ဂျော်ဂျင်ဟို သွင်းဂိုးနဲ့ နိုင်ပွဲ၊ အလွန်ဆို အထွက် အတည်ပြုမှု၊ အိုဒွိုင်း၊ ဖိုဖာနာတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ သွား ကစားရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ချဲလ်ဆီး ကတော့ ဂျော်ဂျင်ဟိုရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အဲဗာတန် ကို အနိုင်ရကာ တာထွက်လှပခဲ့ပါတယ်။

ထိုပွဲမှာ နည်းပြ တူချယ်က နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို စတင် အသုံးပြုသွားခဲ့ကြပါတယ်။ တူချယ်က ရာဟင်း စတာလင်၊ ကူလီဘာလီတို့ကို ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် စပေးသွားခဲ့ပြီး ရောက်လာတာ ၂ရက်ပဲ ရှိသေးတဲ့ မာ့ခ်ကူကူရယ်လာကိုလည်း ဒုတိယပိုင်းမှာ လူစားလဲ သုံးသွားခဲ့ပါတယ်။

လက်စတာအနေနဲ့ ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းကို ပစ်မှတ်ထား နေပါတယ်။ လက်စတာဟာ အပြောင်းအရွှေ့ မပိတ်သိမ်းခင် အိုဒွိုင်းကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီအပြောင်းအရွှေ့က ချဲလ်ဆီးက ဖိုဖာနာကို ခေါ်နေတာနဲ့ပ တ်သက်ပြီး ဆက်နွယ်မှုမရှိုဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ မားကို့စ်အလွန်ဆိုအနေနဲ့ ဘာစီလိုနာအသင်းထံပြောင်းရွေ့ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ချဲလ်ဆီးအသင်းနည်းပြ တူချယ်လ်က ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာ ဟာ အလွန်ဆို ကို ယူရို ၁၀ သန်း အောက် လျော့နည်းတဲ့ ပမာဏ နဲ့ ခေါ်ယူသွားမယ်လို့ သိရှိရ ပါတယ်။

အလွန်ဆိုအနေနဲ့ မနေ့က ကစားခဲ့တဲ့ အဲဗာတန်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိဘဲ ဒီနွေရာသီအပြောင်းအရွေ့အတွင်းမှာပဲ အလွန်ဆိုအနေနဲ့ နူးကမ့်ကို ပြောင်းမယ့် သတင်းတွေကလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့တာပါ။

ချဲလ်ဆီးဟာ သောကြာနေ့က လက်စတာနောက်ခံလူ ဖိုဖာနာအတွက် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။ လက်စတာက သူတို့ရဲ့ကြယ်ပွင့် ကစားသမားကို ဒီနွေမှာရောင်းချသွားဖို့ လုံးဝအစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ ချဲလ်ဆီးဟာ ဖိုဖာနာ အတွက် ထပ်မံကြိုးပမ်းဦးမှာပါ။