ဆာလီဘာ၊ ချဲလ်ဆီး လူငယ်ကို ချိန်ရွယ်ခြင်း၊ ဂါဘရီရယ်၊ ဇင်ချန်ကိုတို့နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

စီးတီး ခံစစ်မှုး ဇင်ချန်ကိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်အသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘော တူညီချက် ရရှိဖို့ နီးစပ်နေသလို မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေကလည်း တိုးတက်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးလူငယ် ကစားသမား ကော်ဝဲလ်ကို ခေါ်ယူဖို့အတွက်လည်း စိတ်ဝင်စားလာပါတယ်။ ကော်ဝဲလ်ဟာ သူ့အတွက် နေရာမရှိနိုင်တဲ့ စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာဖို့ကြံရွယ်နေပြီး အာဆင်နယ်နည်းပြ အာတီတာက ၎င်းကို သဘောကျနေခဲ့တာါ။

တိုက်စစ်မှူးသစ် ဂျေဇူးရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေကို အာဆင်နယ် အသင်းဖော်တွေက သဘောကျနေတယ်လို့ Independent က ဖော်ပြထးပါတယ်။ ဂျေဇူးဟာ အာဆင်နယ်ကို ရောက်ရောက်ချင်းမှာပဲ အကျိုးပြုထားခဲ့ပြီး နုရင်ဘတ်နဲ့ပွဲမှာ ခြေစွမ်းပြကာ နှစ်ဂိုးသွင်းယူထားပါတယ်။

အပြောင်းအရွှေ့ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နို က ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေနဲ့ လာမယ့် ရက်ပိုင်းအတွင်း တောင်ပံ ကစားသမားသစ် ခေါ်ယူဖို့ မျှော်လင့်ရကြောင်းလို့ ဖော်ထုတ်ခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူ ဆာလီဘာဟာ တကယ်လို့ ရာသီသစ်မှာ ပွဲထွက်ခွင့်အတွက အာမခံချက်မရှိဘူးဆိုရင် အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုသွားမှာလု့ိ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ဆာလီဘာကို အက်သလက်တီကိုနဲ့ မာဆေးတို့က ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

အာဆင်နယ်အနေနဲ့ သူတို့ရဲ့ နောက်ခံလူ ဂါဘရီရယ်ကို ပေါင်သန်း ၅၀ ရရင်ရောင်းထုတ်သွားမှာဖြစ်တယ်လို့ The Independent က ဖော်ပြထားပါတယ်။ လက်ရှိမှာ ဂါဘရီရယ်ကို စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်က ခေါ်ယူဖို့ အဓိက ကြိုးပမ်းလျက် ရှိနေတာပါ။

လိုင်ယွန် က အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ပါကွာတာအတွက် ဈေးသိပ်မကိုင်တော့ဘဲ ဒီနွေရာသီမှာ အမှန်တကယ် ရောင်းချဖို့ ပြင်ဆင်နေပါတယ။် လိုင်ယွန်ဟာ ပါကွာတာအတွက်ပေါင် ၅၅ သန်းရရင် ရောင်းထုတ်မှာ ဖြစ်ပြီး သူ့ကို အာဆင်နယ် အပါအဝင်၊ ရိုးမား၊ နယူးကာဆယ်တို့ကလည်း ပစ်မှတ်ထားနေပါတယ်။