ကပ္ပတိန် ဆက်လုပ်မယ့် မက်ဂွဲရား၊ ပါရီဒက်စ်၊ တိုက်စစ်ပစ်မှတ်၊ ဒိုလေးကိစ္စ တန်ဟက် မှတ်ချက်နဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
မန်ယူ ကွင်းလယ်လူ အန်ဒရက်စ် ပါရဲရားဟာ ဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဖူလ်ဟမ်နဲ့ ၂၀၂၆ခုနှစ်ထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ယူနိုက်တက်က ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀သန်း+အပိုဆုကြေး ပေါင်၃သန်းတို့ကို ရရှိသွားမှာပါ။
ရာသီကြို ခရီးစဉ် အတွက် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိနေတဲ့ မန်ယူနည်းပြ တန်ဟက်က စီ ရော်နယ်ဒိုနဲ့ ပတ်သတ်ပြီး ” အခု သူက ကျွန်တော်တို့နဲ့အတူ မရှိပါဘူး။ ဒါက သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ လာမယ့်ရာသီအတွက် ရော်နယ်ဒိုကိုပါ ထည့်သွင်းစီစဉ်ထားပါတယ်။ ဒါပါပဲ။ ” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် နည်းပြ တန်ဟက်က လာမယ့်ရာသီမှာ ဟယ်ရီ မက်ဂွဲရားကပဲ မန်ချက်စတာ အသင်းခေါင်းဆောင် တာဝန် ကို ဆက်ယူသွားမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒီဂျောင်ကို ခေါ်ယူဖို့ ခက်နေတဲ့ မန်ယူအသင်းဟာ အသင်းရဲ့ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ပီအက်စ်ဂျီမှ ပါရီဒက်စ်ကို စောင့်ကြည့်လာခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ လာဇီယိုဂိုးသမားဟောင်း သောမတ်စ်စထရာကိုရှာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီး တိုက်စစ်မှူးသစ် ဟာလန်းကတော့ လာမယ့် ရာသီမှာ ဘယ်အသင်းနဲ့ ရင်ဆိုင်ချင်ဆုံးလဲ လို့ မေးခွန်း ထုတ်ခံခဲ့ရရာ မန်ချက်စတာ ယူနိုက်တက်အသင်း လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၎င်းတို့ရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်နိုင်သေးတဲ့ စီ ရော်နယ်ဒိုကို ယခုအပတ်မကုန်ခင် အသင်းနဲ့ ပြန်လည်ပူးပေါင်းပေးဖို့ နောက်ဆုံးအကြိမ် သတိပေးမှု ပြုလုပ်ထားကြောင်း သိရပါတယ်။
မန်ယူအသင်းနောက်ခံလူ လင်ဒီလော့ဖ်ကတော့ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားမှာ မဟုတ်ပဲ ပုံမှန်နေရာ တစ်နေရာ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် တိုက်စစ်ကို အင်အားဖြည့်တင်းလိုနေသေးပြီး လိုက်ပ်ဇစ်မှ ပေါင် ၁၇ သန်းတန် လူငယ် တိုက်စစ်မှုး ဘရိုင်ယန် ဘရော့ဘီ ကို ခေါ်ယူမယ် သတင်းထွက်နေပါတယ်။