အဲရစ်ဆန် ဂိုးသွင်းတဲ့ ပွဲ၊ ရော်နယ်ဒိုနဲ့ အခြေအနေ၊ အန်တိုနီ၊ ဘိုင်လီတို့နဲ့ ယနေ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့က Wrexham အသင်းနဲ့ ကွင်းပိတ်ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။ ကစားသမားသစ် အဲရစ်ဆန်လည်း ဝင် ကစားခဲ့ပြီး ဖရီးကစ်ကနေ တစ်ဂိုး သွင်းခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုနဲ့ မန်ယူအသင်း ဆွေးနွေးမှုတွေမှာ အဖြေမထွက်ခဲ့သေးဘဲ လိပ်ခဲတည်းလည်း အခြေအနေသာ ရှိနေပါသေးတယ်။ ရော်နယ်ဒိဟာ ကလပ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေဆဲ ဖြစ်ပေမဲ့လည်း ပရိုဖက်ရှင်နယ် ပီသစွာပဲ အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းသွားမယ်လို့ သိရပါတယ်။
အင်္ဂါနေ့ လေ့ကျင့်ခန်း အစီအစဉ်မစတင်မီမှာ ရိုလ်နာဒိုဟာ ဘရာဇီးလ်သား အသင်းဖော်၊ ပေါ်တူဂီသား အသင်းဖော်တွေ အပြင် ကစားသမားသစ်အချို့နဲ့လည်း စကားပြောခဲ့ကြောင်း သိရပြီး အဲဒီနောက်မှာတော့ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အဝတ်လဲခန်းဟာ အပေါင်းလက္ခဏာဆောင်နေကြောင်းလည်း AS သတင်းဌာနက ဖော်ပြထားပါတယ်။

အေဂျက်စ်နည်းပြ အောဖရက် ရှရူဒါကတော့ မန်ယူအသင်းပစ်မှတ်ထားနေတဲ့ တိုက်စစ်ကြယ်ပွင့် အန်တိုနီကို လက်လွှတ်ရမဲ့အရေးအပေါ် စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ဆိုလိုက်ပါတယ်။ အေဂျက်စ်က ဘရာဇီးလ်သား ကို ကလပ်အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ထားပြီး မဖြစ်မနေ ရောင်းရမယ်ဆိုရင်လည်း ယူရိုသန်း ၁၀၀ ရမှသာ စဉ်းစားသွားမယ်လို့ သိရပါတယ်။

ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုဟာ မန်ယူအသင်းဆီက အဲရစ် ဘိုင်လီကို ခေါ်ယူပေးဖို့ ရိုးမားအသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။
ဘရာဇီးလ်ကလပ် ပဲလ်မီးရာစ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး အန်းဒရစ်ခ်ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေထဲမှာ မန်ယူအသင်းလည်း ပါတ်ငနေပါတယ်။ အသက် ၁၆ နှစ်သားလေးကို မန်ယူ၊ လီဗာပူးလ်၊ မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့က အပြိုင်စောင့်ကြည့်နေကြတာပါ။
ဘာစီလိုနာ ကွင်းလယ်ကစားသမားလေး ဖရန်ကီ ဒီဂျောင်ရဲ့ သဘောထားကတော့ အခုချိန်အထိ ပြောင်းလဲခြင်း မရှိသေးပါဘူး။ နယ်သာလန်သားလေးဟာ ဘာစီလိုနာအသင်းမှာသာ ဆက်ကစားလိုနေပြီး ထွက်ရမယ်ဆိုရင်လည်း မန်ယူအသင်းထက် ဘာယန်မြူးနစ်၊ ချဲလ်ဆီးအသင်းတွေဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။