သူဟာ အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် မှတ်ယူလျက် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ အေးဂျင့်ဖြစ်သူကို ဇန်နဝါရီမှာ အသင်းသစ် ရှာဖွေခိုင်းထားကြောင်း သိရပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ခံလူ ခရစၥတန္ဆန္ကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ဖုိ႔ အဆင္မေျပျဖစ္ေနၿပီး ျပီးခဲ့တဲ့ နွစ္လတညး္က ေဆြးေႏြးမႈ ရပ္တန္႔ေနေၾကာင္း Goal က ေဖာ္ျပထားပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ခရစၥတန္ဆန္နဲ႔ လစာညွိႏိႈင္းမႈ အဆင္မေျပျဖစ္ေနတာပါ။

လီဗာပူး အသင္းေနာက္ခံလူ ဂိုးမက္ဇ္က ကလပ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတာေၾကာင့္ အဂၤလန္ လက္ေရြးစင္ အသင္းနည္းျပ ေဆာက္ဂိတ္ရဲ့ ခ်န္လွပ္ျခင္းခံရမွာကို စိုးရိမ္ပူပန္ေနတယ္လို႔ သိရပါတယ္။

မန္စီးတီးအသင္းဟာ ေအဂ်က္ဇ္ေတာင္ပံကစားသမား အန္တိုေနးကို ေခၚယူဖို႔ ႀကိဳးပမ္းေနပါတယ္။ ၂၁ ႏွစ္ အရြယ္ ကစားသမားဟာ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမး္ရွိၿပီး သူ႔ကို ဘိုင္ယန္နဲ႔ မိုနာကိုတုိ႔ကလည္း ေခၚယူလိုလ်က္ ရွိေနပါတယ္။

အာဆင္နယ္လူငယ္ၾကယ္ပြင့္ စမစ္ရို၀ီရဲ႕ ေျခစြမ္း သိပ္ကို ေတာက္ပေနျပီး၊ ဒီအသက္အရြယ္မွာ စီေရာ္နယ္ဒို ေတာင္ သူ႔ေလာက္ မေကာင္းခဲ့ေသးေၾကာင္း မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က ေျပာဆုိခဲ့ပါတယ္။

ရီးရဲမက္ဒရစ္နညး္ျပေဟာငး္ ဇီဒန္းက မန္ခ်က္စတာယူႏဳိက္တက္ကို ကိုင္တြယ္လိုျခင္း မရွိေၾကာင္း ESPN က ေဖာ္ျပထားပါတယ္။ မန္ယူအေနနဲ႔ ဆုိးလ္ရွားရဲ႕ ေနရာကို အစားထိုးဖုိ႔ နည္းျပသစ္ရွာေဖြလ်က္ ရွိေနတာပါ။

ေဒါ့မြန္ၾကယ္ပြင့္တုိက္စစ္ကစားသမား ဘယ္လင္ဟမ္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးကလည္း စိတ္၀င္စားလာခဲ့ၿပီ ျဖစ္ပါတယ္။ ေဒါ့မြန္အေနနဲ႔ ဘယ္လင္ဟမ္ကို အနည္းဆံုး ယူရိုသန္း ၁၂၀ မရရင္ ေရာင္းခ်သြားမွာ မဟုတ္ပါဘူး။

ဗီလာကြင္းလယ္လူ နာကန္ဘူကို ေခၚယူလိုတဲ့ အသင္းေတြထဲမွာ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္က လည္း ပါ၀င္လာျပီ ဖစ္ပါတယ္။ နယူးကာဆယ္ဟာ ၂၇ ႏွစ္အရြယ္ ကစားသမားကို ေပါင္ ၁၅ သန္းနဲ႔ ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမ္းေနတာပါ။

ခ်ဲလ္ဆီး အသင္းဟာ ခ်ာလ္တန္လူငယ္ဂိုးသမား ဘယ္ဒယ္ကို ေခၚယူဖို႔ စိတ္၀င္စားလ်က္ရွိေနေၾကာင္း သိရပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ၁၇ ႏွစ္အရြယ္ၾကယ္ပြင့္ကို ေစာင့္ၾကည္မႈေတြ ျပဳလုပ္ေနၿပီး သူဟာ အနာဂတ္မွာ ေတာက္ပလာမယ့္ ၾကယ္ပြင့္အျဖစ္ မွတ္ယူလ်က္ ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူ ဗန္ဒီဘိခ္ကေတာ့ ေအးဂ်င့္ျဖစ္သူကို ဇန္န၀ါရီမွာ အသင္းသစ္ ရွာေဖြခိုင္းထားေၾကာင္း သိရပါတယ္။