ဆက်စ်ကို ခေါ်ယူရေး၊ တိုက်စစ်နည်းပြသစ်၊ ပယ်လစ္စထရီ ဒဏ်ရာနဲ့ ယနေ့ညနေခင်း မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ယူတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဒီကနေ့ ကစားမယ့် ဗယ်လာဒိုးလစ် နဲ့ ခြေစမ်းပွဲမှာ ပါဝင် ကစားပေး သွားမယ်လို့ နည်းပြကြီး အဲရစ် တန်တက်က အတည်ပြုခဲ့ပါတယ်။ ပွဲက ဒီတနင်္ဂနွေနေ့ည ၉နာရီခွဲ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကြမှာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘင်နီ မက္ကာသီ ကို ပထမ အသင်းရဲ့ တိုက်စစ်နည်းပြ အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက ကွင်းလယ်လူဒီဂျောင်အနေနဲ့ အသင်းမှာ ဆက်ရှိမလားဆိုတာနဲ့ ပတ်သတ်ပြီး “အသင်းမှာ သူဆက်ရှိမလားဆိုတာ ကျွန်တော် မသိပါဘူး။ အချိန်တွေကျန်နေသေးပြီး ဘာမဆိုဖြစ်သွားနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ ဒီဂျောင်ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေသေးတာပါ။

ပယ်လစ္စထရီ ဟာ ညက အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲမှာ ပွဲချိန် ၇၆ မိနစ်မှာ ဝင် ကစားခဲ့ပေမယ့် ထိခို က်သွားခဲ့တာကြောင့် နာကျင်အချိန်ပို ပထမ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။

ပွဲအပြီး တွစ်တာမှာ ပယ်လစ္စထရီ က ” ကျနော် အဆင်ပြေပါတယ်။ ပွဲထဲမှာ ခြေကျင်းဝတ် လည်သွားလို့ပါ။ ပွဲကို ပြီးအောင် မကစားလိုက်ရတာတော့ နာတာပဲ။ ဆက်လုပ်ကြမယ့်ဟေ့ မန်ယူနိုက်တက်ရေ။” လို့ သူ့ အခြေအနေကို ရေးသား အသိပေးခဲ့ပါတယ်။

အီတလီဘက်က သတင်းတွေ အရ နာပိုလီအသင်းဟာ ဒီနွေမှာ သူတို့ တိုက်စစ်ကို အင်အားမြှင့်ဖို့ စီ ရော်နယ်ဒို ကို ခေါ်ယူရေး စဉ်းစားလာကြောင်း သိရပါတယ်။

ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ မန်ဒက်စ်က နာပိုလီ အသင်း ဥက္ကဌ ဒီ လော်ရန်တစ်စ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါကြောင့် ဒီနှစ်ဦးက ရော်နယ်ဒို အပြောင်းအရွှေ့ ကိစ္စ ပြောဆို ဆွေးနွေးထားတယ် လို့ ယုံကြည်ရပါတယ်။

လူငယ် တိုက်စစ်မှူးလေး ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့အတွက် ရက်ဘူးဆဲဘတ်နဲ့ မန်ယူကြား ဆွေးနွေးမှုတွေ စတင်နေ ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ တရားဝင်ကမ်းလှမ်းမှုတော့ မရှိသေးပါဘူး။

ဝက်ဖို့ဒ်အသင်းဟာ မန်ယူ ညာစွန် ခံစစ်သမား အီသန် လာ့ဒ်ကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေကြောင်း The Athletic သတင်းက ဖော်ထုတ်လိုက်ပါတယ်။ အသက် ၂ဝ အရွယ် ကစားသမားလေးဟာ စီနီယာ အသင်းနဲ့ အတူ ၂ ကြိမ် ပါဝင်ကစားဖူးပြီး ပုံမှန် ပွဲကစားခွင့် ရလိုနေပါတယ်။