ဆေးစစ်တော့မယ့် စတားလင်း၊ လူကာကူ ကို ဝေဖန်သူ၊ မန်ယူကို ကြိုကြသူများနဲ့ နံနက်ခင်း ဘောလုံး သတင်းများ

မန်ယူဂန္ထဝင် ကစားသမားဟောင်း ဝိန်းရွန်းနီအနေနဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ရွန်းနီဟာ အခုနှစ်နွေရာသီမှာ ဒါဘီအသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပြီးအသင်းဟောင်း ဒီစီယူနိုက်တက်ကို နည်းပြအဖြစ် ဆောင်ရွက်ဖို့ အစီအစဉ်ရှိနေပါတယ်။

ချယ်ဆီးဟာ မန်စီးတီး တိုက်စစ်သမား စတာလင်းကို ပေါင် ၄၇.၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ကစားသမားကို ဆေးစစ်ဖို့ အတွက် ဆက်လက် စီစဉ်နေပြီ ဖြစ်ပါတယ်။

ရိုးမားနည်းပြ မော်ရင်ဟိုအနေနဲ့ ပဲလေ့စ်တိုက်စစ်စားသမား ဇာဟာကို ခေါ်ယူလိုလျက်ရှိနေတယ်လို့ GOAL က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရိုးမားအနေနဲ့ ဇာဟာကို မခေါ်ခင်အသင်းကစားသမားတွေကို အရင်ဆုံး ရောင်းချရမှာ ဖြစ်ပြီး လာမဲ့ရက်သတ္တပတ်အတွင်း ချိတ်ဆက်မှု ပြုလုပ်သွားမှာပါ။

စီရော်နယ်ဒို ပါဝင်ခြင်း မရှိပေမဲ့လည်း မန်ချက်စတာယူနိုက်တက်ကို ထိုင်းပရိသတ်တွေက တစ်ခဲနက် အားပေး ခဲ့ကြပါတယ်။ မန်ယူဟ ထိုင်းနိုင်ငံမှာ လီဗာပူးနဲ့ ရာသီကြို ခြေစမ်းပွဲကစားမှာဖြစ်ပြီးစနေနေ့က ဘန်ဘောက်ကို ရောက်ရှိလာခဲ့တာပါ။ စီရော်နယ်ဒို မပါပေမဲ့ ဖာနန်ဒက်စ်၊ မက်ဂွဲရား၊ ဒီဂီယာ၊ ဆန်ချို၊ ရက်ဖို့ဒ် စတဲ့ မန်ယူရဲ့ ကြယ်ပွင့် ကစးသမားတွေ ပါဝင်လာခဲ့ပါတယ်။

မန်စီးတီးကြယ်ပွင့် ကစားသမား ဖိုဒန်အနေနဲ့ လက်ရှိ ရရှိနေတဲ့ လုပ်ခလစာ ၃ ဆနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင် နေပါတယ်။ ဖိုဒန်ဟာ လက်ရှိမှာတစ်ပတ်လုပ်ခ ပေါင် ၆ သောင်းခွဲသာရရှိပြီး စာချုပ်သစ်အရ တစ်ပတ် ပေါင် ၂ သိန်း ရရှိမယ်လို့ သိရပါတယ်။

လီဗာပူးနည်းပြ ကလော့က ဘင်ဖီကာနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ရဲ့ ခြေစွမ်းကို တော်တော်လေး အထင်ကြီးမိခဲ့ကြောင်း၊ အဲဒီပွဲတုန်းက နူနက်ဇ်ရဲ့ ခြေစွမ်းက အတော် ကောင်းမွန်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးဟာ ဥရုဂွေးတိုက်စစ်မူှး နူနက်ဇ်ကို ဘင်ဖီကာကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့ ဒီနွေမှာ ခေါ်ယူခဲ့တာပါ။

တိုက်စစ်မှုးသစ် ဟာလန်း ဟာ မန်ချက်စတာ စီးတီးမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစားမှာ ဖြစ်ကြောင်း မန်စီးတီးက မနေ့က တရားဝင် ကြေညာခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ဂါးလက်စ်က နောက်ခံလူ ဆာလီဘာအနေနဲ့ အာဆင်နယ်မှာ နေရာရဖို့အတွက်ဆိုရ်င် စိတ်ရှည်ရမှာဖြစ်ကြောင်း၊ ဆာလီဘာဟာ မာဆေးမှာ ခြေစွမ်းပြခဲ့ပေမဲ့ အာဆင်နယ်နဲ့ပရီးမီးယားလိဂ်ဟာ နောက်ထပ်အဆင့်တစ်ဆင့်မှာ ရှိကြောင်း၊ အာတီတာဟာ ဆာလီဘာကို တဖြည်းဖြည်းပဲ နေရာပေးမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒီကာနီယိုက ချဲလ်ဆီးကနေ အင်တာကို အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး လူကာကူဟာ ပွဲကြီးတွေမှာ ဘာမှ သုံးစားမရသူ လို့ ဝေဖန်လိုက်ပါတယ်။ ဒါက သူ့အမြင် မဟုတ်ဘဲ ပရီးမီးယားလိင်္ဂမှာ ကျင်လည်ခဲ့တဲ့ ၇ နှစ်တာ အချက်အလက်တွေကို ကြည့်ရင် သိနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။