မန်ယူမှာ ပြန်ပါတော့မယ့် ဆာအဲလက်စ်၊ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ဒိုလေး၊ ပစ်မှတ်သစ်များနဲ့ ယနေ့ည မန်ယူ သတင်းတိုများ
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ဟာ အသင်း အမှုဆောင်သစ် ရစ်ချတ် အာနိုးလ် ရဲ့ ဖိတ်ခေါ်မှု အရ အသင်းဆီ ပြန်လည် လုပ်ကိုင်ဖို့ သဘောတူခဲ့တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။
ဆာအဲလက်စ် ဟာ ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်း ဘရိုင်ယန် ရော့ဘ်ဆင်၊ အမှုဆောင်ချုပ်ဟောင်း ဒေးဗစ်ဂီလ်၊ လက်ရှိ ဒါရိုက်တာ ဂျွန် မားတော့ဒ် တို့နဲ့အတူ အသင်းရဲ့ ဝါရင့် အကြံပေး အဖွဲ့မှာ ပါဝင်လာခဲ့တာလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို က ဒီည အက်သလက်တီကိုနဲ့ ပွဲမှာ ပါဝင်မှာ မဟုတ်ပေမယ့် လာမယ့် ဗယ်လက်ကာနို အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ အသင်းအတွက် ပြန်လည် ကစားပေးဖို့ ရှိနေကြောင်းကို “Sunday, the King plays” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြ သွားခဲ့ပါတယ်။

မန်ယူနိုက်တက် ဟာ ဒီကနေ့ ညနေမှာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ နော်ေ၀ မှာ ခြေစမ်းကစားမှာ ဖြစ်ပြီး မနက်ဖြန် ညမှာတော့ ဗယ်လက်ကာနို အသင်းနဲ့ ခြေစမ်းပွဲ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားသွားမှာပဲ ဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ကန်မယ့် ပွဲမှာ နည်းပြ တန်ဟတ် ဟာ စီ ရော်နယ်ဒို အပြင် လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ ဇီဒန်း အစ်ဘယ် နဲ့ ချာလီ ဆဗေ့ဂျ် တို့ကိုလည်း ထည့်သွင်း ကစားဖို့ ရှိတယ်လို့ သိရပါတယ်။
မန်ယူနည်းပြ အဲရစ်တန်ဟတ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေထဲမှာ လေဗာကူဆင်ကစားသမား မိုဆာဒီယာဘီလည်း ပါဝင်လာခဲ့ကြောင်း သတင်းထွက်လာပါတယ်။
မန်ယူက တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ဝုဖ်ကွင်းလယ်လူ နက်တိုကို မျက်စိကျနေတယ်လို့ Fichajes ကေ ဖာ်ပြထားပါတယ်။ မန်ယူဟာ အေဂျက်တောင်ပံကစားသမား အန်တိုနေးကို ခေါ်ယူဖို့ ခက်ခဲနေပြီးနောက် တခြား ပစ်မှတ်တွေဘက် မြားဦးလှည့်နိုင်ပြီး ၂၂ နှစ်အရွယ် ဝုဖ်ကြယ်ပွင့်ကို ချိန်ရွယ်လာခဲ့တာပါ။