ပေါ့ဘာနဲ့ အတူ တွဲကစားချင်တယ်လို့ ထုတ်ပြော စည်းရုံးလိုက်တဲ့ လီဗာပူးအသင်းသားဟောင်း
ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်က အသင်းနဲ့ တရားဝင် မိတ်ဆက်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ လတ်တလော ကလပ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အသင်းဆီ ရောက်ရှိလာစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ ၂၀၁၆ခုနှစ်ကတည်းက နယူးကာဆဲလ်အသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြ ယာဂန်ကလော့ရဲ့ လက်အောက်မှာ အသင်းရဲ့အဓိက အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။
ဝိုင်နယ်ဒန်ဟာ လီဗာပူးလ်အသင်းနဲ့လည်း ချန်ပီယံလိဂ် ပရီးမီးယားလိဂ် အစရှိတဲ့ အဓိကဆုဖလားများစွာကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့တာဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ခါနီးမှာ အသင်းရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ပီအက်စ်ဂျီအသင်းဆီကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဝိုင်နယ်ဒန်ဟာ အသင်းသစ် ပီအက်စ်ဂျီနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ်(၁၈)ကို ဝတ်ဆင်ကာ အသင်းရဲ့ ကွင်းလယ်မှာ ဗာရက်တီ ပါရေဒက်စ် ဟာရဲရားတို့လို ကွင်းလယ်ကစားသမားတွေနဲ့ တွဲဖက်ကစားရတော့မှာဖြစ်သလို လတ်တလောမှာလည်း ပီအက်စ်ဂျီနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ World Class ကွင်းလယ်လူ ပေါ့ဘာနဲ့ပါ တွဲဖက်ကစားရဖွယ် ရှိနေပါတယ်။
ပေါ့ဘာနဲ့ပတ်သက်ပြီး ပြင်သစ်နာမည်ကျော် မီဒီယာကြီး RMC Sport ကနေ ဝိုင်နယ်ဒန်ကို မေးမြန်းလာခဲ့ရာ ၎င်းက – “ပေါ့ဘာက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော် သူနဲ့လည်း ပြိုင်ဘက်တွေအဖြစ် မကြာခဏဆိုသလို ရင်ဆိုင်တွေ့ဆုံခဲ့ရတယ်။
ရင်ဆိုင်ရတိုင်းမှာလည်း သူက ဘယ်လောက်အထိကို ကောင်းမွန်တဲ့ ကစားသမားမျိုးလဲဆိုတာ သိခဲ့ရတယ်။ ဒီလို ကစားသမားကို အသင်းတိုင်းက အလိုရှိကြမှာပါ။ ကျွန်တော်လည်း ပေါ့ဘာကို ကျွန်တော်တို့ဆီ ရောက်ရှိလာစေချင်တယ်။ ဘာကြောင့်လဲဆိုတာ့ သူက တကယ့်ကို ထိပ်တန်းကစားသမား ဖြစ်နေလို့ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ကြယ်ပွင့် ပေါ့ဘာကို အသင်းဆီ အရခေါ်ယူချင်နေပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားမြင့်တင်ချင်နေတာ ဖြစ်ပါတယ်။

ZG
ဒီႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ လီဗာပူးလ္အသင္းကေန ပီအက္စ္ဂ်ီအသင္းဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ နယ္သာလန္ ကြင္းလယ္ကစားသမား ဝိုင္နယ္ဒန္က အသင္းနဲ႔ တရားဝင္ မိတ္ဆက္မႈ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာ လတ္တေလာ ကလပ္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာကို အသင္းဆီ ေရာက္ရွိလာေစခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
နယ္သာလန္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ဝိုင္နယ္ဒန္ဟာ ၂၀၁၆ခုႏွစ္ကတည္းက နယူးကာဆဲလ္အသင္းကေန လီဗာပူးလ္ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး နည္းျပ ယာဂန္ကေလာ့ရဲ႕ လက္ေအာက္မွာ အသင္းရဲ႕အဓိက အေရးပါတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။
ဝိုင္နယ္ဒန္ဟာ လီဗာပူးလ္အသင္းနဲ႔လည္း ခ်န္ပီယံလိဂ္ ပရီးမီးယားလိဂ္ အစရွိတဲ့ အဓိကဆုဖလားမ်ားစြာကိုပါ သိမ္းပိုက္ရယူႏိုင္ခဲ့တာျဖစ္ေပမယ့္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္ခါနီးမွာ အသင္းရဲ႕ သက္တမ္းတိုး ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ကာ ပီအက္စ္ဂ်ီအသင္းဆီကိုသာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။
ဝိုင္နယ္ဒန္ဟာ အသင္းသစ္ ပီအက္စ္ဂ်ီနဲ႔ (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေက်ာနံပါတ္(၁၈)ကို ဝတ္ဆင္ကာ အသင္းရဲ႕ ကြင္းလယ္မွာ ဗာရက္တီ ပါေရဒက္စ္ ဟာရဲရားတို႔လို ကြင္းလယ္ကစားသမားေတြနဲ႔ တြဲဖက္ကစားရေတာ့မွာျဖစ္သလို လတ္တေလာမွာလည္း ပီအက္စ္ဂ်ီနဲ႔ သတင္းေတြ ထြက္ေပၚေနတဲ့ World Class ကြင္းလယ္လူ ေပါ့ဘာနဲ႔ပါ တြဲဖက္ကစားရဖြယ္ ရွိေနပါတယ္။
ေပါ့ဘာနဲ႔ပတ္သက္ၿပီး ျပင္သစ္နာမည္ေက်ာ္ မီဒီယာႀကီး RMC Sport ကေန ဝိုင္နယ္ဒန္ကို ေမးျမန္းလာခဲ့ရာ ၄င္းက – “ေပါ့ဘာက တကယ့္ကို အံ့အားသင့္စရာေကာင္းတဲ့ ကစားသမားတစ္ေယာက္ပါ။ ကြၽန္ေတာ္ သူနဲ႔လည္း ၿပိဳင္ဘက္ေတြအျဖစ္ မၾကာခဏဆိုသလို ရင္ဆိုင္ေတြ႕ဆုံခဲ့ရတယ္။
ရင္ဆိုင္ရတိုင္းမွာလည္း သူက ဘယ္ေလာက္အထိကို ေကာင္းမြန္တဲ့ ကစားသမားမ်ိဳးလဲဆိုတာ သိခဲ့ရတယ္။ ဒီလို ကစားသမားကို အသင္းတိုင္းက အလိုရွိၾကမွာပါ။ ကြၽန္ေတာ္လည္း ေပါ့ဘာကို ကြၽန္ေတာ္တို႔ဆီ ေရာက္ရွိလာေစခ်င္တယ္။ ဘာေၾကာင့္လဲဆိုတာ့ သူက တကယ့္ကို ထိပ္တန္းကစားသမား ျဖစ္ေနလို႔ပါပဲ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ျပင္သစ္ၾကယ္ပြင့္ ေပါ့ဘာကို အသင္းဆီ အရေခၚယူခ်င္ေနၿပီး အသင္းရဲ႕ ကြင္းလယ္ပိုင္းကို အင္အားျမင့္တင္ခ်င္ေနတာ ျဖစ္ပါတယ္။