နှလုံးသားက မန်ယူမှာ ဖြစ်လို့ မန်စီးတီးကို လုံး၀ ရွေးမှာ မဟုတ်ဘူး ပြောဆိုခဲ့တဲ့ စီ ရော်နယ်ဒို

မန်ယူကြယ်ပွင့်ဟောင်း ရော်နယ်ဒိုက အသင်း၏ ခါးသီးသောပြိုင်ဘက် မန်စီးတီးသို့ ယခုနှစ်နွေရာသီတွင် ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရော်နယ်ဒို၏ မန်စီးတီးနှင့် ပတ်သက်သော မှတ်ချက်စကားဟောင်းများ ပြန်လည်ပေါ်ထွက်လာကြောင်း ဗြိတိန်ထုတ် မေရာသတင်းစာက ဖော်ပြသည်။

ရော်နယ်ဒို၏ မှတ်ချက်စကားများကို ကြည့်ခြင်းဖြင့် ၎င်း၏ မန်စီးတီးသို့ အပြောင်းအရွှေ့မှာ အရာ ထင်လာဖွယ်မရှိကြောင်း ထိုသတင်းစာက ဖော်ပြသည်။

မန်စီးတီးသည် အဓိကတိုက်စစ်မှူးတစ်ဦးကို အဂွဲရိုး၏ နေရာတွင် အစားထိုးရန် ယခုနှစ်နွေရာသီတွင် ရှာဖွေနေသည်။ ရော်နယ်ဒိုကလည်း ဂျူဗင်တပ်ကို စွန့်ခွာလိုသည်။ လက်ရှိကိုဗစ်-၁၉ အခြေအနေကြောင့် ငွေကြေးထိခိုက်နေသဖြင့် ဂျူဗင်တပ်က ရော်နယ်ဒို၏ လစာကို ပေးချေရန် ခက်နေသည်။

ရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူသို့ ပြောင်းရွှေ့ရန် သတင်းထွက်နေသလို မြို့ခံပြိုင်ဘက် မန်စီးတီးသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်းလည်း ယမန်နေ့က သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ရော်နယ်ဒိုသည် ၂၀၁၃ တွင် မန်စီးတီးနှင့်ပတ်သက်၍ မှတ်ချက်စကားအချို့ကို ပြောဆိုခဲ့သည်။

“မန်စီးတီးကို မန်ယူထက်ပိုပြီး ဦးစားပေးရွေးချယ်ရမယ် ဟုတ်လား။ ကျွန်တော် ဘယ်တော့မှ မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်နှလုံးသားက မန်ယူမှာ ဖြစ်လို့ပါပဲ။ မန်စီးတီးမှာ ကစားဖို့ အရမ်း အရမ်းကို ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်ယူကြောင့်ပါ”ဟု ၂၀၁၃ တွင် မန်စီးတီးနှင့် ပတ်သက်သည့် ကောလာဟလများကို ရော်နယ်ဒိုက ရှင်းလင်းပြောဆိုခဲ့ဖူးသည်။

မန်စီးတီးသည် ဟာလန်း၊ ဟယ်ရီကိန်းစသော ကစားသမားများကိုခေါ်ယူရန်လည်း ချိတ်ဆက်နေသည်။

Zawgyi

မန္ယူၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒိုက အသင္း၏ ခါးသီးေသာၿပိဳင္ဘက္ မန္စီးတီးသို႔ ယခုႏွစ္ေႏြရာသီတြင္ ေျပာင္းေ႐ႊ႕ဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ ေရာ္နယ္ဒို၏ မန္စီးတီးႏွင့္ ပတ္သက္ေသာ မွတ္ခ်က္စကားေဟာင္းမ်ား ျပန္လည္ေပၚထြက္လာေၾကာင္း ၿဗိတိန္ထုတ္ ေမရာသတင္းစာက ေဖာ္ျပသည္။

ေရာ္နယ္ဒို၏ မွတ္ခ်က္စကားမ်ားကို ၾကည့္ျခင္းျဖင့္ ၎၏ မန္စီးတီးသို႔ အေျပာင္းအေ႐ႊ႕မွာ အရာ ထင္လာဖြယ္မရွိေၾကာင္း ထိုသတင္းစာက ေဖာ္ျပသည္။

မန္စီးတီးသည္ အဓိကတိုက္စစ္မႉးတစ္ဦးကို အဂြဲ႐ိုး၏ ေနရာတြင္ အစားထိုးရန္ ယခုႏွစ္ေႏြရာသီတြင္ ရွာေဖြေနသည္။ ေရာ္နယ္ဒိုကလည္း ဂ်ဴဗင္တပ္ကို စြန႔္ခြာလိုသည္။ လက္ရွိကိုဗစ္-၁၉ အေျခအေနေၾကာင့္ ေငြေၾကးထိခိုက္ေနသျဖင့္ ဂ်ဴဗင္တပ္က ေရာ္နယ္ဒို၏ လစာကို ေပးေခ်ရန္ ခက္ေနသည္။

ေရာ္နယ္ဒိုသည္ အသင္းေဟာင္း မန္ယူသို႔ ေျပာင္းေ႐ႊ႕ရန္ သတင္းထြက္ေနသလို ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးသို႔ ေျပာင္းေ႐ႊ႕ဖြယ္ရွိေၾကာင္းလည္း ယမန္ေန႔က သတင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚခဲ့သည္။

ေရာ္နယ္ဒိုသည္ ၂၀၁၃ တြင္ မန္စီးတီးႏွင့္ပတ္သက္၍ မွတ္ခ်က္စကားအခ်ိဳ႕ကို ေျပာဆိုခဲ့သည္။

“မန္စီးတီးကို မန္ယူထက္ပိုၿပီး ဦးစားေပးေ႐ြးခ်ယ္ရမယ္ ဟုတ္လား။ ကြၽန္ေတာ္ ဘယ္ေတာ့မွ မလုပ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္ႏွလုံးသားက မန္ယူမွာ ျဖစ္လို႔ပါပဲ။ မန္စီးတီးမွာ ကစားဖို႔ အရမ္း အရမ္းကို ခက္ခဲပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မန္ယူေၾကာင့္ပါ”ဟု ၂၀၁၃ တြင္ မန္စီးတီးႏွင့္ ပတ္သက္သည့္ ေကာလာဟလမ်ားကို ေရာ္နယ္ဒိုက ရွင္းလင္းေျပာဆိုခဲ့ဖူးသည္။

မန္စီးတီးသည္ ဟာလန္း၊ ဟယ္ရီကိန္းစေသာ ကစားသမားမ်ားကိုေခၚယူရန္လည္း ခ်ိတ္ဆက္ေနသည္။