ဂျော်ဂျင်ဟို၊ ဒီလစ်၊ ပါဗက်စ်၊ အိုဒွိုင်း၊ ရော်နယ်ဒို အတွက် သဘောထားနဲ့ ယနေ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ

ဂျော်ဂျင်ဟိုရဲ့ ချဲလ်ဆီးနဲ့ စာချုပ်ဟာ နောက်နှစ် နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး လန်ဒန်ကလပ်ကနေ ထွက်ခွာမယ့် သတင်းတွေ ထွက်ပေါ်နေပါတယ်။ အီတလီသားရဲ့ ဦးစားပေးက ချယ်ဆီးမှာ ဆက်နေဖို့ ဖြစ်တယ် လို့ အေးဂျင့် ဖြစ်သူက ဆိုထားပါတယ်။

ချဲလ်ဆီး က ဘိုင်ယန်မြူးနစ်နောက်ခံလူ ပါဗက်စ်ကို ခေါ်ယူဖို့ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ဆုရှင်ဟာ ညာနောက်ခံလူနေရာရော၊ ဗဟိုနောက်ခံလူနေရာမှာပါ ကစားနိုင်ပြီး ခံစစ်သမားတွေ ခေါ်ဖို့ စီစဉ်နေတဲ့ ချဲလ်ဆီးက ချိတ်ဆက်မှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

နယူးကာဆယ် အသင်းဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းနဲ့ လေဗာကူဆင် တိုက်စစ်ကစားမား မူဆာဒီယာဘီတို့ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတယ်လို့ 90min က ဖော်ပြထားပါတယ်။

ချဲလ်ဆီး တောင်ပံတိုက်စစ်သမား ဟာကင်ဇီယက်ချ်ကို တစ်ရာသီ အငှား ခေါ်ယူဖို့ စီးရီးအေကလပ် အေစီမီလန်အသင်း က ကလပ်ချင်း ပြောဆို ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးအဓိက ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် ခံစစ်မှုး ဒီလစ်ကို ခေါ်ယူရေးမှာ ဘိုင်ယန်မြူးနစ်က အပြိုင်အဆိုင် ဝင်ရောက် ကြိုးပမ်းလာပါတယ်။ ဒါပေမယ့် ဒီလစ် ကိုယ်တိုင်က ချဲလ်ဆီးထံ ပြောင်းဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို ကို ချယ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေက ခေါ်ယူချင်ပေမယ့် ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ပေါ်တူဂီသားကို ခေါ်ဖို့ထက် ခံစစ် ပစ်မှတ် ကစားသမားတွေနဲ့ မန်စီးတီး တိုက်စစ်သမား စတားလင်း ကို ပို ဦးစားပေး ကြိုးစားလိုနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ချီကာဂိုဖိုင်းယား အသင်းမှ ဂိုးသမား ဂပ်ဘရီရယ် ဆလွန်နီနာ ကို ယူရို ၁ဝ သန်းနဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပေမယ့် ပီတာချက် ရာထူးက နှုတ်ထွက်သွားတာကြောင့် အပြောင်းအရွှေ့က အပြီးသတ်နိုင်ပါ့မလား မသေချာတော့ဘူး ဖြစ်လာပါတယ်။