စတာလင် ရောက်လို့ ပျော်နေသူ၊ မလာတော့တဲ့ အကီ၊ မန်ယူဝင်ပါလာတဲ့ ဇီးယက်ချ်နဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး ပစ်မှတ်ထားချိတ်ဆက်ခဲ့သေးတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါစကီးကတော့ ဘာစီလိုနာ အသင်းထံ လာမယ့် ရက်ပိုင်းအတွင်း ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြထားပါတယ်။
ကော်နာ ဂလယ်ဟာ က ချယ်ဆီးကစားသမားသစ် ရာဟင်းစတာလင်ကို ကလပ်ရဲ့ လူငယ် ကစားသမားတွေအတွက် အတုယူစရာ ခေါင်းဆောင် တစ်ယောက် ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ အင်္ဂလန် အသင်းမှာ ခင်မင်ကြတာ ဖြစ်ပြီး ချယ်ဆီးအတွက် စတာလင် ယူလာပေးမယ့် အရည်အသွေးတွေကြောင့် ဂလယ်ဟာက စိတ်လှုပ်ရှားနေပါတယ်။

အေစီမီလန်တိုက်စစ်ကစားသမား လီယာအိုကို ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အေစီက သူတို့ရဲ့ကြယ်ပွင့်ကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။ အေစီမီလန်ဟာ လီယာအိုကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၅၀ အထိ ထည့်သွင်းဖို့ ကြိုးပမ်းနေပါတယ်။
ချဲလ်ဆီး တောင်ပံကစားသမား ဇီးယက်ချ်ကို မန်ချက်စတာ ယူနိုက်တက် က ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့ GiveMeSport က ဖော်ပြထားပါတယ်။ မော်ရိုကိုလက်ရွေးစင် တိုက်စစ်သမားဟာ စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာဖွယ် ရှိနေပြီး အေစီမီလန်က ချိတ်ဆက်နေခဲ့တာပါ။ ခုဆို မန်ယူကလည်း ဇီးယက်ချ်ရဲ့ အခြေအနေကိုကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။
မန်စီးတီးခံစစ်မှုး အကီဟာ ချဲလ်ဆီးထံ ပြန်လာဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ပေးထားခဲ့ပေမယ့် စီးတီး နည်းပြ ပက်ဂွာဒီယိုလာနဲ့ ဆွေးနွေး အပြီးမှာ မန်ချက်စတာမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီး ဂန္ထဝင်ကစားသမားကြီးနဲ့ နည်းပြဟောင်း လမ်းပတ်ကတော့ တောင်ပံ တိုက်စစ်ကစားသမားလေး ပူလီဆစ်ဟာ ခြင်္သေ့ပြာတို့အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေဆဲဖြစ်ပြီး ဒီနှစ်နွေအပြောင်းအရွှေ့မှာ ရောင်းချသွားခြင်း မပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

စတာလင်ကို ပေါင် ၄၇.၅သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် တူချယ်ဟာ သူ့ရဲ့ ရေရှည် တိုက်စစ်ရွေးချယ်စရာတွေနဲ့ ပတ်သက်လို့ ကျေနပ်နေပြီး ချယ်ဆီးထံ လူကာကူ ပြန်လာဖို့ဆိုတာ အတော်လေး မဖြစ်နိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း အော်စကာဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကနေ ဘရာဇီးလ်ကလပ် ဖလာမင်ကိုအသင်းဆီ ပြောင်းရွှေ့ကစားနိုင်ခြေ ရှိနေပါတယ်။ ဖလာမင်ဂိုဟာ ဘရာဇီးလ်သားအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ကစားသမားကလည်း အသင်းပြောင်းရွှေ့ချင်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ အခြေအနေကောင်းနေပါတယ်။