မက်ဆီကို ခေါ်ချင်တဲ့ မေဂျာလိဂ်ကလပ်၊ စပါးနောက်ခံလူသစ်၊ ဒီပေး၊ ကီပါတို့နဲ့ ညနေခင်း အပြောင်းအရွှေ့ သတင်းများ

စပါးအနေနဲ့ အဓိက ပစ်မှတ်ထားနေတဲ့ မစ်ဒယ်ဘရော့နောက်ခံလူ စပန့်စ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့ပါတယ်။ စပါးဟာ စပန့်စ်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သ်ကတမ်းချုပ်ဆိုခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ဂျက်စီလင်ဂတ်ကို မကြာခင်ခေါ်ယူနိုင်လိမ့်မယ်လို့ ဝက်စ်ဟမ်းအသင်းက ယုံကြည်နေ ပါတယ်။ လင်ဂတ်ကို နယူးကာဆယ်နဲ့ ဆောက်သမ်တန်တို့အပြင် မေဂျာလိဂ်ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေတာပါ။

အဲဗာတန်လူငယ်ကြယ်ပွင့်လေးဂေါ်ဒွန်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းက ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။

ချဲလ်ဆီးလူငယ်ကြယ်ပွင့် ဂယ်လ်မောအနေနဲ့ ရာသီသစ်မှာ နောက်ထပ်အငှားထွက်ကစားဖို့ ပြင်ဆင်နေပါတယ်။ ဂယ်လ်မောအနေနဲ့ ရာသီကြိုခြေစမ်းခရီးမှာတောင် ချန်လှပ်ခံရပြီးနောက် ချဲလ်ဆီးမှာ ဆက်နေဖွယ်မရှိတော့ပါဘူး။

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ စီးပွားရေးအမှုဆောင်ချုပ် အဆန်ဆီက သူတို့အနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးဂိုးသမားကီပါကို အငှါးခေါ်ယူဖို့ နာပိုလီအသင်းက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဘာစီလိုနာတိုက်စစ်ကစားသမား မန်းဖစ် ဒီပေးကို စပါးအသင်းက ပစ်မှတ်ထားနေခဲ့ပြီဖြစ်ပါတယ်။ မန်ယူ ပရိသတ်တွေကတော့ ဒီပေးကို ပြန်ခေါ်စေလိုနေကြတာပါ။

စီ ရော်နယ်ဒိုဟာ အက်သလက်တီကိုအသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖြစ်ဖို့ရှိနေတယ်လို့ စပိန်သတင်းတချို့က ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် အေတီကို ဖန်တွေကတော့ ခါးခါးသီးသီး ကြိုတင် ငြင်းဆန်နေကြပါပြီ။