ဘာစီလိုနာ နည်းပြသစ် အဖြစ် ခန့်ဖို့ မက်ဆီ ကိုယ်တိုင် ထောက်ခံချက် ပေးလိုက်သူ

ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ်မက်ဆီကတော့ သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာက နည်းပြ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် အသင်းဖော်ဟောင်း ဇာဗီကို ခန့်အပ်ဖို့ ထောက်ခံခဲ့ပါတယ်။

ဒီရာသီရလဒ်တွေ ဆက်တိုက်ဆိုးရွားလာခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညကပဲ ဘာစီလိုနာစာ ကိုးမန်းကို ရာထူးကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ ဘာကာဟာ ဒီရာသီ လာလီဂါ ၁၀ ပွဲကစားခဲ့ရာမှာ ၄ ပွဲသာ အနိုင်ရရှိထားပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာကို ရှုံးနိမ့်ခဲ့ပါသေးတယ်။

မနေ့ညက ရာယိုဗယ်လီကာနိုကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ ဘာကာဟာ ကိုးမန်းကို ချက်ချင်းထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကိုယ်တိုင်ကလည်း ဇာဗီကိုပဲ နည်းပြသစ်အဖြစ် အလိုရှိနေပြီး သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ မက်ဆီကလည်း ဇာဗီနဲ့အတူ နူးကမ့်မှာ ၁၁ နှစ်ကြာ တွဲကစားခဲ့ဖူးသူဖြစ်တာကြောင့် သူ့ရဲ့အသင်းဖော်ဟောင်းကိုပဲ ကိုးမန်းရဲ့နေရာမှာ အစားထိုးစေချင်နေတာပဲ ဖြစ်ပါတယ်။

ဇာဗီဟာ လက်ရှိ အယ်လ်ဆက်အသင်းကို တာဝန်ယူနေပြီး ဘာစီလိုနာကို ပြန်ဖို့အတွက်တော့ ဆော်ဒီ ကလပ်နဲ့ သဘောတူညီမှု မရရှိသေးပါဘူး။ ပြီးခဲ့တဲ့တစ်ပတ်က အင်တာဗျူးတစ်ခုမှာတော့ ဇာဗီကိုယ်တိုင်က ဘာစီလိုနာကို ပြန်ချင်ကြောင်းကို မကွယ်မဝှက်ဖွင့်ဟခဲ့ပါတယ်။

ဇာဗီက “ ကျွန်တော့်ပန်းတိုင်က ဘာကာကို နည်းပြခွင့်ရဖို့ပါ၊ ဒါကျွန်တော့်ရဲ့ အဓိကပန်းတိုင်၊ အိပ်မက်ပါ၊ ဒီကိစ္စကို ဘယ်တုန်းကမှ ကွယ်ဝှက်မထားခဲ့ပါဘူး။ တကယ်ဖြစ်မဖြစ်၊ သူတို့ ကျွန်တော့်ကို လို၊ မလို မသိသေးပေမယ့် အခုချိန်မှာတော့ အယ်လ်ဆက်နည်းပြအဖြစ်နဲ့ ပျော်ရွှင်နေပြီး ဒီအသင်းကို နည်းပြခွင့်ရလို့လည်း ဂုဏ်ယူမိပါတယ် ” လို့ ပြောဆိုထားခဲ့ပါတယ်။

ဇာဗီဟာ ဘာစီလိုနာရဲ့ နံပါတ် ၁ ပစ်မှတ်ဖြစ်ပေမယ့် ၄၁ နှစ်သားကို ချက်ချင်း ရာထူးပေးအပ်ဖို့တော့ မလွယ်သေးပါဘူး။ အဲ့ဒါကြောင့် လက်ရှိဘာကာဘီအသင်းရဲ့နည်းပြ ဆာဂျီဘာဟွမ်ကပဲ ကိုးမန်းရဲ့နေရာမှာ ယာယီ နည်းပြအဖြစ်နဲ့ အစား တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ZG

ပီအက္စ္ဂ်ီတိုက္စစ္မႉး လီယြန္နယ္မက္ဆီကေတာ့ သူ႔ရဲ႕အသင္းေဟာင္း ဘာစီလိုနာက နည္းျပ ေရာ္နယ္ကိုးမန္းကို ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္အျဖစ္ အသင္းေဖာ္ေဟာင္း ဇာဗီကို ခန္႔အပ္ဖို႔ ေထာက္ခံခဲ့ပါတယ္။

ဒီရာသီရလဒ္ေတြ ဆက္တိုက္ဆိုး႐ြားလာခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔ညကပဲ ဘာစီလိုနာစာ ကိုးမန္းကို ရာထူးကေန ဖယ္ရွားလိုက္တာ ျဖစ္ပါတယ္။ ဘာကာဟာ ဒီရာသီ လာလီဂါ ၁၀ ပြဲကစားခဲ့ရာမွာ ၄ ပြဲသာ အႏိုင္ရရွိထားၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလည္း ဘိုင္ယန္ျမဴးနစ္၊ ဘင္ဖီကာကို ရံႈးနိမ့္ခဲ့ပါေသးတယ္။

မေန႔ညက ရာယိုဗယ္လီကာႏိုကို ၁-၀ နဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္မွာေတာ့ ဘာကာဟာ ကိုးမန္းကို ခ်က္ခ်င္းထုတ္ပယ္လိုက္တာပဲ ျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌ လာေပၚတာကိုယ္တိုင္ကလည္း ဇာဗီကိုပဲ နည္းျပသစ္အျဖစ္ အလိုရွိေနၿပီး သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ ေဆြးေႏြးမႈေတြ စတင္ေနၿပီျဖစ္ပါတယ္။ မက္ဆီကလည္း ဇာဗီနဲ႔အတူ ႏူးကမ့္မွာ ၁၁ ႏွစ္ၾကာ တြဲကစားခဲ့ဖူးသူျဖစ္တာေၾကာင့္ သူ႔ရဲ႕အသင္းေဖာ္ေဟာင္းကိုပဲ ကိုးမန္းရဲ႕ေနရာမွာ အစားထိုးေစခ်င္ေနတာပဲ ျဖစ္ပါတယ္။

ဇာဗီဟာ လက္ရွိ အယ္လ္ဆက္အသင္းကို တာဝန္ယူေနၿပီး ဘာစီလိုနာကို ျပန္ဖို႔အတြက္ေတာ့ ေဆာ္ဒီ ကလပ္နဲ႔ သေဘာတူညီမႈ မရရွိေသးပါဘူး။ ၿပီးခဲ့တဲ့တစ္ပတ္က အင္တာဗ်ဴးတစ္ခုမွာေတာ့ ဇာဗီကိုယ္တိုင္က ဘာစီလိုနာကို ျပန္ခ်င္ေၾကာင္းကို မကြယ္မဝွက္ဖြင့္ဟခဲ့ပါတယ္။

ဇာဗီက “ ကြၽန္ေတာ့္ပန္းတိုင္က ဘာကာကို နည္းျပခြင့္ရဖို႔ပါ၊ ဒါကြၽန္ေတာ့္ရဲ႕ အဓိကပန္းတိုင္၊ အိပ္မက္ပါ၊ ဒီကိစၥကို ဘယ္တုန္းကမွ ကြယ္ဝွက္မထားခဲ့ပါဘူး။ တကယ္ျဖစ္မျဖစ္၊ သူတို႔ ကြၽန္ေတာ့္ကို လို၊ မလို မသိေသးေပမယ့္ အခုခ်ိန္မွာေတာ့ အယ္လ္ဆက္နည္းျပအျဖစ္နဲ႔ ေပ်ာ္႐ႊင္ေနၿပီး ဒီအသင္းကို နည္းျပခြင့္ရလို႔လည္း ဂုဏ္ယူမိပါတယ္ ” လို႔ ေျပာဆိုထားခဲ့ပါတယ္။

ဇာဗီဟာ ဘာစီလိုနာရဲ႕ နံပါတ္ ၁ ပစ္မွတ္ျဖစ္ေပမယ့္ ၄၁ ႏွစ္သားကို ခ်က္ခ်င္း ရာထူးေပးအပ္ဖို႔ေတာ့ မလြယ္ေသးပါဘူး။ အဲ့ဒါေၾကာင့္ လက္ရွိဘာကာဘီအသင္းရဲ႕နည္းျပ ဆာဂ်ီဘာဟြမ္ကပဲ ကိုးမန္းရဲ႕ေနရာမွာ ယာယီ နည္းျပအျဖစ္နဲ႔ အစား တာဝန္ယူသြားမွာ ျဖစ္ပါတယ္။