ကူကူရယ်လာကို ချိန်ရွယ်ခြင်း၊ တီမိုဝါနာ၊ စလိုနီနာ၊ ထရာအိုရေးတို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ

မန်စီးတီး ပစ်မှတ်ထားနေတဲ့ ဘရိုက်တန် ဘယ်စွန်ခံစစ်သမား ကူကူရယ်လာ ကို ချဲလ်ဆီးကလည်း ပစ်မှတ်ထား လာနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ အင်အားတိုးမြှင့်ဖို့အတွက် ဝုဗ် တောင်ပံ ကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတယ် လို့ သိရပါတယ်။

ချဲလ်ဆီး တိုက်စစ်မှုး တီမိုဝါနာအနေနဲ့ နယူးကာဆယ်ကို အငှားနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်လျက်ရှိနေပေမဲ့ သူ့ရဲ့လုပ်ခလစာ မြင့်မားမှုက အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ အဓိက အခက်အခဲဖြစ်နေပါတယ်။ ဝါနာရဲ့ တစ်ပတ်လုပ်ခဟာ ပေါင် ၂ သိန်း ၇ သောင်း အထိ ရှိပြီး အဆိုပါ ပမာဏကို နယူးကာဆယ်က ပေးချေဖို့ အခက်တွေ့နေပါတယ်။

ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ လာမယ့် အမေရိကန် ဂိုးသမား ဂါဘရီရယ် စလိုနီနာ ကတော့ လန်ဒန် ကို ရောက်ရှိ လာခဲ့ပြီး မကြာခင်မှာ ဆေးစစ်မှု ခံယူတော့မယ်လို့ သိရှိရပါတယ်။

အဲဗာတန် အသင်းကလည်း ချဲလ်ဆီး ရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး မစ်ချီ ဘတ်ရှုဝါရီ ကို အပြီးသတ် ခေါ်ယူဖို့ အတွက် လန်ဒန် ကလပ် နဲ့ ဆွေးနွေး ပြောဆို နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် တန်းတက် အသင်း ဖူလ်ဟမ် ဟာ ချဲလ်ဆီး နောက်ခံလူ မာလန်ဆား ကို အငှား + အပြီးသတ် နဲ့ ခေါ်ယူဖို့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီး၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ မိုနာကို ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် ကတော့ စီးရီးဘီ ကလပ် ကိုမို အသင်းကို ပြောင်းရွှေ့ ကစားဖို့ အတွက် ဒီကနေ့မှာ အီတလီ ကို ရောက်ရှိလာမယ်လို့ ကြားသိရပါတယ်။