Ballon d’Or 2022 ဆုအတွက် ရေပန်းအစားဆုံး ကစားသမား (၃) ဦး စာရင်း
လာမယ့်လမှာ ပေးအပ် ချီးမြှင့်မယ့် Ballon d’Or 2022 အတွက် ရေပန်းအစားဆုံး ကစားသမား ၃ ဦးစာရင်း ထွက်ပေါ်နေပြီဖြစ်ပါတယ်။
ဒီနှစ်ပေးအပ်မယ့် Ballon d’Or ဆုဟာ ခါတိုင်းနှစ်တွေထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်နေပါတယ်။ အစောပိုင်းမှာ ချယ်ဆီးကစားသမားတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့ ပါဝင်ခဲ့သေးပေမယ့် လက်တလော ကြားသိလာရချိန်မှာတော့ သူတို့ နှစ်ဦးလုံး ထိပ်ဆုံး ၂ ဦး စာရင်းမှာ မပါခဲ့ပါဘူး။
Ballon d’Or ဆုကို ရရှိဖို့ အခွင့်အလမ်း အများဆုံး ကစားသမားတွေက ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာတို့ ဖြစ်နေတယ်လို့ သိရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ပြင်သစ်အသင်း အတွက် ပြန်လည် ရွေးချယ်ခံထားရသလို နေးရှင်းလိဂ်ဖလား ရအောင်လည်း ကူညီပေးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာဟာ ဂျော်ဂျင်ဟိုရဲ့ နေရာကို အစားဝင်နိုင်ခဲ့တယ်လို့ သိရတယ်။ ဘန်ဇီမာဟာ လာလီဂါမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေသူလည်း ဖြစ်ပါတယ်။
ကနဦးမှာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုက Ballon d’Or ကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပေမယ့် နံပါတ် ၄ နေရာထိ ဆင်းခဲ့သလို နံပါတ် ၅ နေရာမှာတော့ ဆာလာ ပါဝင်လာခဲ့တယ်လို့ သိရတယ်။
ယခုနှစ်ရဲ့ Ballon d’Or ကို ဘယ်သူက ရရှိသွားမလဲ ဆိုတာဟာ နောက်ဆုံးအချိန်ကျမှ သိရဖွယ် ရှိနေပြီး မဲအရေအတွက် တူညီနေမယ့် အနေအထားမှာပါ ရှိနေခြင်းကြောင့် အဲ့လို ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကိုပါ စဉ်းစားနေရတယ်လို့ သိရပါတယ်။
Ballon d’Or 2022 favourite
၁။ လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ)
၂။ ရော်ဘတ် လီဝမ်ဒေါစကီး (ဘိုင်ယန်မြူးနစ်)
၃။ ဘန်ဇီမာ (ရီးရဲလ် မက်ဒရစ်)
၄။ ဂျော်ဂျင်ဟို (ချယ်လ်ဆီး)
၅။ မိုဟာမက် ဆာလာ (လီဗာပူး)