ဘာစီလိုနာနဲ့ အမှုဆိုင်မယ့် နေမာ၊ ဒိုလေးနဲ့ မက်ဆီ ကြား ရွေးတဲ့ ဒီလစ်၊ ရှုံးပွဲတွေ့ အာဆင်နယ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ဟာ ဥရုဂွေးကလပ်နေစီယွန်နယ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ သူ့ရဲ့ကစားသမားဘဝ စတင်ရာအသင်းလည်းဖြစ်ပါတယ်။
အာဆင်နယ် အနေနဲ့ ဘရန်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ရာသီကြိုမှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိမှု ရပ်တန့်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ်ဟာ အဓိက ကစားသမားတွေအကုန်လုံးကို အနားပေးခဲ့ပြီး အန်ကယ်တီယာ၊ ဆယ်ဒရစ်၊ မက်တာနာ၊ မစ်လန်းနိုင်းလ်၊ အယ်လ်နီနီ၊ တာဗာရက်စ်၊ မာကွင်ဟို့စ်၊ နယ်လ်ဆင်တို့က ဦးဆောင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးကိုတော့ အန်ကယ်တီယာက သွင်းခဲ့ပါတယ်။
အေစီမီလန်ဟာ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီးယက်ချ်ကို ခေါ်ယူနိုင်ဖို့အတွက် အရှိန်မြှင့် ကြိုးပမ်း နေပါတယ်။ ချဲလ်ဆီးဟာ ၂၉ နှစ်အရွယ် ကစားသမား ဇီးယက်ချ်အတွက် ပေါင် ၈သန်းသာ အလိုရှိပေမဲ့ သူ့ရဲ့တစ်နှစ်လုပ်ခ ပေါင် ၅ သန်းကို အေစီမီလန်က ပေးချေဖို့ အခက်တွေ့နေပါတယ်။
ဘာစီလိုနာတောင်ပံ ကစားသမားသစ်ရာဖင်ဟာက လိဒ်စ်နည်းပြဟောင်း ဘီယက်ဆာက မိမိကိုများစွာ ကူညီ ပေးခဲ့သူဖြစ်ကြောင်း၊ ဘီယက်ဆာက တောင်းဆိုမှုမြင့်မားပြီး ကစားသမားတွေဆီကအမြင့်ဆုံးစွမ်းဆောင်ရည်ကိုပဲ လိုချင်သူဖြစ်ကြောင်း၊တကယ်လို့ ဘီယက်ဆာသာ မရှိခဲ့ရင် မိမိအနေနဲ့ ဒီနေ့လိုအချိန် ဘာစီလိုနာကိုတောင် ရောက်နေမှာမဟုတ်ကြောင်း ရာဖင်ဟာက ဖွင့်ဟခဲ့ပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာ က ကာတာ ကာမ္ဘာ့ဖလားမတိုင်ခင် တစ်လလောက်အလိုမှာ ဘာစီလိုနာကို လာရောက်ပြီး အခွန်ဆောင်မှုအတွက် ကြားနားမှု ပြုလုပ်ရမှာပါ။ စပိန်အခွန်အာဏာပိုင်တွေကဆန်တို့စ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ချိန်က နေမာအနေနဲ့ အခွန်ရှောင်ခဲ့မှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ရန် ကြိုးပမ်းနေပြီး ဒဏ်ကြေး ယူရို ၁၀ သန်းလည်း တောင်းဆိုထားပါတယ်။ အဲဒီအမှုအတွက် နေမာဟာ အောက်တိုဘာ (၁၇) ရက်နေ့မှာ ဘာစီလိုနာမှာ လာရောက် ကြားနာရမှာပါ။
မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတာနဲ့ ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်နောက်ခံလူသစ် ဒီလိုက်ချ်က “နှစ်ယောက်စလုံးက အံ့အားသင့်ဖွယ်ကစားသမားတွေဖြစ်ကြပြီး တစ်ယောက်တည်းကို ရွေးဖို့ခက်ပါတယ။် ကျွန်တော်က စီရော်နယ်ဒိုနဲ့ တွဲကစားဖူးတော့ စီရော်နယ်ဒိုလို့ပဲ ပြောရမှာပါ”လို့ ဖွင့််ဟခဲ့ပါတယ်။
မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီပိတ်ပွဲစဉ်က အမှတ်တရတချို့ကို ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။ အမှန်တော့ အဲဒီပွဲမှာ သူ့အနေဲ့ ပွဲထွက်မကစားရလို့ ဂွါဒီယိုလာကို ဒေါသထွက်ခဲ့ကြောင်း၊ သူတို့ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာ အနည်းငယ်ကံကောင်းခဲ့ကြောင်း ဂန်ဒိုဂန်က ဆိုခဲ့ပါတယ်။ မန်စီးတီးဟာ ရာသီပိတ်ပွဲစဉ်မှာ ဗီလာကို ၂ ဂိုးပြတ် အရေးနိမ့်နေရာမှဂန်ဒိုဂန်ရဲ့သွင်းဂိုးတွေနဲ့အတူ ပြန်လည် အနိုင်ရခဲ့တာပါ။
ရိုးမားနည်းပြ မော်ရင်ဟိုအနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းပြနေတဲ့ မန်ယူနောက်ခံလူ ဘိုင်လီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ မော်ရင်ဟိုကို ၂၀၁၆ ခုနှစ်မှာ ဘိုင်လီကို မန်ယူထံ ခေါ်ဆောင်လာခဲ့သူပါ။ မာတီနက်ဇ် ရောက်လာခဲ့ပြီးနောက် ဘိုင်လီဟာ လာမဲ့နှစ် မန်ယူမှာ ပုံမှန်နေရာရဖို့ မလွယ်ပါဘူး။