ဂိုးပြတ် အနိုင်နဲ့ စတဲ့ ရာသီကြို ခြေစမ်းပွဲ၊ စတာလင်၊ ဂနာဘရီ၊ ဒိုင်ဘာလာနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ်အသင်းရဲ့ ရာသီကြိုကာလ လေ့ကျင့်မှုနဲ့ ခြေစမ်းပွဲတွေက စတင်ပြီ ဖြစ်ပါတယ်။ ဂန်းနားတို့ဟာ မနေ့ညက အစ်ဝှစ်ချ်နဲ့ တံခါးပိတ်ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့ရာ ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ် အတွက် ပထမပိုင်းမှာ လီနို၊ ဘယ်လာရင်၊ ဘန်ဝှိုက်၊ မာရီ၊ ဆယ်ဒရစ်၊ပါတေး၊ မစ်လန်းနိုင်းလ်၊ လိုကွန်ဂါ၊ ပေပေ၊ နကီတီယာ၊ နယ်လ်ဆင်တို့ ကစားခဲ့ပြီး ဒုတိယပိုင်းမှာ စမစ်ရို့စ်၊ ဘာလိုဂန်၊ ဖလိုရက်စ်၊ ပါတီနိုတို့ ဝင် ကစားခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကို အန်ကယ်တီယာက ဟက်ထရစ်၊ လိုကွန်ဂါနဲ့ ဘာလိုဂန်တို့က သွင်းပေး ခဲ့တာပါ။

နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်တဲ့ ဒိန်းဂျုံးစ်က အာဆင်နယ်အနေနဲ့ မန်စီးတီး တိုက်စစ်ကစားသမား စတာလင်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး အနည်းငယ်သာ ရှိကြောင်း၊ အာဆင်နယ်အတွက် လစာကအဓိပြဿနာဖြစ်ပြီး သူတို့ဟာ ချဲလ်ဆီးနဲ့ပြိုင်ပေးပြီး မခေါ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အဆင်နယ်ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ဂနာဘရီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ မန်ယူဟာ စီရော်နယ်ဒိုရဲ့ နေရာကိုအစားထိုးဖို့ ဂနာဘရီကို ချိန်ရွယ်နေတာဖြစ်ပြီး အာဆင်နယ်ကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတာပါ။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကက်ကာရီနိုက အာဆင်နယ်က ဂျေဇူးကိုခေါ်ခဲ့တာက စပါးက ရီချာလီဆန်ကို ခေါ်တာထက် ပိုကောင်းတဲ့ ခေါ်ယူမှုဖြစ်ကြောင်း၊ ဂျေဇူးဟာ ရီချာလီဆန်ထက် ဂိုးတွေပိုသွင်းနိုင်မှာဖြစ်ကြောင်း၊ ဂျေဇူးဟာ ရီချာလီဆန်ထက်ပိုပြီး နေရာစုံ ကစားနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဂျူဗင်တပ်နဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒိုင်ဘာလာရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေဆဲပါ။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းကို ထပ်မံ အားဖြည့်ဖို့ ပြင်ဆင်နေပြီး ဒိုင်ဘာလာရဲ့ အေးဂျင့်ကို ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က သူ့အသင်းဟောင်းအနေနဲ့ နောက်ထပ် ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦး ထပ်ခေါ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ “အာဆင်နယ်ရဲ့ ကွင်းလယ်က ပိုပြီးဖန်တီးနိုင်ပြီး ဂိုးတွေ လိုအပ်နေပါသေးတယ်။ တိုင်လေမန့်စ်လို ကစားသမားမျိုးကို အာဆင်နယ်အနေနဲ့ ခေါ်ရမှာပါ”လို့ ကီဗင်ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

လိဒ်စ် ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ဟာအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ဖို့ စောင့်ဆိုင်းပြီး လိဒ်စ်မှာပဲ ဆက်နေမှာလို့ The Sun က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ရာဖင်ဟာကို ခေါ်ယူဖို့အပူတပြင်း ကြိုးပမ်းခဲ့ပေမဲ့ ရာဖင်ဟာကိုယ်တိုင်က ဘာစီလိုနာကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာပါ။ ဒါပေမဲ့ ဘာစီလိုနာဟာ ဘဏ္ဍာရေး အခြေအနေကြောင့် ရာဖင်ဟာအတွက် လိဒ်စ်တောင်းဆိုတဲ့ဈေးကို ပေေးချဖို့ ခက်ခဲနေပါတယ်။

မာဆေးနည်းပြ ဆမ်ပါအိုလီဟာ အဆာင်နယ်နောက်ခံလူ ဆာလီဘာကို မခေါ်ပေးလို့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ၆၂ နှစ်အရွယ်နည်းပြဟာ ပြီးခဲ့တဲ့ရာသီက မာဆေးကို အဆင့် ၂ နေရာရအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့တာပါ။ မာဆေးဟာ ဆာလီဘာကိုခေါ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အာဆင်နယ်ကိုယ်တိုင်က ရောင်းလိုခြင်း မရှိတာပါ။