ချဲလ်ဆီး ရလိုက်တဲ့ ဂိုးသမား ဆလိုနီနာ၊ တီမိုဗာနာ ဂယက်များ၊ ဒီဂျောင်၊ ကီပါတို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးအနေနဲ့ လိုက်ပ်ဇစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တီမိုဗာနာကို အမြတ်ထုတ်ပြီး လိုက်ပ်ဇစ်နောက်ခံလူ Gvardiol ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ချဲလ်ဆီးအနေနဲ့ ဗာနာနဲ့ အဆိုပါနောက်ခံလူကို အလဲအထပ်ပြုလုပ်ဖို့ ကြံရွယ်နေပြီး လိုက်ပ်ဇစ်က သူတို့ရဲ့ကြယ်ပွင့်ကို လက်လွှတ်လိုခြင်း မရှိပါဘူး။
ချဲလ်ဆီးအနေနဲ့ ပစ်မှတ်ထားနေတဲ့ ချီကာဂိုဖိုင်းယား ဂိုးသမား ဆလိုနီနာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက အတည်ပြုဖော်ပြထားပါတယ်။

ချဲလ်ဆီးဟာ အဆိုပါ ၁၈ နှစ်အရွယ် အမေရိကန်ကြယ်ပွင့် ဂိုးသမားအတွက် ကန်ဒေါ်လာ ၁၅ သန်းနဲ့ အပိုဆုကြေးတွေ ပေးချေမှာဖြစ်ပါတယ်။ ဆလိုနီနာအနေနဲ့ ချီကာဂိုဖိုင်းယား အသင်းမှာ ဆက်ကစားဦးမှာဖြစ်ပြီး ချဲလ်ဆီးကို ဇန်နဝါရီ ၁ရက်နေ့မှာ ပြောင်းရွှေ့လာမှာပါ။
ချဲလ်ဆီး ရဲ့ စပိန် ဂိုးသမား ကီပါ ကတော့ နာပိုလီ အသင်းထံ အငှား နဲ့ ပြောင်းရွှေ့ တော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဟာ ကီပါ ရဲ့ လုပ်ခ ကို ၇၅% အထိ ကူညီပေးချေ သွားမယ်လို့လည်း ကြားသိရပါတယ်။
ဖရန်ကီဒီဂျောင်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ ချဲလ်ဆီးအသင်းလည်း ပါဝင်လာပြီး ချဲလ်ဆီးဘက်က သူတို့ရဲ့ ကွင်းလယ်လူ အန်ဂိုလိုကန်တေကို စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေရင် ဒီဂျောင်ကို အရ ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ ဂျာမနီထိပ်သီး သတင်းစာ Blid ရဲ့ ဂျာနယ်လစ် Christian Falk က ဖော်ပြသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက တိုက်စစ်မှုး တီမိုဗာနာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ပြောဆိုနေကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ဗာနာ ကလည်း အင်္ဂလန် ပြင်ပမှာ ထွက်ကစားဖို့ ကြိုးစားနေပါတယ်။
နယူးကာဆယ် အသင်းကလည်း ချဲလ်ဆီး တိုက်စစ်မှူး တီမိုဗာနာ ကို အငှား ခေါ်ယူဖို့ ဆက်သွယ်လာခဲ့တယ်လို့ သိရှိရ ပါတယ်။