ဘလွန်းဒီအော်ဆု မက်ဆီ ရသင့်တယ် ပြောခဲ့လို့ နေမာနဲ့ ဘာပေတို့ ငြိုငြင်တာခံနေရတဲ့ ပိုချက်တီနို
ပီအက်စ်ဂျီအသင်း နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကပဲ ဒီနှစ်အတွက် ဘလွန်းဒီအော်ဆုကို မက်ဆီပဲ ရသွားမယ်လို့ ပြောကြားခဲ့တဲ့နောက် သူ့အပေါ် အခြား ပီအက်စ်ဂျီ အသင်းသားတွေ ဖြစ်တဲ့ နေမာနဲ့အမ်ဘာပေတို့က မေးခွန်းထုတ်နေတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။
ဒီနှစ် ဘလွန်းဒီအော်အတွက် ဆန်ခါတင်ကစားသမားစာရင်း ထွက်ပေါ်လာပြီး မကြာခင်မှာတင် ပိုချက်တီနိုက မက်ဆီနဲ့ပတ်သက်လို့ –
“ကျွန်တော် မက်ဆီရဲ့နည်းပြမို့လို့ ဒီလိုပြောတာမဟုတ်ပါဘူး။ မက်ဆီက ဘလွန်းဒီအော်ဆုကို ဘာသံသယမှမရှိဘဲ ရသင့်ပါတယ်။ မက်ဆီရဲ့နောက်မှာတော့ လီဝန်ဒေါစကီးနဲ့ ရော်နယ်ဒိုတို့ရှိနေပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။
ပိုချက်တီနိုပြောကြားခဲ့တဲ့ နောက်ဆုံးကစားသမား (၃) ယောက်ထဲမှာ သူ့ရဲ့တပည့်ကျော်တွေဖြစ်တဲ့ နေမာရော၊ အမ်ဘာပေရော မပါဝင်ခဲ့ပါဘူး။
ပိုချက်တီနိုက “ကျွန်တော်က မက်ဆီကို ဘလွန်းဒီအော်ရမယ်ပြောလိုက်လို့ ပြဿနာတက်သွားပါသေးတယ်။ နေမာနဲ့ အမ်ဘာပေက ကျွန်တော့်ဆီလာပြီး ဘာလို့ သူတို့ရမယ် မပြောတာလဲ ဆိုပြီးတော့ပေါ့။
ဘာပဲဖြစ်ဖြစ် ပဲရစ်မြို့က ဘယ်ကစားသမားပဲရရ၊ ဒါက ကြီးကျယ်ခမ်းနားတဲ့ကိစ္စပဲလေ။ မဟုတ်ဘူးလား။ ဒါပေမယ့် မက်ဆီကတော့ ဘလွန်းဒီအော်နဲ့ ထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ZG
ပီအက္စ္ဂ်ီအသင္း နည္းျပ ပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကပဲ ဒီနွစ္အတြက္ ဘလြန္းဒီေအာ္ဆုကို မက္ဆီပဲ ရသြားမယ္လို႔ ေျပာၾကားခဲ့တဲ့ေနာက္ သူ႔အေပၚ အျခား ပီအက္စ္ဂ်ီ အသင္းသားေတြ ျဖစ္တဲ့ ေနမာနဲ႔အမ္ဘာေပတို႔က ေမးခြန္းထုတ္ေနတယ္လို႔ ဖြင့္ဟေျပာၾကားလာပါတယ္။
ဒီနွစ္ ဘလြန္းဒီေအာ္အတြက္ ဆန္ခါတင္ကစားသမားစာရင္း ထြက္ေပၚလာၿပီး မၾကာခင္မွာတင္ ပိုခ်က္တီႏိုက မက္ဆီနဲ႔ပတ္သက္လို႔ –
“ကြၽန္ေတာ္ မက္ဆီရဲ႕နည္းျပမို႔လို႔ ဒီလိုေျပာတာမဟုတ္ပါဘူး။ မက္ဆီက ဘလြန္းဒီေအာ္ဆုကို ဘာသံသယမွမရွိဘဲ ရသင့္ပါတယ္။ မက္ဆီရဲ႕ေနာက္မွာေတာ့ လီဝန္ေဒါစကီးနဲ႔ ေရာ္နယ္ဒိုတို႔ရွိေနပါလိမ့္မယ္” လို႔ ေျပာၾကားခဲ့တာပါ။
ပိုခ်က္တီႏိုေျပာၾကားခဲ့တဲ့ ေနာက္ဆုံးကစားသမား (၃) ေယာက္ထဲမွာ သူ႔ရဲ႕တပည့္ေက်ာ္ေတြျဖစ္တဲ့ ေနမာေရာ၊ အမ္ဘာေပေရာ မပါဝင္ခဲ့ပါဘူး။
ပိုခ်က္တီႏိုက “ကြၽန္ေတာ္က မက္ဆီကို ဘလြန္းဒီေအာ္ရမယ္ေျပာလိုက္လို႔ ျပႆနာတက္သြားပါေသးတယ္။ ေနမာနဲ႔ အမ္ဘာေပက ကြၽန္ေတာ့္ဆီလာၿပီး ဘာလို႔ သူတို႔ရမယ္ မေျပာတာလဲ ဆိုၿပီးေတာ့ေပါ့။
ဘာပဲျဖစ္ျဖစ္ ပဲရစ္ၿမိဳ႕က ဘယ္ကစားသမားပဲရရ၊ ဒါက ႀကီးက်ယ္ခမ္းနားတဲ့ကိစၥပဲေလ။ မဟုတ္ဘူးလား။ ဒါေပမယ့္ မက္ဆီကေတာ့ ဘလြန္းဒီေအာ္နဲ႔ ထိုက္တန္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။