လူသစ်တွေ ခြေစွမ်းပြ နိုင်ပွဲရခဲ့တဲ့ ပွဲ၊ ကူလီဘာလေကို ချီးကျူးမှု၊ တီမိုဗာနာ၊ ဖိုဖာနာ၊ ဘရိုဂျာတို့နဲ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီး အသင်းဟာ မနေ့ည က အီတလီမှာ ကစားခဲ့တဲ့ အူးဒီးနိစ် အသင်းနဲ့ ခြေစမ်းပွဲမှာ ၃-၁ နဲ့ အနိုင်ရခဲ့ပြီး နည်းပြ သောမတ်စ် တူချယ် အတွက် အတိုင်းအတာ တခု အထိ စိတ်အေးရစေနိုင်တဲ့ ခြေစွမ်းနဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ဂိုးတွေကို စတာလင်၊ မေဆန်မောင့်နဲ့ ကန်တေ တို့ တစ်ဂိုး စီ သွင်းယူခဲ့တာပါ။ ချယ်ဆီး ကစားသမားသစ်တွေ ဖြစ်တဲ့ စတာလင်နဲ့ ကူလီဘာလေတို့ နှစ်ဦးလုံး ဒီပွဲမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ကြပါတယ်။

ပွဲပြီး စွမ်းဆောင်ရည် Rating မှာ ၈ အထိ ရခဲ့တဲ ကူလီဘာလေနဲ့ ပတ်သတ်ပြီး တူချယ်က ” ကာလီဒူ ဟာ ချဲလ်ဆီး ပရိသတ်တွေဆီက ချီးကျူး သြဘာတွေနဲ့ ထိုက်တန်မှု ရှိပါတယ်။ သူဟာ အရမ်းကောင်းတဲ့ ခေါ်ယူမှု တရပ်၊ အရည်အသွေးကောင်း များစွာ ပိုင်ဆိုင်ထားတဲ့ ကစားသမား တယောက် ဖြစ်ပါတယ်။ ဒီနေ့မှာ သူ မိနစ် ၇၀ စာ ကစားနိုင်ခဲ့လို့ ကျွန်တော် ကျေနပ် ပျော်ရွှင်မိပါတယ်။ ” လို့ ချီးကျူးခဲ့ပါတယ်။

ဘာစီလိုနာရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေက မရပ်တန့်သေးဘဲ ချဲလ်ဆီး နောက်ခံလူ ၂ ဦး ဖြစ်တဲ့ ဆီဇာ အက်ဇ်ပီလီကွီတာ နဲ့ မားကိုစ့် အလွန်ဆို တို့ကို ချိတ်ဆက်ထား သလို ဘာဆာ ဥက္ကဌ လာပေါ်တာ ဟာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ရဲ့ အေးဂျင့် နဲ့လည်း တွေ့ဆုံ စကားပြောဆို ထားခဲ့တယ်လို့ သတင်း ထွက်ေနေပါတယ်။

ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဖိုဖာနာကို ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ လက်စတာဖက်က တုံ့ပြန်လိုက်ပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူး တီမို ဗာနာ ဟာ အသင်းဟောင်း လိုက်ပ်ဇစ် ထံ အငှား + အပြီးသတ် ဝယ်ယူခွင့် ပုံစံ နဲ့ ပြန်လည် ပြောင်းရွှေ့ဖို့ ရှိနေပြီး လန်ဒန် ကလပ်မှာ ရရှိနေတဲ့ လုပ်ခရဲ့ ထက်ဝက် ကိုသာ ရယူသွားဖို့လည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။

တီမိုဗာနာကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်လည်း ပါဝင်လာတယ် လို့ အံ့အားသင့်ဖွယ် သတင်း ထွက်နေပါတယ်။

ရီးရဲ မက်ဒရစ် ဟာ ဝါရင့် တိုက်စစ်မှူးကြီး ဘန်ဇီးမား ရဲ့ Backup အဖြစ် ချဲလ်ဆီး တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ကို စိတ်ဝင်စားလာခဲ့တယ်လို့လည်း သိရပါတယ်။