၈ ယောက်ရောင်းမယ့် ဂန်းနားများ၊ ကစားသမားသစ် ခေါ်ဖွယ် ရှိသေးခြင်း၊ ပေါမာဆန် ခန့်မှန်းနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင် ကစားသမား ၈ ယောက်ထိ ရှင်းလင်းလိုနေပြီး ရောင်းထုတ်လိုတဲ့ ကစားသမားတွေထဲမှာ ကွင်းလယ် ကစားသမား ပီပီကိုပါ ထည့်သွင်းထားပါတယ်။

ချဲလ်ဆီးအသင်းဟာ အာဆင်နယ် တိုက်စစ်မှုး ဟောင်း ဖြစ်ပြီး လက်ရှိ ဘာစီလိုနာမှာ ကစားနေတဲ့ တိုက်စစ်မှုး အူဘာမီးယန်းကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာကြောင်း အပြောင်းအရွှေ့ ဂုရုသတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။

အာဆင်နယ် ကစားမားဟောင်း ဖာဘရီဂတ်စ်က လာမဲ့ရာသီမှာ အာဆင်နယ်ကို စောင့်ကြည့်ရမှာ စိတ်လှုပ်ရှားဖွယ် ကောင်းမှာဖြစ်ကြောင်း၊ လက်ရှိမှာ အာတီတာနဲ့ အီဒူးတို့နှစ်ယောက် စလုံးရဲ့လုပ်ဆောင်ချက်တွေက ကောင်းမွန် နေကြောင်း၊ တစ်ခါတစ်လေ ပရောဂျက်တစ်ခုဟာ တစ်ရက်၊ နှစ်ရက်နဲ့ မပြီးဆုံးဘဲ အချိန်ပေးရကြောင်း ဖွင့်ဟခဲ့ပါတယ်။

အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေက မပြီးဆုံးသေးကြောင်း၊ သြဂုတ်လအတွင်းမှာ အာဆ်ငနယ်အနေနဲ့ အလုပ်ရှုပ်ဦးမှာဖြစ်ပြီး ကစားသမား တစ်ယောာက်၊ နှစ်ယောက်လောက် ထပ်ရောက်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်က မနက်ဖြန် သောကြာနေ့ည ၁နာရီခွဲမှာ ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ခရစ္စတယ်ပဲလေ့စ် အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ထိုပွဲမှာ အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရမယ်လို့ ဂုရုကြီး ပေါမာဆန်က ဟောကိန်း ထုတ်ထားပါတယ်။