ဟာလန်းကို လက်မလျှော့သေးတဲ့ ရီးရဲလ်၊ ခေါင်းမာခန်း စလိုက်တဲ့ မန်ယူနည်းပြ တန်ဟက်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် တန်ဟက်ကတော့ သူ့ အဓိက ပစ်မှတ် ဒီဂျောင်ကို မရ မချင်း ဘယ် ကစားသမား သစ် မှ မခေါ်သေးဘူးလို့ ယတိပြတ် ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
အင်တာမီလန်ဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဒီဇီကိုနဲ့ ဆန်းချက်ဇ်တို့ကို ရောင်းထုတ်ဖို့ ပြင်ဆင် နေပါတယ်။ သူတို့နှစ်ဦးရဲ့ မြင့်မားတဲ့ လုပ်ခတွေကြောင့် အင်တာဟာ ဝိတ်လျှော့ဖို့ အတွက် ရောင်းထုတ်လိုနေတာပါ။
လီဗာပူးအနေနဲ့ အဓိက တိုက်စစ်မှူး ဆာလတ်ကို လာမဲ့နှစ်အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ ဆာလတ် က စာချုပ်ကုန်ချိန်မှာ ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဂျူဗင်တပ် က ဒီတစ်ပတ်အတွင်း အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာဆီက အဖြေကို အလိုရှိနေပါတယ်။ ဂျူဗင်တပ်အနေနဲ့ ဒီမာရီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ဖို့ ကမ်းလှမ်းထားခဲ့ပေမဲ့ ကစားသမား ဘက် က တွေဝေမှုတွေ ရှိနေတာပါ။
နော်ဝေ တိုက်စစ်ကြယ်ပွင့် ဟာလန်း က ဒီနွေမှာ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့ပေမဲ့ ရီးရဲတို့ကတော့ လက်မလျှော့ သေးပါဘူး။ ရီးရဲမက်ဒရစ် က ၂၀၂၄ ခုနှစ်ကျရင် စာချုပ်ဖျက်သိမ်းကြေးအတိုင်း ယူရိုသန်း ၁၅၀ ပေးပြီး မန်စီးတီး ထံကနေ ဟာလန်းကို ခေါ်သွားဖို့ ပြင်ဆင်နေကြောင်း AS သတင်းက ဖော်ပြထားပါတယ်။

ချဲလ်ဆီးအနေနဲ့ ဝုဖ်ဘယ်နောက်ခံလူ နော်ရီကို စိတ်ဝင်စားလျက်ရှိနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ အထင်ကြီးစရာ စွမ်းဆောင်ရည် ပြသခဲ့တဲ့ ၂၁နှစ်အရွယ် ကြယ်ပွင့်ကစားသမားကို ခေါ်ချင်ရင် ချဲလ်ဆီး ဟာ ပေါင် ၄၅ သန်း သုံးရဖွယ် ရှိနေပါတယ။် သူ့ကို မန်စီးတီးကလည်း ခေါ်ဖို့ ကြိုးပမ်းနေတာပါ။
မန်စီးတီးအနေနဲ့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ သူ့တို့ရဲ့ ကစားသမား ဇင်ချန်ကိုကို လက်လွှတ်ဖို့အတွက် ပြင်ဆင်ပြီးပြီ ဖြစ်တယ်လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ မန်စီးတီးဟာ ကူကူရယ်လာကို ခေါ်ယူပြီးတာနဲ့ ဇင်ချန်ကိုကို ရောင်းချသွားမှာပါ။ ဇင်ချန်ကိုကို အာဆင်နယ်နည်းပြ အာတီတာက ခေါ်ယူဖို့ ကြိုးပမ်း နေပါတယ်။
စပါးတိုက်စစ်ကစားမား ဘာဂ်ဝင်းဟာ နယ်သာလန်လိဂ်ကို ပြန်ပြောင်းနိုင်ဖို့ နီးစပ်နေပါပြီ။ လက်ရှိအချိန်မှာ ဘာဂ်ဝင်း အနေနဲ့ နယ်သာလန်ထိပ်သီးကလပ် အေဂျက်ဇ်ကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီး အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အေဂျက်ဇ်အနေနဲ့ ဇန်နဝါရီကတည်းက ဘာဂ်ဝင်ကိုခေါ်ဖို့ ပစ်မှတ်ထားခဲ့တာပါ။