ထူးခြားတဲ့ ကျောနံပါတ်နဲ့ လူကာကူ၊ တူချယ်ရှိရာ လာချင်တဲ့ ကင်ဘတ်ပီ၊ လူငယ်လေး ကိုးဝဲလ်နဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ
မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ နောက်ခံလူ အကီကို အစားထိုး ကစားသမား ရှာဖွေပြီးမှသာ ရောင်းချမှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ နောက်တန်းကို မဖြစ်မနေ အားဖြည့် ရမှာဖြစ်ပြီး သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်ချိတ်ဆက်နေတာပါ။

ပီအက်စ်ဂျီ နောက်ခံလူ ကင်ဘတ်ပီ က ချဲလ်ဆီးကို ပြောင်းရွှေ့ပြီး ဆရာဟောင်းဖြစ်သူ တူချယ်နဲ့ ပြန်လက်တွဲဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။ အသက် ၂၆နှစ် အရွယ် ကစားသမားကို ချဲလ်ဆီးကလည်း ပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။
ချဲလ်ဆီးလူငယ် ဗဟိုခံစစ်သမား ကိုးဝဲလ်ကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲ ဆောက်သမ်တန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက် လူငယ်လေးဟာ ပြီးခဲ့တဲ့ရာသီ ဟက်ဒါဖီးမှာ အငှား သွားကစားပြီး ခြေစွမ်းပြခဲ့တာကြောင့် ခေါ်ယူလိုတဲ့ ကလပ်တွေ ရှိနေပါတယ်။
ချဲလ်ဆီးက ဒီနွေ ဂျူဗင်တပ်ကနေ ထွက်ခွာလိုနေတဲ့ ဒီလစ်ကို ကြိုးစား ချိတ်ဆက်နေပြီး စီးရီးအေ ကလပ် ဘက်က ကမ်းလှမ်းမှုတွေကို လက်မခံသေးပေမယ့် ဂျူဗင်တပ် စီအီးအို ကတော့ အသင်းမှာ ဆက်မနေလိုတဲ့ ကစားသမားတွေကို ဇွတ် ထိန်းထားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆို လိုက်တာကြောင့် မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။
နည်းပြ တူချယ် က ပြီးခဲ့တဲ့ရာသီ လူကာကူနဲ့ အတူ စပါးပွဲ ကြည့်နေစဉ် နည်းပြ ကွန်တီထံ လက်ညှိုးထိုးပြီး ‘ ဟိုမှာ မင်း ဒယ်ဒီ ‘ လို့ စနောက်ခဲ့တဲ့ နောက်ပိုင်း လူကာကူနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့ကြောင်း သတင်း ထွက်လာပါတယ်။

အင်တာမီလန်သို့ အငှား ကစားဖို့ ပြန်ရောက်သွားတဲ့ လူကာကူက စီးရီးအေ ကလပ်မှာ ကျောနံပါတ် ၉ဝ ဝတ်ဆင် ကစားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ဂိုးသမား မန်ဒီက အသင်း ဒါရိုက်တာ ရာထူးကနေ နှုတ်ထွက်သားတဲ့ ဂိုးသမားဟောင်းကြီး ပီတာချက် အား နှုတ်ဆက် စကား တွစ်တာကနေ ဆိုသွားခဲ့ပါတယ်။ မန်ဒီက ပီတာချက် သင်ပြပေးခဲ့တာတွေ၊ ထရိန်နင်တွေနဲ့ အတူ ရှိခဲ့တဲ့ ကာလတွေ အတွက် ကျေးဇူးတင် အမှတ်ရနေမှာပါ လို့ ဆိုခဲ့တာပါ။