ဒီနွေမှာ ချိန်ပါ ဖြစ်နေတဲ့ မန်ယူရဲ့ ပေါင် ၃၄ သန်း တန် ကွင်းလယ် ပစ်မှတ် ကစားသမားသစ်

ဒီနွေမှာ ချိန်လိုက်တိုင်း အခြားအသင်းထံ ပါသွားသလို ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ် ပစ်မှတ်သစ် တစ်ဦး ထပ်မံ ချိန်ရွယ်လိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်က စာချုပ်ဖျက်သိမ်းကြေးပေါင် ၃၄ သန်းတန်ကြေးရှိတဲ့ ပေါ်တိုကွင်းလယ်လူ ဗီတင်ဟာကို ခေါ်ယူဖို့ အလွန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်သားဟာ ၂၀၂၀ – ၂၁ ရာသီတုန်းက ဝုဗ်အသင်းမှာ အငှား လာကစားခဲ့သေးတာဖြစ်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသားဖြစ်ပါတယ်။

ကိုဗစ်အခြေအနေကြောင့် မဝယ်နိုင်တဲ့အနေအထားမှာ ဝုဗ်အသင်းက ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပြီး အခုတော့ နောက်တစ်ကြိမ် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပေါ်တူဂီ သတင်းဌာန တစ်ခုကတော့ ဗီတင်ဟာတစ်ယောက် ပြီးခဲ့တဲ့ရာသီက ပေါ်တိုကို ပြန်ခဲ့ပြီးနောက် အဓိကနေရာကနေ ပါဝင် ပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ သတင်းဌာနတစ်ခုကတော့ ဗီတင်ဟာရဲ့ တာဝန်ရှိသူတွေဟာ ယူနိုက်တက် ၊ ဘာစီလိုနာတို့နဲ့ တွေ့ဆုံခဲ့တယ် လို့ ဖော်ပြခဲ့ပါတယ်။ ပေါ်တိုအသင်း ဆုဖလား အောင်မြင်မှုရယူနိုင်ခဲ့ရာမှာ ဗီတင်ဟာက အဓိက နေရာကနေ ပါဝင်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ စွမ်းဆောင်ရည်ကြောင့် ဗီတင်ဟာတစ်ယောက် လာမယ့်နှစ်ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းအတွက် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ယခင်က ပေါ်တူဂီစတားတွေဖြစ်တဲ့ ရော်နယ်ဒို ၊ ဖာနန်ဒက်စ်နဲ့ ဒါလော့ တို့ကို ခေါ်ယူထားခဲ့သေးတာဖြစ်ပါတယ်။

ဗီတင်ဟာကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၄၇ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၄ ဂိုးသွင်း ၊ ၅ ဂိုး ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့အေးဂျင့်ဂျော့ချ်မန်ဒက်စ်ကတော့ ရော်နယ်ဒိုနဲ့အတူတူဖြစ်သလို ယူနိုက်တက်နဲ့ ရင်းနှီးတဲ့ အနေအထားမှာ ခေါ်ယူနိုင်ဖို့ အလားအလာများနေပါတယ်။

မန်စီးတီးနဲ့ လီဗာပူးတို့က နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားပြီးဖြစ်တာကြောင့် တန်ဟက်ကလည်း ကစားသမားသစ် ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘင်ဖီကာစတားကို နူနက်ဇ် ကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် လီဗာပူးက လက်ဦးမှု ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။