ဇင်ချန်ကို သဘောတူညီမှု ရခြင်း၊ အသင်းခေါင်းဆောင် ရာထူး၊ ဆာနေး၊ တိုင်လီမန်းစ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ် နည်းပြ အာတီတာက လာမယ့်ရာသီသစ်အတွက် အသင်းခေါင်းဆောင်ကို မကြေညာရသေးပေမဲ့ ရာသီကုန်တုန်းက အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်သွားခဲ့တဲ့ အိုဒီဂတ်ကပဲ ဆက်လက် တာဝန်ယူဖို့ မျှော်မှန်းထားပါတယ်။

တောင်ပံတိုက်စစ် ကစားသမားတစ်ဦးကို ရှာဖွေနေတဲ့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်စာရင်းထဲ ရှိနေသူဟာ ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ်ကစားသမား ဆာနေးဖြစ်တယ် လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ မန်စီးတီးကစားသမား ဇင်ချန်ကိုအား ခေါ်ယူရန် ပြောင်းရွှေ့ကြေးအပြင် ပုဂ္ဂိုလ်ရေး သဘော တူညီချက်ပါ ရရှိခဲ့ပြီဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ + အပိုဆုကြေး ပေါင်၂သန်းဖြစ်ပြီး ၄နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်ဂိုးသမားမက်တာနာက သူ့ကို အာဆင်နယ်မှာ အကူညီပေးဆုံးကစားသမားက နောက်ခံလူ ဟိုလ်ဒင်း ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဟိုလ်ဒင်းဟာ သူ့အတွက်အလွန်အားကိုးရကြောင်း၊ သူ အင်္ဂလန်မှာ ကား မရှိသေးတဲ့ အတွက် လေ့ကျင့်ရေးကွင်းကို ဟိုလ်ဒင်းက လိုက်ပို့ကြောင်း၊ သူ့အပေါ် ဟိုလ်ဒင်းက ဖော်ဖော်ရွေရွေဆက်ဆံကြောင်း မက်တာနာက ဆိုခဲ့ပါတယ်။

အာဆင်နယ် သတင်းထောက် ဘန်ဂျာကော့စ်က လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်ဟာ အာဆင်နယ်ကို အမြဲတမ်းပြောင်းရွှေ့ချင်ခဲ့တာဖြစ်ကြောင်း၊ တိုင်လေမန့်စ် အနေနဲ့ မိုနာကိုကို မပြောင်းခင်ကတည်းက အာဆင်နယ်ကို ရောက်လုနီးပါးဖြစ်ခဲ့ကြောင်း၊ လက်ရှိမှာလည်း အာဆင်နယ်ဟာ တိုင်လေမန့်စ်အတွက် လက်လျှော့သေးခြင်း မရှိကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဘူကာယို ဆာကာကို ကာလရှည်စာချုပ်ချုပ်ဖို့ အလေးအနက်ထား ကြိုးပမ်းနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းများကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဂါဘရီရယ် ဂျေးဆု ရဲ့အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမား အာဆင်နယ်အသင်းကို မပြောင်းရွှေ့ခင်မှာ ချဲလ်ဆီး အသင်းဘက်က အကြိမ်ကြိမ် ဆက်သွယ် ကမ်းလှမ်းခဲ့သေးတယ်လို့ ပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။