တန်ဟတ် လက်အောက် အကျိုးအရှိဆုံး ဖြစ်မဲ့ ကစားသမား၊ ကာဗာနီ၊ ဒိုလေးတို့နဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ

အေဂျက် နည်းပြသစ် Alfred Schreuder ကတော့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အန်တိုနီနဲ့ ဂျူရီယန် တင်ဘာတို့ နှစ်ဦးလုံးကို ရောင်းချဖို့ အစီအစဉ် မရှိဘဲ အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်ကတ် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဘရန်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူနိုင်သေးခြင်း မရှိတဲ့ မန်ယူရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။ မန်ယူ ပစ်မှတ်ထားနေပေမဲ့ အဲရစ်ဆင်ကလည်း ပြောင်းလာဖို့ တွန့်ဆုတ် နေပါတယ်။

ဘိုင်ယန်မြူးနစ် အားကစား ဒါရိုက်တာ ဆာလီဟာမစ်ဇစ်က မန်ယူတိုက်စစ်မှုး စီရော်နယ်ဒိုကို ခေါ်ယူမယ်ဆိုတဲ့ သတင်း တွေကို ငြင်းဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ထိပ်တန်း ကစားသမားဖြစ်ကြောင်း၊ ဒါပေမဲ့ ဘိုင်ယန်နဲ့ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ပုံပြင်တွေက မမှန်ကြောင်း ဆာလီဟာဗစ်ဇစ်က ဖွင့်ဟခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဝက်စ်ဘရောင်းက အဲရစ်ဆင်ဟာ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ အကောင်းဆုံးပုံစံ ပြန်ရအောင် ကူညီပေးနိုင်မဲ့ ကစားသမားဖြစ်ကြောင်း၊ အဲရစ်ဆင်ဟာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲထားခဲ့တဲ့ ဥရုဂွေး ဝါရင့်တိုက်စစ်မူှး ကာဗာနီကိုခေါ်ယူဖို့ စိတ်ဝင်စား နေနပါတယ်။ ကာဗာနီဟာ မန်ယူနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခြင်း မရှိတာကြောင့် ဒီ နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ အသင်းပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

မန်ယူ နည်းပြသစ် တန်ဟတ်ရဲ့လက်အောက်မှာ အကျိုးအရှိဆုံးဖြစ်လာမဲ့ ကစားသမားဟာ တောင်ပံ ကစားသမား ဆန်ချိုဖြစ်ကြောင်း၊ ဆန်ချိုဟာ နေရာလွတ်တွေကို ရှာဖွေနိုင်ပြီး တန်ဟတ် လက်အောက်မှာ တိုးတက် လာမှာဖြစ်ကြောင်း ကစားသမားဟောင်း ဝက်ဘရောင်းက မှတ်ချက်ပြုခဲ့ပါတယ်။

ရီးရဲမက်ဒရစ်နည်းပြဟောင်း ဇီဒန်းက သူ့အနေနဲ့ ဘာသာစကားကြောင့် မန်ယူအသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့တယ် လို့ ထုတ်ဖော်ခဲ့ပါတယ်။ ဇီဒန်းက အင်္ဂလိပ် စကား ပြောနိုင်ပေမယ့် ဆရာကျလောက်အောင် လည်လည်ပတ်ပတ်တော့ မရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

မန်ယူကစားသမာဟောင်း ဂျွန်အိုရှေးက မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းအတွက် လိဒ်စ် ယူနိုက်တက် ကွင်းလယ်လူ ကီဗင်ဖီးလစ်၊ ချဲလ်ဆီး ကွင်းလယ်လူ ကန်တီ၊ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်တို့ကို ခေါ်ယူရမှာဖြစ်ကြောင်း၊ သူတို့ ၃ ယောက်ထဲက တစ်ယောက်ကို ရရင်တောင် မန်ယူဟာ များစွာ အင်အားတောင့်တင်းလာမှာ ဖြစ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။