ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး ဂျေးဆု၊ အသင်းပြောင်း ချိတ်ဆက်နေတဲ့ မာရီ၊ လီနို၊ ဘာလိုဂန်တို့နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

စီးရီးအေ တန်းတက် အသင်းသစ် မွန်ဇာ ကတော့ အာဆင်နယ် နောက်ခံလူ ပါဘလို မာရီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရ ပါတယ်။ အသက် ၂၈ နှစ် အရွယ် စပိန် နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အူဒီနီးစ် အသင်းထံ အငှား နဲ့ သွားရောက် ကစားခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်သမား မာတင်နယ်လီက အသင်းဖော်တိုက်စစ်မှူး ဂျေးဆု ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ကြောင်း၊ ဂျေဇူးနဲ့ တွဲကစားရတဲ့အပေါ် ကျေနပ်မိပြီး သူက ဂျေးဆု ကို ဂိုး ဖန်တီးမှုများစွာ ပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်က အာဆင်နယ်ရဲ့ ဆီဗီလာကို ၆ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ခြေစမ်းပွဲရလဒ်ကို အံ့အားသင့် မိကြောင်း ဝန်ခံလိုက်ပြီး ဆီဗီလာကို အဲဒီလောက် ဂိုးပြတ် နိုင်ဖို့ မလွယ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ အပြောင်းအရွှေ့မှာ တံခါးဖွင့်ထားဆဲ ဆိုပေမဲ့ လက်ရှိ လူစာရင်း ကိုလည်း ကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်က ဈေးကွက်ထဲ ဆက်လက်လှုပ်ရှားနေကြောင်း၊ လူထပ်ခေါ်၊ မခေါ်ဘူးဆိုတာ တပ်အပ် မပြောနိုင်ကြောင်းလည်း အာတီတာက ဆိုခဲ့တာပါ။

တန်းတက် ဖူလ်ဟမ်အသင်း ဟာ အာဆင်နယ် ဂိုးသမား လီနို ကို ပေါင် ၈ သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့လည်း သတင်း ထွက်လာပါတယ်။

အာဆင်နယ် လူငယ်လေး ဘာလိုဂန် ဟာ ပြင်သစ် ကလပ် ရင်းစ် အသင်းထံ တရာသီ အငှားနဲ့ ပြောင်းရွှေ့မှု ပြုလုပ်ဖို့ အတွက် ဒီကနေ့ မှာ ဆေးစစ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်၊ ချဲလ်ဆီး၊ ဘာစီလိုနာ နဲ့ မိုနာကို ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် ကတော့ စီးရီး ဘီ ကလပ် ကိုမို အသင်းကို ပြောင်းရွှေ့ ကစားဖို့ အတွက် ဒီကနေ့မှာ အီတလီ ကို ရောက်ရှိလာမယ်လို့ သိရပါတယ်။