အမ်ဘာပေထက် ဘာစီလိုနာ အသင်းသား ဒမ်ဘီလီက အပုံကြီးသာတယ် လို့ ချီးကျူးလိုက်သူ
လက်ရှိ ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ ဂနာဘီ က ဘာစီလိုနာ တိုက်စစ် ကစားသမား ဒမ်ဘီလီက ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အမ်ဘာပေထက် အပုံကြီး ပိုကောင်းတယ်လို့ ဆိုလာပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဖော်တွေနဲ့ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ ဂန်းနားဟောင်း ဂနာဘီ က အခုလိုပဲ အံ့အားသင့်ဖွယ် ပြောကြားခဲ့တာပါ။
ဒမ်ဘီလီဟာ ဒဏ်ရာပြဿနာတွေနဲ့ အချိန်ပြည့်ရုန်းကန်နေရတဲ့ ကစားသမားဖြစ်ပြီး အမ်ဘာပေကတော့ ပီအက်စ်ဂျီနဲ့အတူ အကောင်းဆုံးတောက်ပနေပါတယ်။

ဒါပေမယ့်လည်း ဂနာဘီ ကတော့ “ဒမ်ဘီလီက အမ်ဘာပေထက် အများကြီး ပိုကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါကို ဘိုင်ယန်မြူးနစ် အသင်းဖော် သောမတ်စ်မူလာက “မင်း ဘာပြောလိုက်တာလဲ? ပိုကောင်းတယ် ဟုတ်လား? ငါသာ ဒမ်ဘီလီလို ဘောလုံးဆွဲပြေးတတ်ရင် ငါက ပိုကောင်းတာပေါ့ကွာ” လို့ ထပ်မံပြောကြားခဲ့သေးတာပါ။
နောက်ထပ် အသင်းဖော် ကင်မစ်ချ်ကလည်း ဒီဆွေးနွေးမှုအပေါ်မှာ “ဒမ်ဘီလီလား၊ နာဘရီလား ဒါမှမဟုတ် ကိုးမန်းလား ရွေးခိုင်းရင်တော့ ကျွန်တော်က ဂနာဘီ ဒါမှမဟုတ် ကိုးမန်းပါပဲ။ အဲ့ဒီ ဒမ်ဘီလီက စောင်တလွဲပါဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒမ်ဘီလီရော၊ အမ်ဘာပေရော နှစ်ယောက်လုံးက ပြင်သစ်အသင်းဖော်တွေဖြစ်ကြပြီး ဘယ်လိုပဲဖြစ်ဖြစ် ဒီဆွေးနွေးမှုတွေက ဟာသတစ်ခုထက်တော့ မပိုဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ZG
လက္ရွိ ဘိုင္ယန္ျမဴးနစ္မွာ ကစားေနတဲ့ ဂနာဘီ က ဘာစီလိုနာ တိုက္စစ္ ကစားသမား ဒမ္ဘီလီက ပီအက္စ္ဂ်ီ တိုက္စစ္ကစားသမား အမ္ဘာေပထက္ အပံုၾကီး ပိုေကာင္းတယ္လို႔ ဆိုလာပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းေဖာ္ေတြနဲ႔ ႐ိုက္ကူးခဲ့တဲ့ မွတ္တမ္း႐ုပ္ရွင္မွာ ဂန္းနားေဟာင္း ဂနာဘီ က အခုလိုပဲ အံ့အားသင့္ဖြယ္ ေျပာၾကားခဲ့တာပါ။
ဒမ္ဘီလီဟာ ဒဏ္ရာျပႆနာေတြနဲ႔ အခ်ိန္ျပည့္႐ုန္းကန္ေနရတဲ့ ကစားသမားျဖစ္ၿပီး အမ္ဘာေပကေတာ့ ပီအက္စ္ဂ်ီနဲ႔အတူ အေကာင္းဆုံးေတာက္ပေနပါတယ္။
ဒါေပမယ့္လည္း ဂနာဘီ ကေတာ့ “ဒမ္ဘီလီက အမ္ဘာေပထက္ အမ်ားႀကီး ပိုေကာင္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါကို ဘိုင္ယန္ျမဴးနစ္ အသင္းေဖာ္ ေသာမတ္စ္မူလာက “မင္း ဘာေျပာလိုက္တာလဲ? ပိုေကာင္းတယ္ ဟုတ္လား? ငါသာ ဒမ္ဘီလီလို ေဘာလုံးဆြဲေျပးတတ္ရင္ ငါက ပိုေကာင္းတာေပါ့ကြာ” လို႔ ထပ္မံေျပာၾကားခဲ့ေသးတာပါ။
ေနာက္ထပ္ အသင္းေဖာ္ ကင္မစ္ခ်္ကလည္း ဒီေဆြးေႏြးမႈအေပၚမွာ “ဒမ္ဘီလီလား၊ နာဘရီလား ဒါမွမဟုတ္ ကိုးမန္းလား ေ႐ြးခိုင္းရင္ေတာ့ ကြၽန္ေတာ္က ဂနာဘီ ဒါမွမဟုတ္ ကိုးမန္းပါပဲ။ အဲ့ဒီ ဒမ္ဘီလီက ေစာင္တလြဲပါဗ်ာ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
ဒမ္ဘီလီေရာ၊ အမ္ဘာေပေရာ ႏွစ္ေယာက္လုံးက ျပင္သစ္အသင္းေဖာ္ေတြျဖစ္ၾကၿပီး ဘယ္လိုပဲျဖစ္ျဖစ္ ဒီေဆြးေႏြးမႈေတြက ဟာသတစ္ခုထက္ေတာ့ မပိုဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။